
ကနေ့ခေတ် ပြောင်းလဲနေတဲ့ စီးပွားရေးလောကမှာ ကုမ္ပဏီတစ်ခုရဲ့ တည်တံ့ခိုင်မာမှုနဲ့ အောင်မြင်မှုဟာ ငွေကြေးအရင်းအနှီး၊ ခေတ်မီနည်းပညာတွေအပြင်၊ အဖွဲ့အစည်းအတွင်းက ဝန်ထမ်းတွေရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်ရည်အပေါ်မှာ များစွာမူတည်နေပါတယ်။ ကုမ္ပဏီတစ်ခုမှာ ခိုင်မာတဲ့ အုတ်မြစ်ရှိဖို့ဆိုတာ ဘဏ္ဍာရေးနဲ့ စနစ်တွေပဲ မဟုတ်ဘဲ၊ လုပ်ငန်းရဲ့ အသက်သွေးကြောဖြစ်တဲ့ ဝန်ထမ်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဆက်မပြတ် မြှင့်တင်ပေးနေဖို့ လိုအပ်ပါတယ်။ တကယ်တမ်းမှာ ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးဟာ အပိုကုန်ကျစ ရိတ်တစ်ခု မဟုတ်ဘဲ လုပ်ငန်းရဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ အမြတ်အစွန်းအတွက် မဖြစ်မနေ ရင်းနှီးမြှုပ်နှံရမယ့် အရာတစ်ခုပဲ ဖြစ်ပါတယ်။
၁။ အမြတ်အစွန်းနဲ့ ထိရောက်မှု တိုးတက်လာခြင်း
ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးတဲ့ ကုမ္ပဏီတွေဟာ စီးပွားရေးအရ အမြဲတမ်းလိုလို ဦးဆောင်နေတတ်ပါတယ်။ Gallup ရဲ့ ၂၀၂၄ ခုနှစ် စစ်တမ်းတစ်ခုအရ ဝန်ထမ်းတွေကို စဉ်ဆက်မပြတ် သင်ယူလေ့လာခွင့်နဲ့ တိုးတက်မှု အခွင့်အလမ်းတွေ ပေးတဲ့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ပြိုင်ဘက်တွေထက် ၁၁ရာခိုင်နှုန်း ပိုမိုအမြတ်အစွန်းရရှိတယ်လို့ ဖော်ပြထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှု မြင့်တက်လာတာနဲ့အမျှ အလုပ်တစ်ခုကို ပိုမိုမြန်ဆန်၊ ထိရောက်စွာ ပြီးမြောက်အောင် စွမ်းဆောင်နိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေက ဝန်ထမ်းတွေမှာ ရှိနေနိုင်တဲ့ ကျွမ်းကျင်မှု ကွာဟမှုတွေကို လျှော့ချပေးပြီး လုပ်ငန်းစဉ်တွေကို ပိုမိုချောမွေ့အောင် ကူညီပေးပါတယ်။ လုပ်ငန်းတစ်ခုဟာ ထိရောက်မှုနဲ့ ကုန်ထုတ်စွမ်းအား မြင့်မားလာတာနဲ့အမျှ ဝင်ငွေလည်း တိုးပွားလာတာ သဘာဝပါပဲ။
၂။ အရည်အချင်းရှိသူများကို ဆွဲဆောင်ခြင်းနဲ့ ထိန်းသိမ်းထားနိုင်ခြင်း
