အလုပ်အကိုင် Skill တွေ မြန်ဆန်စွာ ပြောင်းလဲနေတဲ့ ခေတ်ထဲမှာ အလုပ်ရဖို့ ဘယ်လို ပြင်ဆင်မလဲ

၂၀၃၀ ပြည့်နှစ်ရောက်ရင် အခုလက်ရှိ အသုံးပြုနေတဲ့ ကျွမ်းကျင်မှုတွေရဲ့ ၄၀ရာခိုင်နှုန်း က ပြောင်းလဲသွားမယ်လို့ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) က ခန့်မှန်းထားပါတယ်။ ဒါကြောင့် အလုပ်ပြုတ်မှာကို စိုးရိမ်နေတာထက်စာရင် အောက်ပါအချက် (၄) ချက်ကို လုပ်ဆောင်ဖို့ Forbes မဂ္ဂဇင်းက အကြံပြုထားပါတယ်။

AI ကို နားလည်အောင်လုပ်ပါ

ဒီလိုပြောလို့ code ရေးတတ်စရာ မလိုပါဘူး။ ဒါပေမဲ့ AI ရဲ့ အားသာချက်နဲ့ အားနည်းချက်၊ ဘယ်နေရာမှာ လူသားတွေရဲ့ ဆုံးဖြတ်ချက်က ပိုအရေးကြီးလဲဆိုတာကို သိထားရပါမယ်။ AI နဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုတွေကို အမြဲမပြတ် မျက်ခြေမပြတ်လေ့လာနေဖို့လိုပါတယ်။

လူမှုဆက်ဆံရေး ကျွမ်းကျင်မှုတွေကို ရင်းနှီးမြှုပ်နှံပါ

ဆက်သွယ်ပြောဆိုရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ခေတ်နဲ့အညီ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်တဲ့ စွမ်းရည်တွေက နည်းပညာတွေ ဘယ်လောက်ပြောင်းပြောင်း တန်ဖိုးရှိနေဦးမှာပါ။ ဒါက soft skills ထဲက တခုအပါအဝင်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်အတွင်းမှာပဲဖြစ်ဖြစ် လိုအပ်တဲ့ ကျွမ်း ကျင်မှု တခုဖြစ်ပါတယ်။

လက်ရှိကျွမ်းကျင်မှုကို ပိုမိုမြှင့်တင်ပါ

အခုလုပ်နေတဲ့ အလုပ်မှာ ပိုမိုတော်လာအောင် သင်ယူပါ။ လက်ရှိနေရာမှာ ရပ်တန့်နေတာကို ကျေနပ်နေတာထက် ပိုမိုမြင့်မားတဲ့ ကျွမ်းကျင်မှုတွေကို မပြတ်လေ့လာနေဖို့ လိုပါတယ်။ ဥပမာကိုယ်က စာရင်းပိုင်းဆိုရင် နိုင်ငံတကာအသိအမှတ်ပြုကျွမ်းကျင်မှုတွေကို ထပ်ဖြည့်ထားတာမျိုး၊ ကိုယ့်ရဲ့လက်ရှိပညာရပ်ထက် တဆင့်မြင့်တဲ့ ပညာရပ်တွေ ဖြည့်နေတာမျိုးလုပ်ပါ။ အဓိကကတော့ ကိုယ့်အလုပ်အတွက် ဝမ်းစာပြည့်အောင် ဖြည့်ဖို့ပါပဲ။

အနာဂတ်အတွက် ပြင်ဆင်ပါ

နည်းပညာကြောင့် ပျောက်ကွယ်သွားနိုင်တဲ့ အလုပ်နေရာတွေအစား ပေါ်ထွက်လာမယ့် အခန်းကဏ္ဍသစ်တွေအတွက် ပြင်ဆင်ထားပါ။ ဒါကြောင့် ပုံမှန်သင်ယူမှုကို အလေ့အကျင့်လုပ်ပါ။ တစ်ခါတည်း အများကြီး လေ့လာတာထက် နည်းနည်းချင်းစီနဲ့ ပုံမှန် လေ့လာသွားတာက ပိုထိရောက်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီး Forbes မဂ္ဂဇင်းရဲ့ ခန့်မှန်းချက်အရတော့ ကျန်းမာရေးစောင့်ရှောက်မှု (Healthcare) နဲ့ ဆောက်လုပ်ရေး (Construction) ကဏ္ဍတွေမှာ အလုပ်အကိုင် ပိုမိုရရှိနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။ အနှစ်ချုပ်ဆိုရရင် အနာဂတ်မှာ AI ထက်စာရင် လူသားဆန်တဲ့ ဆက်ဆံရေး၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ကျွမ်းကျင်မှုဆိုင်ရာ ဂုဏ်သတင်း (Expert Reputation) တွေက ပိုပြီး အရေးပါလာမှာ ဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

၂၀၃၀ ျပည့္ႏွစ္ေရာက္ရင္ အခုလက္ရွိ အသုံးျပဳေနတဲ့ ကြၽမ္းက်င္မႈေတြရဲ႕ ၄၀ရာခိုင္ႏႈန္း က ေျပာင္းလဲသြားမယ္လို႔ ကမာၻ႔စီးပြားေရးဖိုရမ္ (WEF) က ခန႔္မွန္းထားပါတယ္။ ဒါေၾကာင့္ အလုပ္ျပဳတ္မွာကို စိုးရိမ္ေနတာထက္စာရင္ ေအာက္ပါအခ်က္ (၄) ခ်က္ကို လုပ္ေဆာင္ဖို႔ Forbes မဂၢဇင္းက အႀကံျပဳထားပါတယ္။

AI ကို နားလည္ေအာင္လုပ္ပါ

ဒီလိုေျပာလို႔ code ေရးတတ္စရာ မလိုပါဘူး။ ဒါေပမဲ့ AI ရဲ႕ အားသာခ်က္နဲ႔ အားနည္းခ်က္၊ ဘယ္ေနရာမွာ လူသားေတြရဲ႕ ဆုံးျဖတ္ခ်က္က ပိုအေရးႀကီးလဲဆိုတာကို သိထားရပါမယ္။ AI နဲ႔ပတ္သက္ၿပီး ကြၽမ္းက်င္မႈေတြကို အၿမဲမျပတ္ မ်က္ေျခမျပတ္ေလ့လာေနဖို႔လိုပါတယ္။

လူမႈဆက္ဆံေရး ကြၽမ္းက်င္မႈေတြကို ရင္းႏွီးျမႇဳပ္ႏွံပါ

ဆက္သြယ္ေျပာဆိုေရး၊ ပူးေပါင္းေဆာင္႐ြက္ေရးနဲ႔ ေခတ္နဲ႔အညီ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနထိုင္တတ္တဲ့ စြမ္းရည္ေတြက နည္းပညာေတြ ဘယ္ေလာက္ေျပာင္းေျပာင္း တန္ဖိုးရွိေနဦးမွာပါ။ ဒါက soft skills ထဲက တခုအပါအဝင္ျဖစ္ၿပီး အလုပ္အကိုင္အခြင့္အလမ္းပဲျဖစ္ျဖစ္၊ လုပ္ငန္းခြင္အတြင္းမွာပဲျဖစ္ျဖစ္ လိုအပ္တဲ့ ကြၽမ္း က်င္မႈ တခုျဖစ္ပါတယ္။

လက္ရွိကြၽမ္းက်င္မႈကို ပိုမိုျမႇင့္တင္ပါ

အခုလုပ္ေနတဲ့ အလုပ္မွာ ပိုမိုေတာ္လာေအာင္ သင္ယူပါ။ လက္ရွိေနရာမွာ ရပ္တန္႔ေနတာကို ေက်နပ္ေနတာထက္ ပိုမိုျမင့္မားတဲ့ ကြၽမ္းက်င္မႈေတြကို မျပတ္ေလ့လာေနဖို႔ လိုပါတယ္။ ဥပမာကိုယ္က စာရင္းပိုင္းဆိုရင္ ႏိုင္ငံတကာအသိအမွတ္ျပဳကြၽမ္းက်င္မႈေတြကို ထပ္ျဖည့္ထားတာမ်ိဳး၊ ကိုယ့္ရဲ႕လက္ရွိပညာရပ္ထက္ တဆင့္ျမင့္တဲ့ ပညာရပ္ေတြ ျဖည့္ေနတာမ်ိဳးလုပ္ပါ။ အဓိကကေတာ့ ကိုယ့္အလုပ္အတြက္ ဝမ္းစာျပည့္ေအာင္ ျဖည့္ဖို႔ပါပဲ။

အနာဂတ္အတြက္ ျပင္ဆင္ပါ

နည္းပညာေၾကာင့္ ေပ်ာက္ကြယ္သြားႏိုင္တဲ့ အလုပ္ေနရာေတြအစား ေပၚထြက္လာမယ့္ အခန္းက႑သစ္ေတြအတြက္ ျပင္ဆင္ထားပါ။ ဒါေၾကာင့္ ပုံမွန္သင္ယူမႈကို အေလ့အက်င့္လုပ္ပါ။ တစ္ခါတည္း အမ်ားႀကီး ေလ့လာတာထက္ နည္းနည္းခ်င္းစီနဲ႔ ပုံမွန္ ေလ့လာသြားတာက ပိုထိေရာက္ပါတယ္။

အလုပ္အကိုင္အခြင့္အလမ္းနဲ႔ ပတ္သက္ၿပီး Forbes မဂၢဇင္းရဲ႕ ခန္႔မွန္းခ်က္အရေတာ့ က်န္းမာေရးေစာင့္ေရွာက္မႈ (Healthcare) နဲ႔ ေဆာက္လုပ္ေရး (Construction) က႑ေတြမွာ အလုပ္အကိုင္ ပိုမိုရရွိႏိုင္ေျခ ရွိတယ္လို႔ ဆိုပါတယ္။ အႏွစ္ခ်ဳပ္ဆိုရရင္ အနာဂတ္မွာ AI ထက္စာရင္ လူသားဆန္တဲ့ ဆက္ဆံေရး၊ ကိုယ္ရည္ကိုယ္ေသြးနဲ႔ ကြၽမ္းက်င္မႈဆိုင္ရာ ဂုဏ္သတင္း (Expert Reputation) ေတြက ပိုၿပီး အေရးပါလာမွာ ျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*