အလုပ်လျှောက်ထားသူတွေ အင်တာဗျူးမလာရတဲ့ အကြောင်းရင်း (၆)ခု

အလုပ်လျှောက်လွှာတင်ထားပြီး အင်တာဗျူးလာရောက်ဖြေဆိုဖို့ ဖိတ်ခေါ်တဲ့အခါမှာ မလာရောက်ကြတဲ့ အဓိက အကြောင်းအရင်းတွေက ဘာများဖြစ်မလဲ။ ဒီတပတ်မှာတော့ ဒီအချက်နဲ့ပတ်သက်ပြီး တင်ပြပေးသွားချင်ပါတယ်။ အလုပ်လျှောက်ပြီး အင်တာဗျူးခေါ်တဲ့ အခါ မလာရတဲ့ အကြောင်းအချက်များစွာထဲက သိသာထင်ရှားတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

၁။ တခြားအလုပ်ရသွားတာ

CV ဖောင်တင်ပြီး အလုပ်အင်တာဗျူးခေါ်တဲ့အခါ ဘာကြောင့်မလာတာလဲဆိုတာမျိုး အလုပ်ရှင်တွေ၊ HR တာဝန်ရှိသူတွေအတွက် ခေါင်းခဲစရာ စဉ်းစားချက်တခုဖြစ်စေပါတယ်။ ဘာကြောင့်မလာသလဲဆိုတဲ့ အချက်တွေထဲမှာ တခြားအလုပ်တစ်ခု ရသွားတဲ့အတွက်ကြောင့် မလာရောက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဟာ အတွေ့ရအများဆုံး အခြေအနေတစ်ခုပါပဲ။ ဒီကြားထဲမှာ အလုပ်လျှောက်ရင်း အလုပ်တခုရသွားတာကြောင့် အင်တာဗျူးမလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။

၂။ လစာကိစ္စ

အလုပ်တာဝန် သို့မဟုတ် လစာနဲ့ ပတ်သက်ပြီး မျှော်လင့်ထားတာနဲ့ ကွာခြားတာကြောင့် ဖြစ်နိုင်ပါတယ်။ လစာအခြေအနေကို သိရတဲ့အခါ ကိုယ်လိုချင်တဲ့ပမာဏ မဟုတ်ဘူးဆိုရင် အင်တာဗျူးလာဖို့ စိတ်ဝင်စားမှု လျော့သွားတတ်ပါတယ်။

၃။ တည်နေရာ

တည်နေရာပြဿနာကလည်း ခိုင်မာတဲ့ အကြောင်းပြချင်တခုဖြစ်နိုင်ပါတယ်။ အလုပ်ခေါ်တဲ့နေရာက ဝေးလွန်းနေတာ ဒါမှမဟုတ် သွား လာရခက်ခဲတဲ့နေရာ ဖြစ်နေတာကြောင့် အင်တာဗျူးကို လာရောက်ဖြေဆိုဖို့ စိတ်ကူးမရှိတော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၄။ အလုပ်တာဝန်

ဖော်ပြထားတဲ့ အလုပ်တာဝန်တွေက ကိုယ့်အရည်အချင်းနဲ့ မကိုက်ညီဘူးလို့ ခံစားရတာမျိုး ဒါမှမဟုတ် စိတ်မဝင်စားတဲ့ အလုပ်မျိုးဖြစ်နေတာကြောင့် မလာရောက်တာလည်း ဖြစ်နိုင်ပါတယ်။ တခါတလေမှာ ရွေးချယ်စရာအများကြီးထဲကနေ ပြန်လည်ရွေးချယ်ပြီး စဉ်းစားတာမျိုးရှိနိုင်ပါနယ်။ လုပ်သားရှားပါးတဲ့ အခြေအနေမှာ အလုပ်ရှင်တွေဘက်ကပဲ ရွေးချယ်မှုလုပ်တာမျိုး မဟုတ်တော့ဘဲ ဝန်ထမ်းတွေဘက်ကလည်း အလုပ်ကို၊ ကုမ္ပဏီကို ရွေးချယ်လာတာမျိုး ရှိနိုင်ပါတယ်။

၅။ ကုမ္ပဏီနာမည် သို့မဟုတ် ဂုဏ်သတင်း

လျှောက်ထားတဲ့ ကုမ္ပဏီရဲ့ နာမည်နဲ့ ပတ်သက်ပြီး ကောင်းတဲ့ ဂုဏ်သတင်းမရှိတာမျိုး သို့မဟုတ် အွန်လိုင်းမှာ ရှာဖွေကြည့်တဲ့အခါ မကောင်းတဲ့ ဝေဖန်ချက်တွေ တွေ့ရတာမျိုးဆိုရင်လည်း အလုပ်လျှောက်ထားသူတွေက စိတ်ပြောင်းသွားတတ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီဂုဏ်သတင်းကလည်း အရေးကြီးပါတယ်။

