တစ်သားထဲကျတဲ့ စည်းလုံးမှု

သင်္ချာသဘောအရဆိုရင်တော့ တစ်နဲ့ တစ်ပေါင်းရင် နှစ်ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့နောက်တစ်ယောက်နဲ့ ပေါင်းပြီး အလုပ်လုပ်ကြမယ် ဆိုရင်တော့ တသမတ်ထဲ ရှိတဲ့အဖြေရချင်မှ ရပါလိမ့်မယ်။လူနှစ်ယောက်ရဲ့ ပူးပေါင်းမှုဟာ သာမန်ပဲဆိုရင်တော့ တစ်နဲ့ တစ်ပေါင်းခြင်းဟာနှစ်ဖြစ်နိုင်ပါတယ်။ မတည့်သူနှစ်ယောက် ပူးပေါင်းမိရင်တော့ တစ်နဲ့ တစ်ပေါင်းခြင်းဟာနှစ်ထက် နည်းနိုင်တယ်။ အခန့်မသင့်ရင် သုညတောင် ဖြစ်သွားနိုင်သေးတယ်။လူနှစ်ယောက်ရဲ့ ပူးပေါင်းမှုက တစ်သားထဲ ကျလောက်တဲ့ စည်းလုံးမှု synergy ကိုရစေနိုင်ရင်တော့ သူတို့ရဲ့ တစ်နဲ့ တစ်ပေါင်းခြင်းက နှစ်ထက်ပိုစေတဲ့ ရလဒ်မျိုးကိုဖြစ်လာစေနိုင်ပါတယ်။

လူတွေကို အဖွဲ့ team နဲ့ ထိထိရောက်ရောက် အလုပ်လုပ်နိုင်ဖို့ ဖွဲ့စည်းပေးရာမှာအဆင့်ငါးဆင့် ရှိပါတယ်။ပထမအဆင့်ကတော့ ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ ဒီအဆင့်က ပါဝင်ရမယ့်သူတွေကိုစုစည်းပေးတာ ဖြစ်ပါတယ်။ လူတွေက ဖွဲ့စည်းပေးလို့ ပါဝင်လာကြပေမယ့် အဖွဲ့ရဲ့
ရည်မှန်းချက်တွေ အလုပ်တွေကို စမ်းတဝါးဝါးပဲ သိကြပါသေးတယ်။ သူတို့ရဲ့ အနေအထားနဲ့လုပ်ရမယ့်အလုပ်တွေကို ညွှန်ကြား ပေးနေရတဲ့ အဆင့်ပဲ ရှိပါသေးတယ်။

ဒုတိယအဆင့်ကိုရောက်တော့ အဖွဲ့ရဲ့ ရည်မှန်းချက်တွေကို ပိုနားလည်လာပါပြီ။အဖွဲ့ဝင်တွေရဲ့ အကြောင်းကိုလဲ ပိုသိလာပါပြီ။ အဖွဲ့ထဲမှာလဲ သူ့ထက်သူ သြဇာလွှမ်းမိုးနိုင်ဖို့ကြိုးစားလာကြပါပြီ။ အဲဒီမှာ အချင်းချင်း ယဉ်ကျေးဖွယ်ရာတွေနဲ့ ဆက်ဆံရေးကိုကျော်လွန်သွားပြီဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ သဘောထားမကိုက်တာတွေ၊ပဋိပက္ခ ဖြစ်တာတွေ ဗြောင်ကျကျ စတင်ပါတော့တယ်။အဖွဲ့တော် တော်များများဟာ ဒီအဆင့်ကို တော်တော်နဲ့ မကျော်ဖြတ်နိုင်ပါဘူး။ တချို့ဆိုရင်ဒီအဆင့်မှာပဲ ပွဲပြတ်ပါတယ်။ အဖွဲ့ထဲကထွက်ပြီး စင်ပြိုင် ထောင်ကြတာပေါ့။ကိုယ့်သဘောနဲ့ကိုယ် အဖွဲ့ကနေ ခွဲထွက်လို့မရတဲ့ အခြေအနေမှာဆိုရင်လဲ သူ့ဘက်ကိုယ့်ဘက်တွေကွဲကြပြီး၊ ဘယ်အလုပ်ကိုလုပ်လုပ်၊ ဘယ်ဆုံးဖြတ်ချက်ကိုချချအကွဲအပြဲကြီးက တောက်လျှောက် ပါနေတော့ တာပဲ။ အဖွဲ့ဝင်တွေလဲ ဒီအခြေအနေကို
စိတ်ပျက်သွားတတ်ကြပါတယ်။

