
လုပ်ငန်းခွင်စာနာမှုက ခေါင်းဆောင်မှု၊ ကုန်ထုတ်စွမ်းအားနဲ့ အမြတ်အစွန်းကိုမြှင့်တင်ပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ “စာနာမှု”ဆိုတဲ့ သေးငယ်တဲ့ စကားလုံးတလုံးရဲ့စွမ်းအားနဲ့ သူ့ရဲ့ အလုပ်အကိုင်စိတ်ကျေနပ်မှု၊ လုပ်ငန်းခွင်စိတ်အားထက်သန်မှုနဲ့ကုန်ထုတ်စွမ်းအားတို့အပေါ် ဘယ်လိုဩဇာသက်ရောက်မှုရှိသလဲဆိုတာသင်စဉ်းစားဖူးပါသလား။ ပထမဆုံး ခေါင်းဆောင်မှုနဲ့ စာနာမှုက ဘယ်လိုသက်ဆိုင်သလဲဆိုတာသင်တွေးမိနေပါလိမ့်မယ်။ လုပ်ငန်းခွင်စာနာမှုကို ခေါင်းဆောင်မှုအတွက် အဓိကကျတဲ့ကိရိယာတခုအဖြစ် တဖြည်းဖြည်းအသိအမှတ်ပြုလာကြပြီး ကမ္ဘာလုံးဆိုင်ရာဈေးကွက်မှာ Hard Skills လိုပဲ အရေးကြီးတယ်လို့ ဆိုကြပါတယ်။သုတေသနပြုချက်များအရ စာနာမှုက ခေါင်းဆောင်မှုစွမ်းရည်နဲ့ဝန်ထမ်းဆက်ဆံရေးကိုမြှင့်တင်ပေးပြီး ဝန်ထမ်းစိတ်ကျေနပ်မှု၊ ဆန်းသစ်တီထွင်မှု၊ကုန်ထုတ်စွမ်းအားနဲ့ ကုမ္ပဏီအမြတ်အစွန်းပုံစံနဲ့ လုပ်ငန်းခွင်အတွင်းမှာ ပြန့်နှံ့သွားကြောင်းပြသခဲ့ပါတယ်။
စာနာမှုကို ဘယ်လိုကျင့်သုံးမလဲ
စာနာမှု၊ ကရုဏာ၊ ယုံကြည်မှု၊ ဆက်သွယ်မှုနှင့် ကြင်နာမှု စတဲ့ Soft Skill များကို အားနည်းတယ်၊အရည်အချင်းမရှိဘူးစသဖြင့် Hard skill များနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများထက်တန်ဖိုးနည်းတယ်လို့ အယူအဆမှားတွေက အခုထက်တိုင် ဆက်လက်ရှိနေဆဲဖြစ်နေပါတယ်။ Soft Skill တွေက အမြတ်အစွန်းကို ထိခိုက်စေတယ်ဆိုပြီး Hard Skill တွေကိုပဲ ဦးစားပေးတဲ့ခေါင်းဆောင်တွေဟာ သူတို့ကိုယ်တိုင်အတွက် အမှန်တကယ် အကျိုးမဖြစ်ထွန်းစေဘူးလို့ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေတ်မီလုပ် ငန်းခွင်မှာအောင်မြင်ဖို့အတွက် Soft Skill တွေဟာ မရှိမဖြစ် လိုအပ်လာလို့ပါပဲ။
စာနာမှုရဲ့ စွမ်းအား