၆။ ဆက်သွယ်မရတာ

အလုပ်လျှောက်ထားသူရဲ့ ဖုန်းနံပါတ် သို့မဟုတ် အီးမေးလ်လိပ်စာ မှားနေတာ ဒါမှမဟုတ် မပြည့်စုံတာကြောင့် အလုပ်ခေါ်တဲ့သူဘက်က ဆက်သွယ်လို့ မရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအချက်ကလည်း အင်တာဗျူးခေါ်တဲ့အခါ မလာတဲ့ အကြောင်းပြချက်တွေထဲက တခုဖြစ်စေပါတယ်။

၇။ စိတ်ဝင်စားမှု လျော့နည်းသွားတာ

CV ဖောင် တင်ပြီးတဲ့နောက်မှာ အလုပ်တစ်ခု ရသွားတာမျိုး မဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် အဲဒီအလုပ်အပေါ် စိတ်ဝင်စားမှု လျော့နည်းသွားတာကြောင့်လည်း အင်တာဗျူးကို မလာတော့တာ ဖြစ်နိုင်ပါတယ်။ဒီလိုအခြေအနေတွေကို ရှောင်ရှားနိုင်ဖို့အတွက် အလုပ်ခေါ်တဲ့ ကုမ္ပဏီအနေနဲ့ အလုပ်ခေါ်ယူမှု လုပ်ငန်းစဉ် (Recruitment Process) ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သင့်ပါတယ်။ ဥပမာ လျှောက်လွှာတင်ပြီးတဲ့နောက်မှာ အလုပ်လျှောက်ထားသူနဲ့ အမြန်ဆုံး ဆက်သွယ်တာ၊ လစာကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောပြတာ စတာတွေ လုပ်ဆောင်နိုင်ပါတယ်။ အချိန်ကြန့်ကြာမှုတွေကလည်း အခြေအနေကို တမျိုးပြောင်းလဲသွားစေနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

ကျော့ကေခိုင်

zawgyi

အလုပ္ေလွ်ာက္လႊာတင္ထားၿပီး အင္တာဗ်ဴးလာေရာက္ေျဖဆိုဖို႔ ဖိတ္ေခၚတဲ့အခါမွာ မလာေရာက္ၾကတဲ့ အဓိက အေၾကာင္းအရင္းေတြက ဘာမ်ားျဖစ္မလဲ။ ဒီတပတ္မွာေတာ့ ဒီအခ်က္နဲ႔ပတ္သက္ၿပီး တင္ျပေပးသြားခ်င္ပါတယ္။ အလုပ္ေလွ်ာက္ၿပီး အင္တာဗ်ဴးေခၚတဲ့ အခါ မလာရတဲ့ အေၾကာင္းအခ်က္မ်ားစြာထဲက သိသာထင္ရွားတဲ့ အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

၁။ တျခားအလုပ္ရသြားတာ

CV ေဖာင္တင္ၿပီး အလုပ္အင္တာဗ်ဴးေခၚတဲ့အခါ ဘာေၾကာင့္မလာတာလဲဆိုတာမ်ိဳး အလုပ္ရွင္ေတြ၊ HR တာဝန္ရွိသူေတြအတြက္ ေခါင္းခဲစရာ စဥ္းစားခ်က္တခုျဖစ္ေစပါတယ္။ ဘာေၾကာင့္မလာသလဲဆိုတဲ့ အခ်က္ေတြထဲမွာ တျခားအလုပ္တစ္ခု ရသြားတဲ့အတြက္ေၾကာင့္ မလာေရာက္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဒါဟာ အေတြ႕ရအမ်ားဆုံး အေျခအေနတစ္ခုပါပဲ။ ဒီၾကားထဲမွာ အလုပ္ေလွ်ာက္ရင္း အလုပ္တခုရသြားတာေၾကာင့္ အင္တာဗ်ဴးမလာေတာ့တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

၂။ လစာကိစၥ

အလုပ္တာဝန္ သို႔မဟုတ္ လစာနဲ႔ ပတ္သက္ၿပီး ေမွ်ာ္လင့္ထားတာနဲ႔ ကြာျခားတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ လစာအေျခအေနကို သိရတဲ့အခါ ကိုယ္လိုခ်င္တဲ့ပမာဏ မဟုတ္ဘူးဆိုရင္ အင္တာဗ်ဴးလာဖို႔ စိတ္ဝင္စားမႈ ေလ်ာ့သြားတတ္ပါတယ္။