ဒီအဆင့်ကိုကျော်ဖြတ်နိုင်ဖို့ရာ အဖွဲ့ခေါင်းဆောင်ရဲ့ အရည်အချင်းပေါ်မူတည်ပါတယ်။တစ်ယောက် ကို တစ်ယောက် လေးစားတတ်လာအောင်၊ သဘောထားခြင်း မတိုက်ဆိုင်တာတွေရှိပေမယ့် အချင်းချင်း ရန်သူလို့ သဘောမထားအောင်၊ တစ်ယောက်နဲ့တစ်ယောက်ပြိုင်ဖက်လို့ သဘောမထားပဲ လုပ်ဖော်ကိုင်ဖက်လို့ သဘောထားအောင်၊ ကိုယ့်အကျိုးကိုရှေ့တန်းမတင်ပဲ အဖွဲ့ရဲ့အကျိုးကို ရှေ့တန်းတင်တတ်အောင်၊ ခေါင်းဆောင်က ညှိပေးတတ်ဖို့လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မကျေလည်တာတွေကိုလဲ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ကြပြီး အပြုသဘောနဲ့ နားလည်မှုရအောင် စေ့စပ်ပေးတတ်ဖို့ လိုပါတယ်။ခေါင်းဆောင်ကောင်းနဲ့ ကြုံရလို့ အငြင်းပွားမှုတွေပြည့်နေတဲ့ ဒုတိယဆင့်ကိုကျော်ဖြတ်နိုင်ရင်တော့ အဖွဲ့ကောင်းတစ်ဖွဲ့ရပါပြီ။

ဒါကတော့ တတိယဆင့် ဖြစ်ပါတယ်။တတိယအဆင့်က ပုံမှန် လည်ပတ်နိုင်တဲ့ အဖွဲ့တစ်ခုပါ။ အဖွဲ့ထဲမှာရှိတဲ့ သူတွေကြားမှာသဘောတူညီမှုတွေရှိလာပါပြီ။ တစ်ယောက်စီက ကိုယ့်မှာရှိတဲ့ တာဝန်တွေ၊ ကိုယ့်ရဲ့အရေးပါတဲ့ အခန်းကဏ္ဋတွေကို ရှင်းရှင်းလင်းလင်း သိမြင်လာကြပါတယ်။ ဒီအဆင့်မှာအဖွဲ့ခေါင်းဆောင်ရဲ့ တာဝန်ကတော့ ကိုယ့် အဖွဲ့ဝင်တွေကို ပံ့ပိုးပေးဖို့ပါပဲ။ရန်ဖြစ်ပြီးမှ ပြန်တည့်သွားကြတဲ့ သူ ငယ်ချင်းတွေဟာ နဂိုကထက် ပိုပြီးရင်နှီးမှုကိုရစေနိုင်သတဲ့။ ဒုတိယဆင့်က ပဋိပက္ခတွေကို ကျော်လွန်ပြီး တတိယဆင့်မှာရှိတဲ့အဖွဲ့ဝင် တွေရဲ့ ပေါင်းစည်းမှုဟာ တစ်သားထဲကျတဲ့ စည်းလုံးမှု synergy ကို ရစေနိုင်တဲ့ပေါင်းစည်းမှုပါ။ ဒီစည်းလုံးမှုက စတုတ္ထဆင့်ဖြစ်တဲ့ အဖွဲ့ရဲ့ ရည်မှန်းချက်တွေကိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးနဲ့ ပဉ္စမဆင့်ဖြစ်တဲ့ အဖွဲ့ရဲ့ အလုပ်များအောင်မြင်စွာ ပြီးစီးရေးတို့ကို ဆောင်ကျဉ်းလာမှာ ဖြစ်ပါတယ်။အဖွဲ့နဲ့ အောင်မြင်စွာ အလုပ်လုပ်နိုင်ဖို့ရာ အဖွဲ့ဝင်တွေရဲ့ မတူညီမှုတွေ၊ သဘောထားမတိုက်ဆိုင်မှု တွေ၊ ပဋိပက္ခတွေကို အဖွဲ့ခေါင်းဆောင်က ထိန်းကြောင်းတတ်ဖို့လိုပါတယ်။အားလုံးတူမှ အလုပ်လုပ်နိုင်မယ်လို့ မဆိုလိုပါ။ တစ်ယောက်နဲ့ တစ်ယောက် မတူညီပေမယ့်အပေးအယူမျှပြီး အလုပ်ပြီးမြောက်အောင် လုပ်တတ်ဖို့ပဲ လိုပါတယ်။စည်းလုံးမှုအားကောင်းတဲ့ အဖွဲ့မျိုးက စုပေါင်းဆောင်ရွက်လိုက်ရင် အံ့သြလောက်တဲ့ရလဒ်တွေ ရလာတာကို မြင်တွေ့ရမှာပါ။