ကနေ့ခေတ် လုပ်ငန်းခွင်ဟာ အရည်အချင်းရှိသူတွေကို ဆွဲဆောင်ဖို့နဲ့ ထိန်းသိမ်းဖို့အတွက် ပြင်းထန်စွာ ယှဉ်ပြိုင်နေရတဲ့ ခေတ်ဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ လစာကောင်းကောင်းရဖို့ပဲ မဟုတ်တော့ဘဲ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကို ရေရှည်တည်ဆောက်နိုင်မယ့် အခွင့်အလမ်းတွေကို ပိုမိုရှာဖွေလာကြပါတယ်။ ၂၀၁၉ ခုနှစ် Gallup သုတေသနကနေ တွေ့ရှိချက်အရ ဝန်ထမ်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဂရုစိုက်ပေးတဲ့ ကုမ္ပဏီတွေဟာ ပြိုင်ဘက်တွေထက် ဝန်ထမ်းတွေကို ၂ ဆ ပိုမိုထိန်းသိမ်းထားနိုင်တယ်လို့ ဆိုပါတယ်။
ဝန်ထမ်းတစ်ယောက်အနေနဲ့ ကိုယ်ရဲ့ စွမ်းရည်တွေ၊ အသိပညာတွေ တိုးတက်ဖို့အတွက် ကုမ္ပဏီကနေ ပံ့ပိုးမှုတွေ ရတဲ့အခါ အလုပ်အပေါ် ပိုမိုသစ္စာရှိလာပြီး ရေရှည်လက်တွဲလုပ်ကိုင်ဖို့ စိတ်အားထက်သန်လာကြပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းတွေ ခဏခဏ အပြောင်းအလဲများတာကြောင့် ဖြစ်ပေါ်လာတဲ့ အလုပ်ခန့်ထားမှုနဲ့ သင်တန်းပေးမှု စရိတ်စကတွေကိုလည်း သိသိသာသာ လျှော့ချနိုင်ပါတယ်။
၃။ ဝန်ထမ်းတွေ ပိုမိုပါဝင်လာပြီး စိတ်အားထက်သန်လာစေခြင်း
ဝန်ထမ်းတစ်ယောက်က သူ့ရဲ့စွမ်းရည် တိုးတက်လာတဲ့အခါ သူတို့ရဲ့အလုပ်အပေါ် ပိုမိုယုံကြည်မှုရှိလာပြီး တာဝန်ယူလိုစိတ်လည်း မြင့်တက်လာပါတယ်။ ကုမ္ပဏီကနေ ကိုယ့်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံပေးနေမှန်း သိတဲ့အခါ၊ အလုပ်အပေါ် စိတ်ဝင်စားမှု ပိုမိုများပြားလာပြီး တီထွင်ဖန်တီးလိုစိတ်တွေလည်း ဖြစ်ပေါ်လာပါတယ်။ ဝန်ထမ်းတွေ စိတ်ပါဝင်စားမှု အားကောင်းလာတဲ့အခါ အလုပ်တစ်ခုကို လုပ်ဆောင်ရာမှာ အရည်အသွေးပိုင်းရော၊ အရေအတွက်ပိုင်းပါ သိသိသာသာ တိုးတက်လာတတ်ပါတယ်။ ဒီအချက်ဟာ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေနဲ့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ရည်မှန်းချက်တွေကို ပိုမိုကိုက်ညီစေပြီး အဖွဲ့အစည်းတစ်ခုလုံးအတွက် အပြုသဘောဆောင်တဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကို တည်ဆောက်ရာမှာ အဓိကအချက်ပဲ ဖြစ်ပါတယ်။
၄။ ပြောင်းလဲလာတဲ့ နည်းပညာခေတ်ကို လိုက်လျောညီထွေဖြစ်အောင် ကူညီပေးခြင်း
