
ထိုင်းမှာတော့ လူ့စွမ်းအားအရင်းအမြစ်မညီမျှမှုကို လျှော့ချဖို့နဲ့ သက်ကြီးရွယ်အို လူ့အဖွဲ့အစည်းပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းမှုတရပ်အနေနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကသက်ကြီးရွယ်အိုများအတွက် အလုပ်အကိုင်များ ဖန်တီးပေးနေပါတယ်။ထိုင်းနိုင်ငံမှာ သက်ကြီးရွယ်အို ဦးရေက ငါးဦးမှာ တဦးရှိတာကြောင့် ကျွမ်းကျင်သူများကအစိုးရအနေနဲ့ သက်ကြီးရွယ်အိုများရဲ့ လူမှုဖူလုံရေးကို အာမခံဖို့ လိုအပ်တဲ့ အကာအကွယ်များမချမှတ်ဖူးဆိုရင် နိုင်ငံက လူဦးရေးဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်ရမယ်လို့အစောပိုင်းကတည်းက ပြောနေကြတာဖြစ်ပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံမှာ သက်ကြီးရွယ်အို ၁၃သန်းခန့်ရှိပြီး အဲဒီအထဲက ၅သန်းခန့်ကတော့လုပ်သားအင်အားအဖြစ်ကျန်ရှိနေပါသေးတယ်။ ဒါပေမဲ့ အများစုက လစာနည်းပြီးဝင်ငွေစီးဆင်းမှု မတည်မငြိမ်ဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာအလုပ်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။အလုပ်အကိုင် ရှာဖွေရေး ဦးစီးဌာန [DOE] ကို အငြိမ်းစားယူတဲ့ အသက် အရွယ်ကျော်လွန်သူများအတွက် အလုပ်အကိုင် ရှာဖွေဖို့ တာဝန်ပေးအပ်ထားတယ်လို့ အလုပ်သမားဝန်ကြီး ဆူချတ် ချွန်ကလင်က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာအသက် ၆၀ ကျော်သူ ၁,၀၀၇ ဦးကို အလုပ်ခန့်အပ်ခဲ့ပြီးဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။
အလုပ်လုပ်နိုင်စွမ်းရှိတဲ့ သက်ကြီးရွယ်အို ၉,၄၀၈ ဦးဆီက မကြာသေးမီက ကောက်ယူထားတဲ့စစ်တပ်တခုကို ကိုးကားပြီး သူတို့ထဲက ၇၆ရာခိုင်နှုန်းက ကိုယ်ပိုင်အလုပ်လုပ်ကိုင်လိုပြီး ၁၅ရာခိုင်နှုန်းက အချိန်ပြည့်အလုပ်ကို လိုလားကြပြီး၊ ၉ရာခိုင်နှုန်းကတော့ဘယ်လိုအလုပ်မျိုးမဆို လုပ်ကိုင်ဖို့ အသင့်ရှိကြောင်း သူက ပြောကြားခဲ့ပါတယ်။