မမိုးခိုင်

zawgyi

သခ်ၤာသေဘာအရဆိုရင္ေတာ့ တစ္နဲ႔ တစ္ေပါင္းရင္ ႏွစ္ျဖစ္ပါတယ္။ လူတစ္ေယာက္နဲ႔ေနာက္တစ္ေယာက္နဲ႔ ေပါင္းၿပီး အလုပ္လုပ္ၾကမယ္ ဆိုရင္ေတာ့ တသမတ္ထဲ ရွိတဲ့အေျဖရခ်င္မွ ရပါလိမ့္မယ္။လူႏွစ္ေယာက္ရဲ႕ ပူးေပါင္းမႈဟာ သာမန္ပဲဆိုရင္ေတာ့ တစ္နဲ႔ တစ္ေပါင္းျခင္းဟာႏွစ္ျဖစ္ႏိုင္ပါတယ္။ မတည့္သူႏွစ္ေယာက္ ပူးေပါင္းမိရင္ေတာ့ တစ္နဲ႔ တစ္ေပါင္းျခင္းဟာႏွစ္ထက္ နည္းႏိုင္တယ္။ အခန္႔မသင့္ရင္ သုညေတာင္ ျဖစ္သြားႏိုင္ေသးတယ္။လူႏွစ္ေယာက္ရဲ႕ ပူးေပါင္းမႈက တစ္သားထဲ က်ေလာက္တဲ့ စည္းလုံးမႈ synergy ကိုရေစႏိုင္ရင္ေတာ့ သူတို႔ရဲ႕ တစ္နဲ႔ တစ္ေပါင္းျခင္းက ႏွစ္ထက္ပိုေစတဲ့ ရလဒ္မ်ိဳးကိုျဖစ္လာေစႏိုင္ပါတယ္။

လူေတြကို အဖြဲ႕ team နဲ႔ ထိထိေရာက္ေရာက္ အလုပ္လုပ္ႏိုင္ဖို႔ ဖြဲ႕စည္းေပးရာမွာအဆင့္ငါးဆင့္ ရွိပါတယ္။ပထမအဆင့္ကေတာ့ ဖြဲ႕စည္းျခင္း ျဖစ္ပါတယ္။ ဒီအဆင့္က ပါဝင္ရမယ့္သူေတြကိုစုစည္းေပးတာ ျဖစ္ပါတယ္။ လူေတြက ဖြဲ႕စည္းေပးလို႔ ပါဝင္လာၾကေပမယ့္ အဖြဲ႕ရဲ႕
ရည္မွန္းခ်က္ေတြ အလုပ္ေတြကို စမ္းတဝါးဝါးပဲ သိၾကပါေသးတယ္။ သူတို႔ရဲ႕ အေနအထားနဲ႔လုပ္ရမယ့္အလုပ္ေတြကို ၫႊန္ၾကား ေပးေနရတဲ့ အဆင့္ပဲ ရွိပါေသးတယ္။