ဒီနေ့ခေတ်မှာ နည်းပညာတွေဟာ အံ့ဩစရာကောင်းလောက်အောင် လျင်မြန်စွာ ပြောင်းလဲတိုးတက်နေပါတယ်။ အထူးသဖြင့် Artificial Intelligence (AI) ခေတ်ကို ရောက်ရှိလာတဲ့အခါ၊ နည်းပညာနဲ့ လူသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အမြင့်ဆုံးရရှိဖို့ဟာ အရေးကြီးလာပါတယ်။ ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးတဲ့ အဖွဲ့အစည်းတွေဟာ ဒီလိုကွာဟချက်ကို ပိတ်နိုင်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ သူတို့ဟာ ဝန်ထမ်းတွေကို ခေတ်နဲ့အညီ လိုအပ်တဲ့ ကျွမ်းကျင်မှုအသစ်တွေ သင်ကြားပေးခြင်းအားဖြင့် နည်းပညာ အ ပြောင်းအလဲတွေကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ပြီး လုပ်ငန်းရဲ့ ရေရှည်တည်တံ့မှုကို အာမခံပေးနိုင်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးဟာ ရေရှည်မှာ ကုမ္ပဏီရဲ့ အကျိုးအမြတ်၊ တည်ငြိမ်မှုနဲ့ လိုက်လျောညီထွေရှိမှုကို တိုက်ရိုက်အထောက်အကူပြုပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ ဝန်ထမ်းတွေဟာ ကုမ္ပဏီအတွက် အရေးပါဆုံးသော အရင်းအမြစ်ဖြစ် ကြောင်း လက်ခံပြီး သူတို့ရဲ့ တိုးတက်မှုကို ဦးစားပေးလုပ်ဆောင်သင့်ပါတယ်။ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဟာ ကုမ္ပဏီတစ်ခုလုံးရဲ့ အနာဂတ်ကို တောက်ပစေမယ့် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
ကေန႔ေခတ္ ေျပာင္းလဲေနတဲ့ စီးပြားေရးေလာကမွာ ကုမၸဏီတစ္ခုရဲ႕ တည္တံ့ခိုင္မာမႈနဲ႔ ေအာင္ျမင္မႈဟာ ေငြေၾကးအရင္းအႏွီး၊ ေခတ္မီနည္းပညာေတြအျပင္၊ အဖြဲ႕အစည္းအတြင္းက ဝန္ထမ္းေတြရဲ႕ အရည္အခ်င္းနဲ႔ စြမ္းေဆာင္ရည္အေပၚမွာ မ်ားစြာမူတည္ေနပါတယ္။ ကုမၸဏီတစ္ခုမွာ ခိုင္မာတဲ့ အုတ္ျမစ္ရွိဖို႔ဆိုတာ ဘ႑ာေရးနဲ႔ စနစ္ေတြပဲ မဟုတ္ဘဲ၊ လုပ္ငန္းရဲ႕ အသက္ေသြးေၾကာျဖစ္တဲ့ ဝန္ထမ္းေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈကို အဆက္မျပတ္ ျမႇင့္တင္ေပးေနဖို႔ လိုအပ္ပါတယ္။ တကယ္တမ္းမွာ ဝန္ထမ္းဖြံ႕ၿဖိဳးတိုးတက္ေရးဟာ အပိုကုန္က်စ ရိတ္တစ္ခု မဟုတ္ဘဲ လုပ္ငန္းရဲ႕ ေရရွည္တည္တံ့ခိုင္ၿမဲမႈနဲ႔ အျမတ္အစြန္းအတြက္ မျဖစ္မေန ရင္းႏွီးျမႇဳပ္ႏွံရမယ့္ အရာတစ္ခုပဲ ျဖစ္ပါတယ္။
၁။ အျမတ္အစြန္းနဲ႔ ထိေရာက္မႈ တိုးတက္လာျခင္း
ဝန္ထမ္းဖြံ႕ၿဖိဳးတိုးတက္ေရးကို အေလးေပးတဲ့ ကုမၸဏီေတြဟာ စီးပြားေရးအရ အၿမဲတမ္းလိုလို ဦးေဆာင္ေနတတ္ပါတယ္။ Gallup ရဲ႕ ၂၀၂၄ ခုႏွစ္ စစ္တမ္းတစ္ခုအရ ဝန္ထမ္းေတြကို စဥ္ဆက္မျပတ္ သင္ယူေလ့လာခြင့္နဲ႔ တိုးတက္မႈ အခြင့္အလမ္းေတြ ေပးတဲ့ ကုမၸဏီေတြဟာ သူတို႔ရဲ႕ ၿပိဳင္ဘက္ေတြထက္ ၁၁ရာခိုင္ႏႈန္း ပိုမိုအျမတ္အစြန္းရရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဝန္ထမ္းေတြရဲ႕ ကြၽမ္းက်င္မႈ ျမင့္တက္လာတာနဲ႔အမွ် အလုပ္တစ္ခုကို ပိုမိုျမန္ဆန္၊ ထိေရာက္စြာ ၿပီးေျမာက္ေအာင္ စြမ္းေဆာင္ႏိုင္လို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဖြံ႕ၿဖိဳးတိုးတက္ေရး အစီအစဥ္ေတြက ဝန္ထမ္းေတြမွာ ရွိေနႏိုင္တဲ့ ကြၽမ္းက်င္မႈ ကြာဟမႈေတြကို ေလွ်ာ့ခ်ေပးၿပီး လုပ္ငန္းစဥ္ေတြကို ပိုမိုေခ်ာေမြ႕ေအာင္ ကူညီေပးပါတယ္။ လုပ္ငန္းတစ္ခုဟာ ထိေရာက္မႈနဲ႔ ကုန္ထုတ္စြမ္းအား ျမင့္မားလာတာနဲ႔အမွ် ဝင္ေငြလည္း တိုးပြားလာတာ သဘာဝပါပဲ။
၂။ အရည္အခ်င္းရွိသူမ်ားကို ဆြဲေဆာင္ျခင္းနဲ႔ ထိန္းသိမ္းထားႏိုင္ျခင္း
ကေန႔ေခတ္ လုပ္ငန္းခြင္ဟာ အရည္အခ်င္းရွိသူေတြကို ဆြဲေဆာင္ဖို႔နဲ႔ ထိန္းသိမ္းဖို႔အတြက္ ျပင္းထန္စြာ ယွဥ္ၿပိဳင္ေနရတဲ့ ေခတ္ျဖစ္ပါတယ္။ ဝန္ထမ္းေတြဟာ လစာေကာင္းေကာင္းရဖို႔ပဲ မဟုတ္ေတာ့ဘဲ သူတို႔ရဲ႕ အသက္ေမြးဝမ္းေၾကာင္းကို ေရရွည္တည္ေဆာက္ႏိုင္မယ့္ အခြင့္အလမ္းေတြကို ပိုမိုရွာေဖြလာၾကပါတယ္။ ၂၀၁၉ ခုႏွစ္ Gallup သုေတသနကေန ေတြ႕ရွိခ်က္အရ ဝန္ထမ္းေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈကို ဂ႐ုစိုက္ေပးတဲ့ ကုမၸဏီေတြဟာ ၿပိဳင္ဘက္ေတြထက္ ဝန္ထမ္းေတြကို ၂ ဆ ပိုမိုထိန္းသိမ္းထားႏိုင္တယ္လို႔ ဆိုပါတယ္။
ဝန္ထမ္းတစ္ေယာက္အေနနဲ႔ ကိုယ္ရဲ႕ စြမ္းရည္ေတြ၊ အသိပညာေတြ တိုးတက္ဖို႔အတြက္ ကုမၸဏီကေန ပံ့ပိုးမႈေတြ ရတဲ့အခါ အလုပ္အေပၚ ပိုမိုသစၥာရွိလာၿပီး ေရရွည္လက္တြဲလုပ္ကိုင္ဖို႔ စိတ္အားထက္သန္လာၾကပါတယ္။ ဒါ့ေၾကာင့္ ဝန္ထမ္းေတြ ခဏခဏ အေျပာင္းအလဲမ်ားတာေၾကာင့္ ျဖစ္ေပၚလာတဲ့ အလုပ္ခန႔္ထားမႈနဲ႔ သင္တန္းေပးမႈ စရိတ္စကေတြကိုလည္း သိသိသာသာ ေလွ်ာ့ခ်ႏိုင္ပါတယ္။
၃။ ဝန္ထမ္းေတြ ပိုမိုပါဝင္လာၿပီး စိတ္အားထက္သန္လာေစျခင္း
ဝန္ထမ္းတစ္ေယာက္က သူ႔ရဲ႕စြမ္းရည္ တိုးတက္လာတဲ့အခါ သူတို႔ရဲ႕အလုပ္အေပၚ ပိုမိုယုံၾကည္မႈရွိလာၿပီး တာဝန္ယူလိုစိတ္လည္း ျမင့္တက္လာပါတယ္။ ကုမၸဏီကေန ကိုယ့္ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ရင္းႏွီးျမႇဳပ္ႏွံေပးေနမွန္း သိတဲ့အခါ၊ အလုပ္အေပၚ စိတ္ဝင္စားမႈ ပိုမိုမ်ားျပားလာၿပီး တီထြင္ဖန္တီးလိုစိတ္ေတြလည္း ျဖစ္ေပၚလာပါတယ္။ ဝန္ထမ္းေတြ စိတ္ပါဝင္စားမႈ အားေကာင္းလာတဲ့အခါ အလုပ္တစ္ခုကို လုပ္ေဆာင္ရာမွာ အရည္အေသြးပိုင္းေရာ၊ အေရအတြက္ပိုင္းပါ သိသိသာသာ တိုးတက္လာတတ္ပါတယ္။ ဒီအခ်က္ဟာ ကုမၸဏီရဲ႕ ရည္မွန္းခ်က္ေတြနဲ႔ ဝန္ထမ္းတစ္ဦးခ်င္းစီရဲ႕ ရည္မွန္းခ်က္ေတြကို ပိုမိုကိုက္ညီေစၿပီး အဖြဲ႕အစည္းတစ္ခုလုံးအတြက္ အျပဳသေဘာေဆာင္တဲ့ လုပ္ငန္းခြင္ယဥ္ေက်းမႈကို တည္ေဆာက္ရာမွာ အဓိကအခ်က္ပဲ ျဖစ္ပါတယ္။
၄။ ေျပာင္းလဲလာတဲ့ နည္းပညာေခတ္ကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ ကူညီေပးျခင္း
ဒီေန႔ေခတ္မွာ နည္းပညာေတြဟာ အံ့ဩစရာေကာင္းေလာက္ေအာင္ လ်င္ျမန္စြာ ေျပာင္းလဲတိုးတက္ေနပါတယ္။ အထူးသျဖင့္ Artificial Intelligence (AI) ေခတ္ကို ေရာက္ရွိလာတဲ့အခါ၊ နည္းပညာနဲ႔ လူသားေတြရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈကို အျမင့္ဆုံးရရွိဖို႔ဟာ အေရးႀကီးလာပါတယ္။ ဝန္ထမ္းဖြံ႕ၿဖိဳးတိုးတက္ေရးကို ဦးစားေပးတဲ့ အဖြဲ႕အစည္းေတြဟာ ဒီလိုကြာဟခ်က္ကို ပိတ္ႏိုင္ဖို႔ အေကာင္းဆုံး အေနအထားမွာ ရွိေနပါတယ္။ သူတို႔ဟာ ဝန္ထမ္းေတြကို ေခတ္နဲ႔အညီ လိုအပ္တဲ့ ကြၽမ္းက်င္မႈအသစ္ေတြ သင္ၾကားေပးျခင္းအားျဖင့္ နည္းပညာ အ ေျပာင္းအလဲေတြကို ပိုမိုေကာင္းမြန္စြာ ရင္ဆိုင္ႏိုင္ၿပီး လုပ္ငန္းရဲ႕ ေရရွည္တည္တံ့မႈကို အာမခံေပးႏိုင္ပါတယ္။
အခ်ဳပ္အားျဖင့္ဆိုရရင္ ဝန္ထမ္းဖြံ႕ၿဖိဳးတိုးတက္ေရးဟာ ေရရွည္မွာ ကုမၸဏီရဲ႕ အက်ိဳးအျမတ္၊ တည္ၿငိမ္မႈနဲ႔ လိုက္ေလ်ာညီေထြရွိမႈကို တိုက္႐ိုက္အေထာက္အကူျပဳပါတယ္။ ေခါင္းေဆာင္ေတြအေနနဲ႔ ဝန္ထမ္းေတြဟာ ကုမၸဏီအတြက္ အေရးပါဆုံးေသာ အရင္းအျမစ္ျဖစ္ ေၾကာင္း လက္ခံၿပီး သူတို႔ရဲ႕ တိုးတက္မႈကို ဦးစားေပးလုပ္ေဆာင္သင့္ပါတယ္။ ဝန္ထမ္းေတြရဲ႕ စြမ္းေဆာင္ရည္ကို ျမႇင့္တင္ေပးျခင္းဟာ ကုမၸဏီတစ္ခုလုံးရဲ႕ အနာဂတ္ကို ေတာက္ပေစမယ့္ အေကာင္းဆုံး ရင္းႏွီးျမႇဳပ္ႏွံမႈပဲ ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply