အင်တာဗျူးစစ်တဲ့သူတွေဟာ တစ်နေ့လုံး စာအုပ်ကြီးအတိုင်း လာဖြေတဲ့သူတွေနဲ့ပဲ တွေ့နေရရင် အရမ်းငြီးငွေ့ဖို့ကောင်းပါတယ်။ အဲဒီထဲမှာမှ ကိုယ့်ရဲ့ စရိုက်နဲ့ အရည် အချင်းကို ပေါ်လွင်စေမယ့် Storytelling လေးတွေ ထည့်ပြောနိုင်ရင် လေကောင်းလေသန့် ရလိုက်သလို သူတို့စိတ်ထဲမှာ စွဲကျန်သွားပါလိမ့်မယ်။
ဒါကို အောင်မြင်အောင် လုပ်ဖို့ အချက် (၄) ချက် ရှိပါတယ်။
နံပါတ်တစ်ကတော့ အားလုံးကို အကုန်မပြောပါနဲ့။ အချက်အလက်တွေကို ချပြတဲ့အခါ ပုဂ္ဂိုလ်ရေး ဆန်တာကို ပြောလို့ရပေမယ့် သီးသန့်ကိစ္စတွေကိုတော့ ရှောင်ရပါမယ်။ ဥပမာ ကိုယ်မကြိုက်တဲ့ အစားအစာ ဒါမှမဟုတ် အားလပ်ရက် အမှတ်တရမျိုးက ရင်းနှီးမှုကို ဖြစ်စေပါတယ်။ ဒါပေမဲ့ သူတို့ သိဖို့မလိုတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုတော့ ချန်ထားပါ။ ကျရှုံးမှုအကြောင်း မေးတဲ့အခါ ကိုယ့်ရဲ့ ကျရှုံးမှုက အတွေ့အကြုံ မရှိသေးလို့ မှားခဲ့တာမျိုးကို ရွေးပြောပါ။ ပြီးရင် အဲဒီအမှားကနေ ဘာသင်ယူခဲ့လဲဆိုတာကို ယုံကြည်မှုရှိရှိ ရှင်းပြပါ။
နံပါတ်နှစ်အချက်ကတော့ စကားမများပါစေနဲ့။ ဇာတ်လမ်းတစ်ပုဒ်ကို (၃) မိနစ်ထက် ပိုမကြာပါစေနဲ့။ IRS နည်းလမ်းကို သုံးပါ။ I (Intriguing Beginning) ၃၀ စက္ကန့် စိတ်ဝင်စားဖို့ကောင်းတဲ့ အစပျိုးမှုလုပ်ပါ။ ပြဿနာတစ်ခုကို အမြန်ချပြပြီး နားထောင်သူရဲ့ စိတ်ကူးကို ဖမ်းစားပါ။ R ကတော့ Riveting Middleပါ။ – ၁ မိနစ်ခွဲ ဇာတ်လမ်းကို အရှိန်မြှင့်ပါ။ မလိုအပ်တဲ့ အသေးစိတ်တွေကို ဖြတ်ထုတ်ပြီး တကယ်အရေးကြီးတဲ့ အဖြစ်အပျက်ကိုပဲ ပြောပါ။ S ကတော့ Satisfying Endပါ။ ၁ မိနစ်လောက် ကျေနပ်စရာကောင်းတဲ့ အဆုံးသတ်လုပ်ပါ။ ဒီဇာတ်လမ်းကနေ ဘာရလိုက်သလဲ၊ ဒီအလုပ်နဲ့ ဘယ်လိုသက်ဆိုင်သလဲဆိုတာကို ပြန်ချုပ်ပါ။
နံပါတ် သုံးကတော့ သူရဲကောင်း နေရာမှာပဲ နေဖို့မကြိုးစားပါနဲ့။ ကိုယ်ကပဲ အရာရာကို လုပ်နိုင်တဲ့ စူပါမန်းလို ဖြစ်ဖို့ မလိုပါဘူး။ တစ်ခါတလေ သူငယ်ချင်း၊ အကြံပေးသူ ဒါမှမဟုတ် ဘေးကနေ ဝိုင်းကူညီပေးသူ (Sidekick) အဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်တာက ပိုပြီး လူမှုရေးပြေပြစ်သူ (Team Player) ဖြစ်ကြောင်း သက်သေပြရာ ရောက်ပါတယ်။