အလုပ်အကိုင်အမျိုးအစား
သက်ကြီးရွယ်အိုများကို ကမ်းလှမ်းခဲ့တဲ့ ထိပ်တန်းအလုပ်အကိုင် ငါးခုကတော့ထုတ်လုပ်မှုလုပ်သားများ၊ အိမ်ထိန်းများ၊ လုံခြုံရေးဝန်ထမ်းများ၊ နည်းပြများနဲ့ယာဉ်မောင်းများ၊ လို့ သူကပြောပါတယ်။ ဘာရီစတာ၊ ဌာနခွဲမန်နေဂျာ၊ ဝန်ဆောင်မှုဝန်ထမ်းနဲ့စားဖိုမှူးများအပါအဝင် ဆေးဝါးကျွမ်းကျင်သူများ၊ဝန်ဆောင်မှုလုပ်သားစတဲ့အလုပ်အကိုင်များအတွက် လိုအပ်တဲ့သက်ကြီးရွယ်အိုလုပ်သားများကိုလည်း ထိုင်းမှာရှိတဲ့ စူပါမားကတ်တွေနဲ့စားသောက်ဆိုင်ကြီးများက ခေါ်ယူသွားမှာဖြစ်ပါတယ်။အသက် ၆၀နဲ့အထက် သက်ကြီးရွယ်အို အလုပ်သမားများက ကုန်ပစ္စည်းစင်များမှာပစ္စည်းဖြည့်သွင်းတာ၊ ကုန်ပစ္စည်းချိန်တွယ်ရာမှာ ကူညီသူများနဲ့ ဝန်ဆောင်မှုဝန်ထမ်းများအဖြစ်ခန့်အပ်ခံရမှာဖြစ်ပါတယ်။
လုပ်ခလစာနဲ့ အကျိုးခံစားခွင့်
ထိုင်းတနိုင်ငံလုံးမှာ ဆိုင်ခွဲပေါင်း နှစ်ထောင်ကျော်ရှိတဲ့ မက်ခရို နဲ့ လိုတက်ခ် ဆိုင်ကြီးများက“60 still good” လှုပ်ရှားမှုကို လုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ရည်မှန်းချက်က ၂၀၂၃၀မှာသက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူ လေးသိန်းကို အလုပ်ခန့်အပ်ရန်ဖြစ်ပါတယ်။သက်ကြီးရွယ်အိုများက သူတို့ရဲ့နေအိမ်အနီးအနားက ဆိုင်ခွဲတွေမှာ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့အချိန်ဇယားများနဲ့ နေ့စဉ်အနိမ့်ဆုံးလုပ်ခအောက် မနည်းတဲ့ လစာများနဲ့အလုပ်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဆေးကုသမှုနဲ့နှစ်စဉ်ကျန်းမာရေးစစ်ဆေးခွင့်အပါအဝင် လူမှုဖူလုံရေးအ ကျိုးခံစားခွင့်များလည်းရရှိမှာဖြစ်ပါတယ်။တချို့အလုပ်တွေက အချိန်ပိုင်းလုပ်ကိုင်နိုင်ပြီး တနာရီလုပ်ခ ဘတ် ၅၀ဖြစ်ပါတယ်။အကျိုးခံ စားခွင့်များမှာ အရန်ရန်ပုံငွေ၊ နှစ်စဉ်ဆေးစစ်တာနဲ့ အသက်အာမခံတို့ပါဝင်ပါတယ်။
အသက်အရွယ်က အကန့်အသတ်မဟုတ်
ထိုင်းမှာတော့ အသက်အရွယ်က ကန့်သတ်ချက်မဟုတ်ဘူးဆိုတာကိုအစိုးရနဲ့ပြည်သူတွေပူးပေါင်းပြီး အကောင်အထည်ဖော်နေကြပါတယ်။ အစိုးရပိုင်းကမူဝါဒတွေအကောင်အထည်ဖော်နေသလိုပဲ လုပ်ငန်းရှင်တွေကို အသက်ကြီးသူတွေကိုအလုပ်ခန့်အပ်ဖို့နဲ့၊ အခွန်သက်သာခွင့်၊ ထောက်ပံ့ကြေးတွေ ပေးဖို့သက်ဆိုင်ရာအဖွဲ့အစည်းတွေက တိုက်တွန်းနေကြတာတွေရှိပါတယ်။သင့်တော်တဲ့နေရာမှာ အလုပ်လုပ်ကိုင်နိုင်သူတိုင်းအတွက် အသက်အရွယ်ကကန့်သတ်ချက်မဟုတ်တော့ပါဘူး။ အသက်ကြီးလာရင် ပင်စင်ယူပြီး ဘာအလုပ်မှမလုပ်ဘဲပင်စင်လစာကို ထိုင်စားဖို့ဆိုတာကလည်း အမြဲတမ်းတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ထိုင်းမှာက အ စောဆုံးအသက် ၅၀မှာ အငြိမ်းစားယူပြီးမိသားစုရဲ့ ထောက်ပံ့မှုအပေါ်မှာ အများဆုံးမှီခိုနေကြရပါတယ်။ ဒါပေမဲ့မွေးဖွားနှုန်းကျဆင်းလာပြီး သက်တမ်းစေ့နေနိုင်မှု ပိုမိုကြာမြင့်လာတာကြောင့် ကလေးတဦးကမိဘနှစ်ပါးအပါအဝင် ဘိုးဘွားများကိုပါ စောက်ရှောက်ရမယ့် အခြေအနေရောက်သွားပါတယ်။ဒီအချက်က ထိုင်းအစိုးရကို ခေါင်းခဲစေပြီး နိုင်ငံတော်ရဲ့ လူမှုဖူလုံရေးစနစ်များကလည်းသက်ကြီးရွယ်အိုများအတွက် လုံလောက်တဲ့ ဘေးကင်းလုံခြုံရေးကွန်ရက်ကို ထောက်ပံ့ပေးဖို့မဖြစ်နိုင်ပါဘူး။
အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်မှု
ဘာပဲဖြစ်ဖြစ် အသက် ၆၀အရွယ်တွေကို အလုပ်ခန့်အပ်ဖို့ မူဝါဒချမှတ်တဲ့ ထိုင်းအစိုးရရော၊အလုပ်ခန့်ဖို့အတွက် စိတ်အားထက်သန်ကြတဲ့ လုပ်ငန်းရှင်တွေကိုရော အသိအမှတ်ပြုရပါမယ်။ခေါင်းဆောင်ဆိုတာက လက်ရှိကာလကိုပဲမဟုတ်ဘဲ နောင် ငါးနှစ်၊ ဆယ်နှစ်အတွက်လည်းကြိုတင်ပြင်ဆင်ပြီး တွေးတောထားဖို့လိုပါတယ်။ ခေါင်းဆောင်တွေ မျှော်မြင်တတ်တဲ့အခါပြည်သူတွေရဲ့ လူမှုဘဝတွေအကာအ ကွယ်ရပြီး လုံခြုံရတာပါပဲ။အသက် ၆၀ကျော်များကို အလုပ်ခန့်ထားဖို့ မူဝါဒချမှတ်တာနဲ့ပတ်သက်ပြီး ခရီးသွားလာရေးဝန်ကြီးရဲ့ အတွင်း ရေးမှူးနဲ့ ဖူးထိုင်းပါတီရဲ့ စီးပွားရေးအဖွဲ့ဝင်ဖြစ်တဲ့ ခရစ်ဆဒါတန်သာဒစ်သစ်က အခုလိုပြောပါတယ်။ငါတို့ စတင်ပြင်ဆင်ရမယ်၊ မဟုတ်ရင် ဒီအရင်းအမြစ်ဟာ အသုံးမပြုဘဲ ကျန်နေလိမ့်မယ်
ကျော့ကေခိုင်
zawgyi
ထိုင္းမွာေတာ့ လူ႔စြမ္းအားအရင္းအျမစ္မညီမွ်မႈကို ေလွ်ာ့ခ်ဖို႔နဲ႔ သက္ႀကီး႐ြယ္အို လူ႔အဖြဲ႕အစည္းျပႆနာကို ေျဖရွင္းဖို႔ ႀကိဳးပမ္းမႈတရပ္အေနနဲ႔ ထိုင္းအလုပ္သမားဝန္ႀကီးဌာနကသက္ႀကီး႐ြယ္အိုမ်ားအတြက္ အလုပ္အကိုင္မ်ား ဖန္တီးေပးေနပါတယ္။ထိုင္းႏိုင္ငံမွာ သက္ႀကီး႐ြယ္အို ဦးေရက ငါးဦးမွာ တဦးရွိတာေၾကာင့္ ကြၽမ္းက်င္သူမ်ားကအစိုးရအေနနဲ႔ သက္ႀကီး႐ြယ္အိုမ်ားရဲ႕ လူမႈဖူလုံေရးကို အာမခံဖို႔ လိုအပ္တဲ့ အကာအကြယ္မ်ားမခ်မွတ္ဖူးဆိုရင္ ႏိုင္ငံက လူဦးေရးဆိုင္ရာ အက်ပ္အတည္းနဲ႔ ရင္ဆိုင္ရမယ္လို႔အေစာပိုင္းကတည္းက ေျပာေနၾကတာျဖစ္ပါတယ္။
လက္ရွိမွာ ထိုင္းႏိုင္ငံမွာ သက္ႀကီး႐ြယ္အို ၁၃သန္းခန႔္ရွိၿပီး အဲဒီအထဲက ၅သန္းခန႔္ကေတာ့လုပ္သားအင္အားအျဖစ္က်န္ရွိေနပါေသးတယ္။ ဒါေပမဲ့ အမ်ားစုက လစာနည္းၿပီးဝင္ေငြစီးဆင္းမႈ မတည္မၿငိမ္ျဖစ္တဲ့ စိုက္ပ်ိဳးေရးက႑ေတြမွာအလုပ္လုပ္ကိုင္ေနၾကတာျဖစ္တယ္လို႔ ဘန္ေကာက္ပို႔စ္ရဲ႕ ေဆာင္းပါးမွာ ေဖာ္ျပထားပါတယ္။အလုပ္အကိုင္ ရွာေဖြေရး ဦးစီးဌာန [DOE] ကို အၿငိမ္းစားယူတဲ့ အသက္ အ႐ြယ္ေက်ာ္လြန္သူမ်ားအတြက္ အလုပ္အကိုင္ ရွာေဖြဖို႔ တာဝန္ေပးအပ္ထားတယ္လို႔ အလုပ္သမားဝန္ႀကီး ဆူခ်တ္ ခြၽန္ကလင္က ၿပီးခဲ့တဲ့ တနလၤာေန႔မွာ ေျပာၾကားခဲ့ၿပီး ၂၀၂၁ ဘ႑ာေရးႏွစ္မွာအသက္ ၆၀ ေက်ာ္သူ ၁,၀၀၇ ဦးကို အလုပ္ခန႔္အပ္ခဲ့ၿပီးျဖစ္ေၾကာင္းထည့္သြင္းေျပာၾကားခဲ့ပါတယ္။
အလုပ္လုပ္ႏိုင္စြမ္းရွိတဲ့ သက္ႀကီး႐ြယ္အို ၉,၄၀၈ ဦးဆီက မၾကာေသးမီက ေကာက္ယူထားတဲ့စစ္တပ္တခုကို ကိုးကားၿပီး သူတို႔ထဲက ၇၆ရာခိုင္ႏႈန္းက ကိုယ္ပိုင္အလုပ္လုပ္ကိုင္လိုၿပီး ၁၅ရာခိုင္ႏႈန္းက အခ်ိန္ျပည့္အလုပ္ကို လိုလားၾကၿပီး၊ ၉ရာခိုင္ႏႈန္းကေတာ့ဘယ္လိုအလုပ္မ်ိဳးမဆို လုပ္ကိုင္ဖို႔ အသင့္ရွိေၾကာင္း သူက ေျပာၾကားခဲ့ပါတယ္။
အလုပ္အကိုင္အမ်ိဳးအစား
သက္ႀကီး႐ြယ္အိုမ်ားကို ကမ္းလွမ္းခဲ့တဲ့ ထိပ္တန္းအလုပ္အကိုင္ ငါးခုကေတာ့ထုတ္လုပ္မႈလုပ္သားမ်ား၊ အိမ္ထိန္းမ်ား၊ လုံၿခဳံေရးဝန္ထမ္းမ်ား၊ နည္းျပမ်ားနဲ႔ယာဥ္ေမာင္းမ်ား၊ လို႔ သူကေျပာပါတယ္။ ဘာရီစတာ၊ ဌာနခြဲမန္ေနဂ်ာ၊ ဝန္ေဆာင္မႈဝန္ထမ္းနဲ႔စားဖိုမႉးမ်ားအပါအဝင္ ေဆးဝါးကြၽမ္းက်င္သူမ်ား၊ဝန္ေဆာင္မႈလုပ္သားစတဲ့အလုပ္အကိုင္မ်ားအတြက္ လိုအပ္တဲ့သက္ႀကီး႐ြယ္အိုလုပ္သားမ်ားကိုလည္း ထိုင္းမွာရွိတဲ့ စူပါမားကတ္ေတြနဲ႔စားေသာက္ဆိုင္ႀကီးမ်ားက ေခၚယူသြားမွာျဖစ္ပါတယ္။အသက္ ၆၀နဲ႔အထက္ သက္ႀကီး႐ြယ္အို အလုပ္သမားမ်ားက ကုန္ပစၥည္းစင္မ်ားမွာပစၥည္းျဖည့္သြင္းတာ၊ ကုန္ပစၥည္းခ်ိန္တြယ္ရာမွာ ကူညီသူမ်ားနဲ႔ ဝန္ေဆာင္မႈဝန္ထမ္းမ်ားအျဖစ္ခန႔္အပ္ခံရမွာျဖစ္ပါတယ္။
လုပ္ခလစာနဲ႔ အက်ိဳးခံစားခြင့္
ထိုင္းတႏိုင္ငံလုံးမွာ ဆိုင္ခြဲေပါင္း ႏွစ္ေထာင္ေက်ာ္ရွိတဲ့ မက္ခ႐ို နဲ႔ လိုတက္ခ္ ဆိုင္ႀကီးမ်ားက“60 still good” လႈပ္ရွားမႈကို လုပ္ခဲ့ၾကပါတယ္။ သူတို႔ရဲ႕ရည္မွန္းခ်က္က ၂၀၂၃၀မွာသက္ႀကီး႐ြယ္အိုနဲ႔ မသန္စြမ္းသူ ေလးသိန္းကို အလုပ္ခန႔္အပ္ရန္ျဖစ္ပါတယ္။သက္ႀကီး႐ြယ္အိုမ်ားက သူတို႔ရဲ႕ေနအိမ္အနီးအနားက ဆိုင္ခြဲေတြမွာ ေျပာင္းလြယ္ျပင္လြယ္ရွိတဲ့အခ်ိန္ဇယားမ်ားနဲ႔ ေန႔စဥ္အနိမ့္ဆုံးလုပ္ခေအာက္ မနည္းတဲ့ လစာမ်ားနဲ႔အလုပ္ေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ ေဆးကုသမႈနဲ႔ႏွစ္စဥ္က်န္းမာေရးစစ္ေဆးခြင့္အပါအဝင္ လူမႈဖူလုံေရးအ က်ိဳးခံစားခြင့္မ်ားလည္းရရွိမွာျဖစ္ပါတယ္။တခ်ိဳ႕အလုပ္ေတြက အခ်ိန္ပိုင္းလုပ္ကိုင္ႏိုင္ၿပီး တနာရီလုပ္ခ ဘတ္ ၅၀ျဖစ္ပါတယ္။အက်ိဳးခံ စားခြင့္မ်ားမွာ အရန္ရန္ပုံေငြ၊ ႏွစ္စဥ္ေဆးစစ္တာနဲ႔ အသက္အာမခံတို႔ပါဝင္ပါတယ္။
အသက္အ႐ြယ္က အကန႔္အသတ္မဟုတ္
ထိုင္းမွာေတာ့ အသက္အ႐ြယ္က ကန႔္သတ္ခ်က္မဟုတ္ဘူးဆိုတာကိုအစိုးရနဲ႔ျပည္သူေတြပူးေပါင္းၿပီး အေကာင္အထည္ေဖာ္ေနၾကပါတယ္။ အစိုးရပိုင္းကမူဝါဒေတြအေကာင္အထည္ေဖာ္ေနသလိုပဲ လုပ္ငန္းရွင္ေတြကို အသက္ႀကီးသူေတြကိုအလုပ္ခန႔္အပ္ဖို႔နဲ႔၊ အခြန္သက္သာခြင့္၊ ေထာက္ပံ့ေၾကးေတြ ေပးဖို႔သက္ဆိုင္ရာအဖြဲ႕အစည္းေတြက တိုက္တြန္းေနၾကတာေတြရွိပါတယ္။သင့္ေတာ္တဲ့ေနရာမွာ အလုပ္လုပ္ကိုင္ႏိုင္သူတိုင္းအတြက္ အသက္အ႐ြယ္ကကန႔္သတ္ခ်က္မဟုတ္ေတာ့ပါဘူး။ အသက္ႀကီးလာရင္ ပင္စင္ယူၿပီး ဘာအလုပ္မွမလုပ္ဘဲပင္စင္လစာကို ထိုင္စားဖို႔ဆိုတာကလည္း အၿမဲတမ္းတက္ေနတဲ့ ကုန္ေဈးႏႈန္းနဲ႔ဘယ္လိုမွမျဖစ္ႏိုင္ေတာ့ပါဘူး။ ထိုင္းမွာက အ ေစာဆုံးအသက္ ၅၀မွာ အၿငိမ္းစားယူၿပီးမိသားစုရဲ႕ ေထာက္ပံ့မႈအေပၚမွာ အမ်ားဆုံးမွီခိုေနၾကရပါတယ္။ ဒါေပမဲ့ေမြးဖြားႏႈန္းက်ဆင္းလာၿပီး သက္တမ္းေစ့ေနႏိုင္မႈ ပိုမိုၾကာျမင့္လာတာေၾကာင့္ ကေလးတဦးကမိဘႏွစ္ပါးအပါအဝင္ ဘိုးဘြားမ်ားကိုပါ ေစာက္ေရွာက္ရမယ့္ အေျခအေနေရာက္သြားပါတယ္။ဒီအခ်က္က ထိုင္းအစိုးရကို ေခါင္းခဲေစၿပီး ႏိုင္ငံေတာ္ရဲ႕ လူမႈဖူလုံေရးစနစ္မ်ားကလည္းသက္ႀကီး႐ြယ္အိုမ်ားအတြက္ လုံေလာက္တဲ့ ေဘးကင္းလုံၿခဳံေရးကြန္ရက္ကို ေထာက္ပံ့ေပးဖို႔မျဖစ္ႏိုင္ပါဘူး။
အေမွ်ာ္အျမင္ရွိတဲ့ ေခါင္းေဆာင္မႈ
ဘာပဲျဖစ္ျဖစ္ အသက္ ၆၀အ႐ြယ္ေတြကို အလုပ္ခန႔္အပ္ဖို႔ မူဝါဒခ်မွတ္တဲ့ ထိုင္းအစိုးရေရာ၊အလုပ္ခန႔္ဖို႔အတြက္ စိတ္အားထက္သန္ၾကတဲ့ လုပ္ငန္းရွင္ေတြကိုေရာ အသိအမွတ္ျပဳရပါမယ္။ေခါင္းေဆာင္ဆိုတာက လက္ရွိကာလကိုပဲမဟုတ္ဘဲ ေနာင္ ငါးႏွစ္၊ ဆယ္ႏွစ္အတြက္လည္းႀကိဳတင္ျပင္ဆင္ၿပီး ေတြးေတာထားဖို႔လိုပါတယ္။ ေခါင္းေဆာင္ေတြ ေမွ်ာ္ျမင္တတ္တဲ့အခါျပည္သူေတြရဲ႕ လူမႈဘဝေတြအကာအ ကြယ္ရၿပီး လုံၿခဳံရတာပါပဲ။အသက္ ၆၀ေက်ာ္မ်ားကို အလုပ္ခန႔္ထားဖို႔ မူဝါဒခ်မွတ္တာနဲ႔ပတ္သက္ၿပီး ခရီးသြားလာေရးဝန္ႀကီးရဲ႕ အတြင္း ေရးမႉးနဲ႔ ဖူးထိုင္းပါတီရဲ႕ စီးပြားေရးအဖြဲ႕ဝင္ျဖစ္တဲ့ ခရစ္ဆဒါတန္သာဒစ္သစ္က အခုလိုေျပာပါတယ္။ငါတို႔ စတင္ျပင္ဆင္ရမယ္၊ မဟုတ္ရင္ ဒီအရင္းအျမစ္ဟာ အသုံးမျပဳဘဲ က်န္ေနလိမ့္မယ္
ေက်ာ့ေကခိုင္
Leave a Reply