ဒုတိယအဆင့္ကိုေရာက္ေတာ့ အဖြဲ႕ရဲ႕ ရည္မွန္းခ်က္ေတြကို ပိုနားလည္လာပါၿပီ။အဖြဲ႕ဝင္ေတြရဲ႕ အေၾကာင္းကိုလဲ ပိုသိလာပါၿပီ။ အဖြဲ႕ထဲမွာလဲ သူ႔ထက္သူ ၾသဇာလႊမ္းမိုးႏိုင္ဖို႔ႀကိဳးစားလာၾကပါၿပီ။ အဲဒီမွာ အခ်င္းခ်င္း ယဥ္ေက်းဖြယ္ရာေတြနဲ႔ ဆက္ဆံေရးကိုေက်ာ္လြန္သြားၿပီဆိုေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ရဲ႕ သေဘာထားမကိုက္တာေတြ၊ပဋိပကၡ ျဖစ္တာေတြ ေျဗာင္က်က် စတင္ပါေတာ့တယ္။အဖြဲ႕ေတာ္ ေတာ္မ်ားမ်ားဟာ ဒီအဆင့္ကို ေတာ္ေတာ္နဲ႔ မေက်ာ္ျဖတ္ႏိုင္ပါဘူး။ တခ်ိဳ႕ဆိုရင္ဒီအဆင့္မွာပဲ ပြဲျပတ္ပါတယ္။ အဖြဲ႕ထဲကထြက္ၿပီး စင္ၿပိဳင္ ေထာင္ၾကတာေပါ့။ကိုယ့္သေဘာနဲ႔ကိုယ္ အဖြဲ႕ကေန ခြဲထြက္လို႔မရတဲ့ အေျခအေနမွာဆိုရင္လဲ သူ႔ဘက္ကိုယ့္ဘက္ေတြကြဲၾကၿပီး၊ ဘယ္အလုပ္ကိုလုပ္လုပ္၊ ဘယ္ဆုံးျဖတ္ခ်က္ကိုခ်ခ်အကြဲအၿပဲႀကီးက ေတာက္ေလွ်ာက္ ပါေနေတာ့ တာပဲ။ အဖြဲ႕ဝင္ေတြလဲ ဒီအေျခအေနကို
စိတ္ပ်က္သြားတတ္ၾကပါတယ္။

ဒီအဆင့္ကိုေက်ာ္ျဖတ္ႏိုင္ဖို႔ရာ အဖြဲ႕ေခါင္းေဆာင္ရဲ႕ အရည္အခ်င္းေပၚမူတည္ပါတယ္။တစ္ေယာက္ ကို တစ္ေယာက္ ေလးစားတတ္လာေအာင္၊ သေဘာထားျခင္း မတိုက္ဆိုင္တာေတြရွိေပမယ့္ အခ်င္းခ်င္း ရန္သူလို႔ သေဘာမထားေအာင္၊ တစ္ေယာက္နဲ႔တစ္ေယာက္ၿပိဳင္ဖက္လို႔ သေဘာမထားပဲ လုပ္ေဖာ္ကိုင္ဖက္လို႔ သေဘာထားေအာင္၊ ကိုယ့္အက်ိဳးကိုေရွ႕တန္းမတင္ပဲ အဖြဲ႕ရဲ႕အက်ိဳးကို ေရွ႕တန္းတင္တတ္ေအာင္၊ ေခါင္းေဆာင္က ညႇိေပးတတ္ဖို႔လိုပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ မေက်လည္တာေတြကိုလဲ ပြင့္ပြင့္လင္းလင္းထုတ္ေဖာ္ၾကၿပီး အျပဳသေဘာနဲ႔ နားလည္မႈရေအာင္ ေစ့စပ္ေပးတတ္ဖို႔ လိုပါတယ္။ေခါင္းေဆာင္ေကာင္းနဲ႔ ႀကဳံရလို႔ အျငင္းပြားမႈေတြျပည့္ေနတဲ့ ဒုတိယဆင့္ကိုေက်ာ္ျဖတ္ႏိုင္ရင္ေတာ့ အဖြဲ႕ေကာင္းတစ္ဖြဲ႕ရပါၿပီ။

ဒါကေတာ့ တတိယဆင့္ ျဖစ္ပါတယ္။တတိယအဆင့္က ပုံမွန္ လည္ပတ္ႏိုင္တဲ့ အဖြဲ႕တစ္ခုပါ။ အဖြဲ႕ထဲမွာရွိတဲ့ သူေတြၾကားမွာသေဘာတူညီမႈေတြရွိလာပါၿပီ။ တစ္ေယာက္စီက ကိုယ့္မွာရွိတဲ့ တာဝန္ေတြ၊ ကိုယ့္ရဲ႕အေရးပါတဲ့ အခန္းကဏၬေတြကို ရွင္းရွင္းလင္းလင္း သိျမင္လာၾကပါတယ္။ ဒီအဆင့္မွာအဖြဲ႕ေခါင္းေဆာင္ရဲ႕ တာဝန္ကေတာ့ ကိုယ့္ အဖြဲ႕ဝင္ေတြကို ပံ့ပိုးေပးဖို႔ပါပဲ။ရန္ျဖစ္ၿပီးမွ ျပန္တည့္သြားၾကတဲ့ သူ ငယ္ခ်င္းေတြဟာ နဂိုကထက္ ပိုၿပီးရင္ႏွီးမႈကိုရေစႏိုင္သတဲ့။ ဒုတိယဆင့္က ပဋိပကၡေတြကို ေက်ာ္လြန္ၿပီး တတိယဆင့္မွာရွိတဲ့အဖြဲ႕ဝင္ ေတြရဲ႕ ေပါင္းစည္းမႈဟာ တစ္သားထဲက်တဲ့ စည္းလုံးမႈ synergy ကို ရေစႏိုင္တဲ့ေပါင္းစည္းမႈပါ။ ဒီစည္းလုံးမႈက စတုတၳဆင့္ျဖစ္တဲ့ အဖြဲ႕ရဲ႕ ရည္မွန္းခ်က္ေတြကိုေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏိုင္ေရးနဲ႔ ပၪၥမဆင့္ျဖစ္တဲ့ အဖြဲ႕ရဲ႕ အလုပ္မ်ားေအာင္ျမင္စြာ ၿပီးစီးေရးတို႔ကို ေဆာင္က်ဥ္းလာမွာ ျဖစ္ပါတယ္။အဖြဲ႕နဲ႔ ေအာင္ျမင္စြာ အလုပ္လုပ္ႏိုင္ဖို႔ရာ အဖြဲ႕ဝင္ေတြရဲ႕ မတူညီမႈေတြ၊ သေဘာထားမတိုက္ဆိုင္မႈ ေတြ၊ ပဋိပကၡေတြကို အဖြဲ႕ေခါင္းေဆာင္က ထိန္းေၾကာင္းတတ္ဖို႔လိုပါတယ္။အားလုံးတူမွ အလုပ္လုပ္ႏိုင္မယ္လို႔ မဆိုလိုပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူညီေပမယ့္အေပးအယူမွ်ၿပီး အလုပ္ၿပီးေျမာက္ေအာင္ လုပ္တတ္ဖို႔ပဲ လိုပါတယ္။စည္းလုံးမႈအားေကာင္းတဲ့ အဖြဲ႕မ်ိဳးက စုေပါင္းေဆာင္႐ြက္လိုက္ရင္ အံ့ၾသေလာက္တဲ့ရလဒ္ေတြ ရလာတာကို ျမင္ေတြ႕ရမွာပါ။

မမိုးခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*