နံပါတ်လေးကတော့ သင်ခန်းစာကို မမေ့ပါနဲ့။အင်တာဗျူးဖြေသူ ၁၂ ယောက်လောက် ရှိတဲ့ထဲမှာ ကိုယ့်ဇာတ်လမ်းကို သူတို့ ဘာကြောင့် မှတ်မိနေသင့်သလဲ။ ကိုယ့်ဇာတ်လမ်းအဆုံးမှာ သူတို့ ရသွားစေချင်တဲ့ အချက်ကို သေချာချပြပါ။ အဲဒီအချက်ဟာ မေးခွန်းရဲ့ အဖြေနဲ့လည်း တိုက်ရိုက် ကိုက်ညီနေရပါမယ်။ ကျရှုံးမှု အကြောင်း မေးရင် ဘယ်လိုဖြေမလဲ။ ဥပမာ ကျွန်တော် အလုပ်အသစ်မှာ App တစ်ခု လုပ်တဲ့အဖွဲ့ကို ဦးဆောင်ခဲ့တုန်းကပေါ့။ အထက်လူကြီးက Deadline ကို (၆) လ စောသတ်မှတ်လိုက်တယ်။ ကျွန်တော်ကတော့ ဒါမဖြစ်နိုင်ဘူးလို့ သိပေမယ့် အလုပ်ဝင်ခါစဆိုတော့ ‘ဟုတ်ကဲ့’ လို့ပဲ ပြောလိုက်မိတယ်။ ရလဒ်ကတော့ App ထွက်လာတဲ့အခါ အမှားတွေအများကြီးနဲ့ အဆိုးမြင် ဝေဖန်မှုတွေပဲ ရခဲ့တယ်။ ဒီအတွေ့အကြုံကနေ ကျွန်တော် တစ်ခု သင်ယူခဲ့ရတာက ကိုယ့်အတွက် အဆင်မပြေရင် ဒါမှမဟုတ် မှားနေမယ်ထင်ရင် အားမနာဘဲ ရဲရဲပြောဖို့ပါပဲ။ နောက်တစ်ခါ အဲဒီလို ဖြစ်တဲ့အခါ ကျွန်တော် ငြိမ်မနေတော့ဘဲ မေးခွန်းတွေမေးပြီး ကုမ္ပဏီအတွက် ပိုကောင်းမယ့် နည်းလမ်းကို အတူတူ ရှာနိုင်ခဲ့တယ်ဆိုတာမျိုးပါ။
အမှတ်တရဖြစ်စေမယ့် အင်တာဗျူးတစ်ခုရဲ့ အဓိကသော့ချက်
အင်တာဗျူးစစ်တဲ့သူတွေဟာလည်း လူသားတွေပါပဲ။ သူတို့ကလည်း ကိုယ့်လိုပဲ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးကို လိုချင်ကြတာပါ။ မျက်လုံးချင်း ဆုံကြည့်ပါ၊ ပြုံးပါ။ ဖုန်း လုံးဝ မကိုင်ပါနဲ့။ ကျောကို မတ်မတ်ထားပြီး ကိုယ်က တကယ် စိတ်ဝင်တစား ရှိကြောင်း Body Language နဲ့ ပြပါ။ သူတို့ စကားပြောနေရင် သေချာနား ထောင်ပြီး နောက်ဆက်တွဲ မေးခွန်းတွေ ပြန်မေးပါ။ ဒီလို လေးစားမှုရှိပြီး အချက်အကျကျ ပုံပြင်လေးတွေနဲ့ ဖြေနိုင်ရင် အင်တာဗျူးက စစ်မေးပွဲတစ်ခုလို မဟုတ်ဘဲ အားလုံးအတွက် ပျော်စရာကောင်းတဲ့ စကားဝိုင်းတစ်ခု ဖြစ်သွားပါလိမ့်မယ်။