Soft Skill တွေထဲကမှ အထူးသဖြင့် စာနာမှု (Empathy) ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်။ပထမအချက်ကတော့အမြင် ကျယ်စေတာပဲဖြစ်ပါတယ်။ တခြားသူတစ်ယောက်ရဲ့ရှုထောင့်ကနေ ခဏလောက် တွေးကြည့်နိုင်စွမ်းက ကိုယ့်ရဲ့ ကျဉ်းမြောင်းတဲ့ အတွေးတွေနဲ့အလျင်စလို ဆုံးဖြတ်မှုတွေကနေ လွတ်မြောက်စေပါတယ်။ ဒါက ကိုယ့်ရဲ့ ပြင်းထန်တဲ့ခံစားချက်တွေကို လျော့ပါးစေပြီး ပဋိပက္ခတွေနဲ့ ခက်ခဲတဲ့ အခြေအနေတွေကို ပိုမိုနူးညံ့တဲ့နည်းလမ်းနဲ့ ချဉ်းကပ်နိုင်စေပါတယ်။
ဒုတိယအချက်ကတော့ စိတ်ခံစားမှုမှ ရည်ရွယ်ချက်ဆီကို ကူးပြောင်းနိုင်ခြင်းပါပဲ။စိတ်ပျက်အားငယ်နေချိန်၊ ဒေါသထွက်နေချိန် ဒါမှမ ဟုတ် မကျေနပ်တဲ့အခါ တခြားသူရဲ့အမြင်ကို မြင်နိုင်စွမ်းက ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကြောင့် ပိတ်ဆို့ခံထားရတတ်ပါတယ်။ ဒါပေမဲ့တ ခြားသူရဲ့ ရှုထောင့်ကို မြင်အောင် ကြိုးစားတာက စိတ်ခံစားမှုသက်သက် တုံ့ပြန်မှုကနေရည်ရွယ်ချက်ရှိရှိ တုံ့ပြန်မှုဆီကို ပြောင်းလဲဖို့အ တွက် အစွမ်းထက်တဲ့ ကိရိယာတစ်ခုပါပဲ။ဥပမာအနေနဲ့၊ စားသောက်ဆိုင်က ဝန်ထမ်းတစ်ယောက်က ဝန်ဆောင်မှုမကောင်းရင်စိတ်တိုဒေါသထွက်မိမှာပါ။ ဒါပေမဲ့ သူက ကလေးတစ်ယောက်တည်းနဲ့ ရုန်းကန်နေရတဲ့မိခင်တစ်ဦးဖြစ်ပြီး သူ့ကလေးငယ်လေး ကျန်းမာရေးမကောင်းဘူးဆိုတာ သိလိုက်ရတဲ့အခါသင့်ရဲ့ ဒေါသကနေ စာနာမှုအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ ဒါက သူ့ရဲ့ အပြုအမူတွေကိုပိုမိုနား လည်ပေးနိုင်ပြီး ဝန်ဆောင်မှုမကောင်းပေမဲ့တောင် စေတနာနဲ့ ဘောက်ဆူးပေးဖို့တောင်ဖြစ်သွားနိုင်ပါတယ်။
လုပ်ငန်းခွင်မှာ စာနာမှုရဲ့ အကျိုးကျေးဇူးများ
လုပ်ငန်းခွင်မှာလည်း ဒီသဘောတရားအတိုင်းပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ကျွန် တော်တို့ မသိနိုင်ပါဘူး။ ဒါကြောင့်ဝန်ထမ်းတွေ အမှားလုပ်မိတာ ဒါမှမဟုတ် လက်မခံနိုင်တဲ့ အပြုအမူတွေ ပြသတဲ့အခါ စာနာမှုကအလွန်ထိရောက်တဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာကို သင်ဘယ်တော့မှမသိနိုင်ပေမဲ့ စာနာမှုက သင့်ရဲ့ ရုတ်တရက် တုံ့ပြန်မှုတွေကို ထိန်းချုပ်ပေးပြီး ပိုမိုသင့်လျော်တဲ့၊ပရော်ဖက်ရှင်နယ်ဆန်တဲ့ ပုံစံနဲ့ တုံ့ပြန်နိုင်စေပါတယ်။လုပ်ငန်းခွင်မှာ စာနာမှုကို ကျင့်သုံးခြင်းအားဖြင့် သင့်ဆီကို ဝန်ထမ်းတွေရဲ့ တန်ဖိုးထားမှု၊ယုံကြည်မှုနဲ့ တိုးတက်လာတဲ့ ကုန်ထုတ်စွမ်းအားတွေ ပြန်လည်ရောက်ရှိလာမှာပါ။
ဝန်ထမ်းတွေက သင့်ကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်ပြီး ဒီအပြန်အလှန်လုပ်ဆောင်မှုတွေကအလုပ်ဆိုင်ရာ ပြဿနာများစွာအတွက် တရားမျှတတဲ့ ဖြေရှင်းနည်းတွေကိုရှာဖွေနိုင်စေပါတယ်။ လုပ်ငန်းခွင်မှာ စက်ရုပ်တွေရဲ့ အခန်းကဏ္ဍကပိုမိုကြီးထွားလာနေတဲ့ခေတ်မှာ စာနာမှုကနေ ရရှိလာတဲ့ လူသားဆန်မှုက အရင်ကထက်ပိုအရေးကြီးလာပါတယ်။
ခေါင်းဆောင်မှုနဲ့ စာနာမှုဆိုင်ရာ သုတေသန
လေ့လာမှုတွေအရ စာနာမှုက ပုဂ္ဂိုလ်ရေးရော ပရော်ဖက်ရှင်နယ်ဘဝမှာပါများစွာအကျိုးသက်ရောက်မှု ရှိတယ်လို့ ပြသထားပါတယ်။
Businessolver ရဲ့ ၂၀၂၄ ခုနှစ် လုပ်ငန်းခွင်စာနာမှုဆိုင်ရာ လေ့လာမှုအရ ဝန်ထမ်းနဲ့ CEO တွေရဲ့ ထက်ဝက်ကျော် (ဝန်ထမ်း ၅၀ရာခိုင်နှုန်း၊ CEO ၅၅ရာခိုင်နှုန်း) ဟာ စိတ်ကျန်းမာရေးနဲ့လုပ်ငန်းခွင်ဆိုးကျိုးတွေကို ယခင်ကထက် ပိုမိုခံစားနေရတယ်လို့ တွေ့ရှိရပါတယ်။စိတ် ကျန်းမာရေးကို ဦးစားပေးတဲ့၊ စာနာတတ်တဲ့ လုပ်ငန်းခွင်တွေမှာ ဝန်ထမ်းတွေကသူတို့အလုပ်အပေါ် ပိုမိုစိတ်အားထက်သန်ကြပါတယ်။ အလုပ်ရှာဖွေသူ ၇၇ရာခိုင်နှုန်း ကလည်း“စာနာမှု” ကို အရေးကြီးတဲ့ တန်ဖိုးတစ်ခုအဖြစ် ဖော်ပြထားတဲ့ ကုမ္ပဏီတွေကို လျှောက်ထားဖို့
ပိုမိုစိတ်ဝင်စားကြပါတယ်။အဖွဲ့အစည်းတွေက စိတ်ကျန်းမာရေး အကျိုးခံစားခွင့်တွေ ပေးတဲ့အခါ ကုန်ထုတ်စွမ်းအား ၄၈ ရာခိုင်နှုန်း၊ စိတ်အားထက်သန်မှု ၄၂ ရာခိုင်နှုန်းတိုးတက်လာပြီး အလုပ်ထွက်နှုန်း ၃၉ရာခိုင်နှုန်းလျော့ကျကာ ပိုင်ဆိုင်မှုခံစားချက် ၃၆ ရာခိုင်နှုန်းကို ဖန်တီးပေးတယ်လို့ ဝန်ထမ်းတွေကပြောပါတယ်။
Catalyst ရဲ့ စစ်တမ်းအရ ခေါင်းဆောင်တွေက အဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ဖို့ အချိန်ယူပြီး သူတို့ရဲ့အတွေ့အကြုံတွေကို နားလည်ပေးကာ ဂရုစိုက်မှုတွေ ပြသတဲ့အခါ ဝန်ထမ်းတွေပိုမိုပေါင်းစည်းလာပြီး အလုပ်ခန့်ထားမှုလည်း ပိုမိုတည်တံ့လာပါတယ်။စာနာမှုမရှိတဲ့ လုပ်ငန်းခွင်တွေက ဝန်ထမ်းတွေ အလုပ်ထွက်ဖို့ တစ်ကြိမ်ခွဲ ပိုများပြီးအမေရိကန်ကုမ္ပဏီတွေကို ဒေါ်လာ ၁၈၀ ဘီလီယံအထိ ကုန်ကျစေနိုင်တယ်လို့ Businessolver သုတေသနက ဆိုပါတယ်။စာနာမှုကို ပိုမိုကျင့်သုံးလေလေ ဒီအချက်က နည်းဗျူဟာတစ်ခုကနေ သင့်ကုမ္ပဏီရဲ့ယဉ်ကျေး မှုနဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ သင့်ရဲ့ DNA ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာလေလေပါပဲ။ စာနာတတ်တဲ့ ခေါင်းဆောင်တွေက စာနာတတ်တဲ့ ဝန်ထမ်းတွေကိုဆွဲဆောင်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝ၊ ထိတွေ့ဆက်ဆံမှုနဲ့ ကုမ္ပဏီအမြတ်အစွန်းကိုမြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် လုပ် ငန်းခွင်မှာ စာနာမှုဟာ Hard Skill တွေလိုပဲ အရေးပါပြီးအောင်မြင်မှုကို ရရှိစေနိုင်တယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
လုပ္ငန္းခြင္စာနာမႈက ေခါင္းေဆာင္မႈ၊ ကုန္ထုတ္စြမ္းအားနဲ႔ အျမတ္အစြန္းကိုျမႇင့္တင္ေပးႏိုင္တယ္ဆိုတာ သင္သိပါသလား။ “စာနာမႈ”ဆိုတဲ့ ေသးငယ္တဲ့ စကားလုံးတလုံးရဲ႕စြမ္းအားနဲ႔ သူ႔ရဲ႕ အလုပ္အကိုင္စိတ္ေက်နပ္မႈ၊ လုပ္ငန္းခြင္စိတ္အားထက္သန္မႈနဲ႔ကုန္ထုတ္စြမ္းအားတို႔အေပၚ ဘယ္လိုဩဇာသက္ေရာက္မႈရွိသလဲဆိုတာသင္စဥ္းစားဖူးပါသလား။ ပထမဆုံး ေခါင္းေဆာင္မႈနဲ႔ စာနာမႈက ဘယ္လိုသက္ဆိုင္သလဲဆိုတာသင္ေတြးမိေနပါလိမ့္မယ္။ လုပ္ငန္းခြင္စာနာမႈကို ေခါင္းေဆာင္မႈအတြက္ အဓိကက်တဲ့ကိရိယာတခုအျဖစ္ တျဖည္းျဖည္းအသိအမွတ္ျပဳလာၾကၿပီး ကမာၻလုံးဆိုင္ရာေဈးကြက္မွာ Hard Skills လိုပဲ အေရးႀကီးတယ္လို႔ ဆိုၾကပါတယ္။သုေတသနျပဳခ်က္မ်ားအရ စာနာမႈက ေခါင္းေဆာင္မႈစြမ္းရည္နဲ႔ဝန္ထမ္းဆက္ဆံေရးကိုျမႇင့္တင္ေပးၿပီး ဝန္ထမ္းစိတ္ေက်နပ္မႈ၊ ဆန္းသစ္တီထြင္မႈ၊ကုန္ထုတ္စြမ္းအားနဲ႔ ကုမၸဏီအျမတ္အစြန္းပုံစံနဲ႔ လုပ္ငန္းခြင္အတြင္းမွာ ျပန႔္ႏွံ႔သြားေၾကာင္းျပသခဲ့ပါတယ္။
စာနာမႈကို ဘယ္လိုက်င့္သုံးမလဲ
စာနာမႈ၊ က႐ုဏာ၊ ယုံၾကည္မႈ၊ ဆက္သြယ္မႈႏွင့္ ၾကင္နာမႈ စတဲ့ Soft Skill မ်ားကို အားနည္းတယ္၊အရည္အခ်င္းမရွိဘူးစသျဖင့္ Hard skill မ်ားနဲ႔ နည္းပညာဆိုင္ရာ ကြၽမ္းက်င္မႈမ်ားထက္တန္ဖိုးနည္းတယ္လို႔ အယူအဆမွားေတြက အခုထက္တိုင္ ဆက္လက္ရွိေနဆဲျဖစ္ေနပါတယ္။ Soft Skill ေတြက အျမတ္အစြန္းကို ထိခိုက္ေစတယ္ဆိုၿပီး Hard Skill ေတြကိုပဲ ဦးစားေပးတဲ့ေခါင္းေဆာင္ေတြဟာ သူတို႔ကိုယ္တိုင္အတြက္ အမွန္တကယ္ အက်ိဳးမျဖစ္ထြန္းေစဘူးလို႔ကြၽမ္းက်င္သူေတြက ေျပာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေခတ္မီလုပ္ ငန္းခြင္မွာေအာင္ျမင္ဖို႔အတြက္ Soft Skill ေတြဟာ မရွိမျဖစ္ လိုအပ္လာလို႔ပါပဲ။
စာနာမႈရဲ႕ စြမ္းအား
Soft Skill ေတြထဲကမွ အထူးသျဖင့္ စာနာမႈ (Empathy) ဟာ အေရးပါတဲ့ အခန္းက႑ကေနပါဝင္ပါတယ္။ပထမအခ်က္ကေတာ့အျမင္ က်ယ္ေစတာပဲျဖစ္ပါတယ္။ တျခားသူတစ္ေယာက္ရဲ႕ရႈေထာင့္ကေန ခဏေလာက္ ေတြးၾကည့္ႏိုင္စြမ္းက ကိုယ့္ရဲ႕ က်ဥ္းေျမာင္းတဲ့ အေတြးေတြနဲ႔အလ်င္စလို ဆုံးျဖတ္မႈေတြကေန လြတ္ေျမာက္ေစပါတယ္။ ဒါက ကိုယ့္ရဲ႕ ျပင္းထန္တဲ့ခံစားခ်က္ေတြကို ေလ်ာ့ပါးေစၿပီး ပဋိပကၡေတြနဲ႔ ခက္ခဲတဲ့ အေျခအေနေတြကို ပိုမိုႏူးညံ့တဲ့နည္းလမ္းနဲ႔ ခ်ဥ္းကပ္ႏိုင္ေစပါတယ္။
ဒုတိယအခ်က္ကေတာ့ စိတ္ခံစားမႈမွ ရည္႐ြယ္ခ်က္ဆီကို ကူးေျပာင္းႏိုင္ျခင္းပါပဲ။စိတ္ပ်က္အားငယ္ေနခ်ိန္၊ ေဒါသထြက္ေနခ်ိန္ ဒါမွမ ဟုတ္ မေက်နပ္တဲ့အခါ တျခားသူရဲ႕အျမင္ကို ျမင္ႏိုင္စြမ္းက ကိုယ့္ရဲ႕ စိတ္ခံစားမႈေတြေၾကာင့္ ပိတ္ဆို႔ခံထားရတတ္ပါတယ္။ ဒါေပမဲ့တ ျခားသူရဲ႕ ရႈေထာင့္ကို ျမင္ေအာင္ ႀကိဳးစားတာက စိတ္ခံစားမႈသက္သက္ တုံ႔ျပန္မႈကေနရည္႐ြယ္ခ်က္ရွိရွိ တုံ႔ျပန္မႈဆီကို ေျပာင္းလဲဖို႔အ တြက္ အစြမ္းထက္တဲ့ ကိရိယာတစ္ခုပါပဲ။ဥပမာအေနနဲ႔၊ စားေသာက္ဆိုင္က ဝန္ထမ္းတစ္ေယာက္က ဝန္ေဆာင္မႈမေကာင္းရင္စိတ္တိုေဒါသထြက္မိမွာပါ။ ဒါေပမဲ့ သူက ကေလးတစ္ေယာက္တည္းနဲ႔ ႐ုန္းကန္ေနရတဲ့မိခင္တစ္ဦးျဖစ္ၿပီး သူ႔ကေလးငယ္ေလး က်န္းမာေရးမေကာင္းဘူးဆိုတာ သိလိုက္ရတဲ့အခါသင့္ရဲ႕ ေဒါသကေန စာနာမႈအျဖစ္ ေျပာင္းလဲသြားပါလိမ့္မယ္။ ဒါက သူ႔ရဲ႕ အျပဳအမူေတြကိုပိုမိုနား လည္ေပးႏိုင္ၿပီး ဝန္ေဆာင္မႈမေကာင္းေပမဲ့ေတာင္ ေစတနာနဲ႔ ေဘာက္ဆူးေပးဖို႔ေတာင္ျဖစ္သြားႏိုင္ပါတယ္။
လုပ္ငန္းခြင္မွာ စာနာမႈရဲ႕ အက်ိဳးေက်းဇူးမ်ား
လုပ္ငန္းခြင္မွာလည္း ဒီသေဘာတရားအတိုင္းပါပဲ။ လုပ္ေဖာ္ကိုင္ဖက္ေတြ ေန႔စဥ္ႀကဳံေတြ႕ေနရတဲ့ စိတ္ပိုင္းဆိုင္ရာ ဖိစီးမႈေတြကို ကြၽန္ ေတာ္တို႔ မသိႏိုင္ပါဘူး။ ဒါေၾကာင့္ဝန္ထမ္းေတြ အမွားလုပ္မိတာ ဒါမွမဟုတ္ လက္မခံႏိုင္တဲ့ အျပဳအမူေတြ ျပသတဲ့အခါ စာနာမႈကအလြန္ထိေရာက္တဲ့ ကိရိယာတစ္ခု ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုတာကို သင္ဘယ္ေတာ့မွမသိႏိုင္ေပမဲ့ စာနာမႈက သင့္ရဲ႕ ႐ုတ္တရက္ တုံ႔ျပန္မႈေတြကို ထိန္းခ်ဳပ္ေပးၿပီး ပိုမိုသင့္ေလ်ာ္တဲ့၊ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ ပုံစံနဲ႔ တုံ႔ျပန္ႏိုင္ေစပါတယ္။လုပ္ငန္းခြင္မွာ စာနာမႈကို က်င့္သုံးျခင္းအားျဖင့္ သင့္ဆီကို ဝန္ထမ္းေတြရဲ႕ တန္ဖိုးထားမႈ၊ယုံၾကည္မႈနဲ႔ တိုးတက္လာတဲ့ ကုန္ထုတ္စြမ္းအားေတြ ျပန္လည္ေရာက္ရွိလာမွာပါ။
ဝန္ထမ္းေတြက သင့္ကို ပိုမိုေကာင္းမြန္စြာ တုံ႔ျပန္ၿပီး ဒီအျပန္အလွန္လုပ္ေဆာင္မႈေတြကအလုပ္ဆိုင္ရာ ျပႆနာမ်ားစြာအတြက္ တရားမွ်တတဲ့ ေျဖရွင္းနည္းေတြကိုရွာေဖြႏိုင္ေစပါတယ္။ လုပ္ငန္းခြင္မွာ စက္႐ုပ္ေတြရဲ႕ အခန္းက႑ကပိုမိုႀကီးထြားလာေနတဲ့ေခတ္မွာ စာနာမႈကေန ရရွိလာတဲ့ လူသားဆန္မႈက အရင္ကထက္ပိုအေရးႀကီးလာပါတယ္။
ေခါင္းေဆာင္မႈနဲ႔ စာနာမႈဆိုင္ရာ သုေတသန
ေလ့လာမႈေတြအရ စာနာမႈက ပုဂၢိဳလ္ေရးေရာ ပေရာ္ဖက္ရွင္နယ္ဘဝမွာပါမ်ားစြာအက်ိဳးသက္ေရာက္မႈ ရွိတယ္လို႔ ျပသထားပါတယ္။