၃။ တည္ေနရာ

တည္ေနရာျပႆနာကလည္း ခိုင္မာတဲ့ အေၾကာင္းျပခ်င္တခုျဖစ္ႏိုင္ပါတယ္။ အလုပ္ေခၚတဲ့ေနရာက ေဝးလြန္းေနတာ ဒါမွမဟုတ္ သြား လာရခက္ခဲတဲ့ေနရာ ျဖစ္ေနတာေၾကာင့္ အင္တာဗ်ဴးကို လာေရာက္ေျဖဆိုဖို႔ စိတ္ကူးမရွိေတာ့တာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။

၄။ အလုပ္တာဝန္

ေဖာ္ျပထားတဲ့ အလုပ္တာဝန္ေတြက ကိုယ့္အရည္အခ်င္းနဲ႔ မကိုက္ညီဘူးလို႔ ခံစားရတာမ်ိဳး ဒါမွမဟုတ္ စိတ္မဝင္စားတဲ့ အလုပ္မ်ိဳးျဖစ္ေနတာေၾကာင့္ မလာေရာက္တာလည္း ျဖစ္ႏိုင္ပါတယ္။ တခါတေလမွာ ေ႐ြးခ်ယ္စရာအမ်ားႀကီးထဲကေန ျပန္လည္ေ႐ြးခ်ယ္ၿပီး စဥ္းစားတာမ်ိဳးရွိႏိုင္ပါနယ္။ လုပ္သားရွားပါးတဲ့ အေျခအေနမွာ အလုပ္ရွင္ေတြဘက္ကပဲ ေ႐ြးခ်ယ္မႈလုပ္တာမ်ိဳး မဟုတ္ေတာ့ဘဲ ဝန္ထမ္းေတြဘက္ကလည္း အလုပ္ကို၊ ကုမၸဏီကို ေ႐ြးခ်ယ္လာတာမ်ိဳး ရွိႏိုင္ပါတယ္။

၅။ ကုမၸဏီနာမည္ သို႔မဟုတ္ ဂုဏ္သတင္း

ေလွ်ာက္ထားတဲ့ ကုမၸဏီရဲ႕ နာမည္နဲ႔ ပတ္သက္ၿပီး ေကာင္းတဲ့ ဂုဏ္သတင္းမရွိတာမ်ိဳး သို႔မဟုတ္ အြန္လိုင္းမွာ ရွာေဖြၾကည့္တဲ့အခါ မေကာင္းတဲ့ ေဝဖန္ခ်က္ေတြ ေတြ႕ရတာမ်ိဳးဆိုရင္လည္း အလုပ္ေလွ်ာက္ထားသူေတြက စိတ္ေျပာင္းသြားတတ္ပါတယ္။ ဒါေၾကာင့္ ကုမၸဏီဂုဏ္သတင္းကလည္း အေရးႀကီးပါတယ္။

၆။ ဆက္သြယ္မရတာ

အလုပ္ေလွ်ာက္ထားသူရဲ႕ ဖုန္းနံပါတ္ သို႔မဟုတ္ အီးေမးလ္လိပ္စာ မွားေနတာ ဒါမွမဟုတ္ မျပည့္စုံတာေၾကာင့္ အလုပ္ေခၚတဲ့သူဘက္က ဆက္သြယ္လို႔ မရတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ဒီအခ်က္ကလည္း အင္တာဗ်ဴးေခၚတဲ့အခါ မလာတဲ့ အေၾကာင္းျပခ်က္ေတြထဲက တခုျဖစ္ေစပါတယ္။

၇။ စိတ္ဝင္စားမႈ ေလ်ာ့နည္းသြားတာ

CV ေဖာင္ တင္ၿပီးတဲ့ေနာက္မွာ အလုပ္တစ္ခု ရသြားတာမ်ိဳး မဟုတ္ဘဲ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အဲဒီအလုပ္အေပၚ စိတ္ဝင္စားမႈ ေလ်ာ့နည္းသြားတာေၾကာင့္လည္း အင္တာဗ်ဴးကို မလာေတာ့တာ ျဖစ္ႏိုင္ပါတယ္။ဒီလိုအေျခအေနေတြကို ေရွာင္ရွားႏိုင္ဖို႔အတြက္ အလုပ္ေခၚတဲ့ ကုမၸဏီအေနနဲ႔ အလုပ္ေခၚယူမႈ လုပ္ငန္းစဥ္ (Recruitment Process) ကို ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္သင့္ပါတယ္။ ဥပမာ ေလွ်ာက္လႊာတင္ၿပီးတဲ့ေနာက္မွာ အလုပ္ေလွ်ာက္ထားသူနဲ႔ အျမန္ဆုံး ဆက္သြယ္တာ၊ လစာကိစၥကို ပြင့္ပြင့္လင္းလင္း ေျပာျပတာ စတာေတြ လုပ္ေဆာင္ႏိုင္ပါတယ္။ အခ်ိန္ၾကန္႔ၾကာမႈေတြကလည္း အေျခအေနကို တမ်ိဳးေျပာင္းလဲသြားေစႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*