ကျော့ကေခိုင်
zawgyi
အင္တာဗ်ဴးစစ္တဲ့သူေတြဟာ တစ္ေန႔လုံး စာအုပ္ႀကီးအတိုင္း လာေျဖတဲ့သူေတြနဲ႔ပဲ ေတြ႕ေနရရင္ အရမ္းၿငီးေငြ႕ဖို႔ေကာင္းပါတယ္။ အဲဒီထဲမွာမွ ကိုယ့္ရဲ႕ စ႐ိုက္နဲ႔ အရည္ အခ်င္းကို ေပၚလြင္ေစမယ့္ Storytelling ေလးေတြ ထည့္ေျပာႏိုင္ရင္ ေလေကာင္းေလသန႔္ ရလိုက္သလို သူတို႔စိတ္ထဲမွာ စြဲက်န္သြားပါလိမ့္မယ္။
ဒါကို ေအာင္ျမင္ေအာင္ လုပ္ဖို႔ အခ်က္ (၄) ခ်က္ ရွိပါတယ္။
နံပါတ္တစ္ကေတာ့ အားလုံးကို အကုန္မေျပာပါနဲ႔။ အခ်က္အလက္ေတြကို ခ်ျပတဲ့အခါ ပုဂၢိဳလ္ေရး ဆန္တာကို ေျပာလို႔ရေပမယ့္ သီးသန႔္ကိစၥေတြကိုေတာ့ ေရွာင္ရပါမယ္။ ဥပမာ ကိုယ္မႀကိဳက္တဲ့ အစားအစာ ဒါမွမဟုတ္ အားလပ္ရက္ အမွတ္တရမ်ိဳးက ရင္းႏွီးမႈကို ျဖစ္ေစပါတယ္။ ဒါေပမဲ့ သူတို႔ သိဖို႔မလိုတဲ့ ကိုယ္ေရးကိုယ္တာ ကိစၥေတြကိုေတာ့ ခ်န္ထားပါ။ က်ရႈံးမႈအေၾကာင္း ေမးတဲ့အခါ ကိုယ့္ရဲ႕ က်ရႈံးမႈက အေတြ႕အႀကဳံ မရွိေသးလို႔ မွားခဲ့တာမ်ိဳးကို ေ႐ြးေျပာပါ။ ၿပီးရင္ အဲဒီအမွားကေန ဘာသင္ယူခဲ့လဲဆိုတာကို ယုံၾကည္မႈရွိရွိ ရွင္းျပပါ။
နံပါတ္ႏွစ္အခ်က္ကေတာ့ စကားမမ်ားပါေစနဲ႔။ ဇာတ္လမ္းတစ္ပုဒ္ကို (၃) မိနစ္ထက္ ပိုမၾကာပါေစနဲ႔။ IRS နည္းလမ္းကို သုံးပါ။ I (Intriguing Beginning) ၃၀ စကၠန႔္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အစပ်ိဳးမႈလုပ္ပါ။ ျပႆနာတစ္ခုကို အျမန္ခ်ျပၿပီး နားေထာင္သူရဲ႕ စိတ္ကူးကို ဖမ္းစားပါ။ R ကေတာ့ Riveting Middleပါ။ – ၁ မိနစ္ခြဲ ဇာတ္လမ္းကို အရွိန္ျမႇင့္ပါ။ မလိုအပ္တဲ့ အေသးစိတ္ေတြကို ျဖတ္ထုတ္ၿပီး တကယ္အေရးႀကီးတဲ့ အျဖစ္အပ်က္ကိုပဲ ေျပာပါ။ S ကေတာ့ Satisfying Endပါ။ ၁ မိနစ္ေလာက္ ေက်နပ္စရာေကာင္းတဲ့ အဆုံးသတ္လုပ္ပါ။ ဒီဇာတ္လမ္းကေန ဘာရလိုက္သလဲ၊ ဒီအလုပ္နဲ႔ ဘယ္လိုသက္ဆိုင္သလဲဆိုတာကို ျပန္ခ်ဳပ္ပါ။
နံပါတ္ သုံးကေတာ့ သူရဲေကာင္း ေနရာမွာပဲ ေနဖို႔မႀကိဳးစားပါနဲ႔။ ကိုယ္ကပဲ အရာရာကို လုပ္ႏိုင္တဲ့ စူပါမန္းလို ျဖစ္ဖို႔ မလိုပါဘူး။ တစ္ခါတေလ သူငယ္ခ်င္း၊ အႀကံေပးသူ ဒါမွမဟုတ္ ေဘးကေန ဝိုင္းကူညီေပးသူ (Sidekick) အျဖစ္ ကိုယ့္ကိုယ္ကိုယ္ ပုံေဖာ္တာက ပိုၿပီး လူမႈေရးေျပျပစ္သူ (Team Player) ျဖစ္ေၾကာင္း သက္ေသျပရာ ေရာက္ပါတယ္။
နံပါတ္ေလးကေတာ့ သင္ခန္းစာကို မေမ့ပါနဲ႔။အင္တာဗ်ဴးေျဖသူ ၁၂ ေယာက္ေလာက္ ရွိတဲ့ထဲမွာ ကိုယ့္ဇာတ္လမ္းကို သူတို႔ ဘာေၾကာင့္ မွတ္မိေနသင့္သလဲ။ ကိုယ့္ဇာတ္လမ္းအဆုံးမွာ သူတို႔ ရသြားေစခ်င္တဲ့ အခ်က္ကို ေသခ်ာခ်ျပပါ။ အဲဒီအခ်က္ဟာ ေမးခြန္းရဲ႕ အေျဖနဲ႔လည္း တိုက္႐ိုက္ ကိုက္ညီေနရပါမယ္။ က်ရႈံးမႈ အေၾကာင္း ေမးရင္ ဘယ္လိုေျဖမလဲ။ ဥပမာ ကြၽန္ေတာ္ အလုပ္အသစ္မွာ App တစ္ခု လုပ္တဲ့အဖြဲ႕ကို ဦးေဆာင္ခဲ့တုန္းကေပါ့။ အထက္လူႀကီးက Deadline ကို (၆) လ ေစာသတ္မွတ္လိုက္တယ္။ ကြၽန္ေတာ္ကေတာ့ ဒါမျဖစ္ႏိုင္ဘူးလို႔ သိေပမယ့္ အလုပ္ဝင္ခါစဆိုေတာ့ ‘ဟုတ္ကဲ့’ လို႔ပဲ ေျပာလိုက္မိတယ္။ ရလဒ္ကေတာ့ App ထြက္လာတဲ့အခါ အမွားေတြအမ်ားႀကီးနဲ႔ အဆိုးျမင္ ေဝဖန္မႈေတြပဲ ရခဲ့တယ္။ ဒီအေတြ႕အႀကဳံကေန ကြၽန္ေတာ္ တစ္ခု သင္ယူခဲ့ရတာက ကိုယ့္အတြက္ အဆင္မေျပရင္ ဒါမွမဟုတ္ မွားေနမယ္ထင္ရင္ အားမနာဘဲ ရဲရဲေျပာဖို႔ပါပဲ။ ေနာက္တစ္ခါ အဲဒီလို ျဖစ္တဲ့အခါ ကြၽန္ေတာ္ ၿငိမ္မေနေတာ့ဘဲ ေမးခြန္းေတြေမးၿပီး ကုမၸဏီအတြက္ ပိုေကာင္းမယ့္ နည္းလမ္းကို အတူတူ ရွာႏိုင္ခဲ့တယ္ဆိုတာမ်ိဳးပါ။
အမွတ္တရျဖစ္ေစမယ့္ အင္တာဗ်ဴးတစ္ခုရဲ႕ အဓိကေသာ့ခ်က္
အင္တာဗ်ဴးစစ္တဲ့သူေတြဟာလည္း လူသားေတြပါပဲ။ သူတို႔ကလည္း ကိုယ့္လိုပဲ ရင္းႏွီးေႏြးေထြးတဲ့ ဆက္ဆံေရးကို လိုခ်င္ၾကတာပါ။ မ်က္လုံးခ်င္း ဆုံၾကည့္ပါ၊ ၿပဳံးပါ။ ဖုန္း လုံးဝ မကိုင္ပါနဲ႔။ ေက်ာကို မတ္မတ္ထားၿပီး ကိုယ္က တကယ္ စိတ္ဝင္တစား ရွိေၾကာင္း Body Language နဲ႔ ျပပါ။ သူတို႔ စကားေျပာေနရင္ ေသခ်ာနား ေထာင္ၿပီး ေနာက္ဆက္တြဲ ေမးခြန္းေတြ ျပန္ေမးပါ။ ဒီလို ေလးစားမႈရွိၿပီး အခ်က္အက်က် ပုံျပင္ေလးေတြနဲ႔ ေျဖႏိုင္ရင္ အင္တာဗ်ဴးက စစ္ေမးပြဲတစ္ခုလို မဟုတ္ဘဲ အားလုံးအတြက္ ေပ်ာ္စရာေကာင္းတဲ့ စကားဝိုင္းတစ္ခု ျဖစ္သြားပါလိမ့္မယ္။
ေက်ာ့ေကခိုင္
Leave a Reply