Businessolver ရဲ႕ ၂၀၂၄ ခုႏွစ္ လုပ္ငန္းခြင္စာနာမႈဆိုင္ရာ ေလ့လာမႈအရ ဝန္ထမ္းနဲ႔ CEO ေတြရဲ႕ ထက္ဝက္ေက်ာ္ (ဝန္ထမ္း ၅၀ရာခိုင္ႏႈန္း၊ CEO ၅၅ရာခိုင္ႏႈန္း) ဟာ စိတ္က်န္းမာေရးနဲ႔လုပ္ငန္းခြင္ဆိုးက်ိဳးေတြကို ယခင္ကထက္ ပိုမိုခံစားေနရတယ္လို႔ ေတြ႕ရွိရပါတယ္။စိတ္ က်န္းမာေရးကို ဦးစားေပးတဲ့၊ စာနာတတ္တဲ့ လုပ္ငန္းခြင္ေတြမွာ ဝန္ထမ္းေတြကသူတို႔အလုပ္အေပၚ ပိုမိုစိတ္အားထက္သန္ၾကပါတယ္။ အလုပ္ရွာေဖြသူ ၇၇ရာခိုင္ႏႈန္း ကလည္း“စာနာမႈ” ကို အေရးႀကီးတဲ့ တန္ဖိုးတစ္ခုအျဖစ္ ေဖာ္ျပထားတဲ့ ကုမၸဏီေတြကို ေလွ်ာက္ထားဖို႔
ပိုမိုစိတ္ဝင္စားၾကပါတယ္။အဖြဲ႕အစည္းေတြက စိတ္က်န္းမာေရး အက်ိဳးခံစားခြင့္ေတြ ေပးတဲ့အခါ ကုန္ထုတ္စြမ္းအား ၄၈ ရာခိုင္ႏႈန္း၊ စိတ္အားထက္သန္မႈ ၄၂ ရာခိုင္ႏႈန္းတိုးတက္လာၿပီး အလုပ္ထြက္ႏႈန္း ၃၉ရာခိုင္ႏႈန္းေလ်ာ့က်ကာ ပိုင္ဆိုင္မႈခံစားခ်က္ ၃၆ ရာခိုင္ႏႈန္းကို ဖန္တီးေပးတယ္လို႔ ဝန္ထမ္းေတြကေျပာပါတယ္။
Catalyst ရဲ႕ စစ္တမ္းအရ ေခါင္းေဆာင္ေတြက အဖြဲ႕ဝင္ေတြနဲ႔ ခ်ိတ္ဆက္ဖို႔ အခ်ိန္ယူၿပီး သူတို႔ရဲ႕အေတြ႕အႀကဳံေတြကို နားလည္ေပးကာ ဂ႐ုစိုက္မႈေတြ ျပသတဲ့အခါ ဝန္ထမ္းေတြပိုမိုေပါင္းစည္းလာၿပီး အလုပ္ခန႔္ထားမႈလည္း ပိုမိုတည္တံ့လာပါတယ္။စာနာမႈမရွိတဲ့ လုပ္ငန္းခြင္ေတြက ဝန္ထမ္းေတြ အလုပ္ထြက္ဖို႔ တစ္ႀကိမ္ခြဲ ပိုမ်ားၿပီးအေမရိကန္ကုမၸဏီေတြကို ေဒၚလာ ၁၈၀ ဘီလီယံအထိ ကုန္က်ေစႏိုင္တယ္လို႔ Businessolver သုေတသနက ဆိုပါတယ္။စာနာမႈကို ပိုမိုက်င့္သုံးေလေလ ဒီအခ်က္က နည္းဗ်ဴဟာတစ္ခုကေန သင့္ကုမၸဏီရဲ႕ယဥ္ေက်း မႈနဲ႔ ေခါင္းေဆာင္တစ္ဦးအေနနဲ႔ သင့္ရဲ႕ DNA ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္လာေလေလပါပဲ။ စာနာတတ္တဲ့ ေခါင္းေဆာင္ေတြက စာနာတတ္တဲ့ ဝန္ထမ္းေတြကိုဆြဲေဆာင္ၿပီး ပိုမိုေကာင္းမြန္တဲ့ ဘဝ၊ ထိေတြ႕ဆက္ဆံမႈနဲ႔ ကုမၸဏီအျမတ္အစြန္းကိုျမႇင့္တင္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ လုပ္ ငန္းခြင္မွာ စာနာမႈဟာ Hard Skill ေတြလိုပဲ အေရးပါၿပီးေအာင္ျမင္မႈကို ရရွိေစႏိုင္တယ္လို႔ ဆိုလိုရင္းျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply