သူငယ်ချင်းဆိုတာ ဘယ်နေရာမှာမဆို အရေးကြီးတာ မှန်ပေမယ့် အလုပ်ခွင်ထဲမှာရှိတဲ့ သူငယ်ချင်းတွေကတော့ သင့်အတွက် ပိုပြီး အကျိုးကျေးဇူးများပါတယ်။ သူတို့က သင့်ကို ပျော်ရွှင်စေရုံတင်မကဘဲ သင့်ရဲ့ ရာထူးတိုးတက်မှု၊ အလုပ်အပေါ် စိတ်အားထက်သန်မှုနဲ့ စွမ်းဆောင်ရည်တွေကိုပါ မြှင့်တင်ပေးနိုင်လို့ပါ။အခုလို အလုပ်အ ကိုင်ရှာဖွေရခက်တဲ့ခေတ်မှာ ကိုယ့်ရဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။ ဘဝရဲ့ အချိန်အတော်များများကို အလုပ်ခွင်မှာ ကုန်ဆုံးကြတာဖြစ်လို့ အလုပ်ထဲမှာ ရင်းနှီးတဲ့သူရှိနေခြင်းက အထီးကျန်မှုကို လျှော့ချပေးပြီး စိတ်ချမ်းသာမှုကို ရရှိစေပါတယ်။
အလုပ်ခွင်က ခင်မင်မှုအပေါ် အမြင်အမျိုးမျိုးရှိနိုင်ပါတယ်။ အလုပ်မှာ သူငယ်ချင်းဖြစ်တယ်ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် သတ်မှတ်ပုံချင်း မတူနိုင်ပါဘူး။ တချို့က အရာရာရင်ဖွင့်လို့ရတဲ့ အချစ်ဆုံးသူငယ်ချင်းမျိုး ဖြစ်ချင်ကြသလို၊ တချို့ကတော့ အလုပ်ကိစ္စလောက်ပဲ အဆင်ပြေတဲ့သူမျိုး ဖြစ်ချင်ကြပါတယ်။ ဒါဟာ ကိုယ့်အကြိုက်ပဲ ဖြစ်ပေမယ့် အလုပ်ထဲမှာ ကိုယ်အားကိုးလို့ရတဲ့၊ တန်ဖိုးထားရတဲ့ လုပ်ဖော်ကိုင်ဖက်ရှိတာကတော့ အများကြီး အကျိုးရှိပါတယ်။
သူငယ်ချင်းတွေက သင့်ကို ဒီအချက်တွေ ကူညီပေးနိုင်ပါတယ်။
၁။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကူညီပေးတယ်
ရာထူးတက်ဖို့ဆိုရင် ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကို သိဖို့ လိုပါတယ်။ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်ကသာ သင့်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်အကြံပေးနိုင်တာပါ။ သူတို့က သင့်ရဲ့ အရည်အချင်းကို မြင်သလို၊ သင့်ကိုလည်း ကောင်းစေချင်တဲ့ စေတနာရှိလို့ သင့်တိုးတက်မှုအတွက် အားကိုးရတဲ့ သတင်းရင်းမြစ် ဖြစ်လာပါတယ်။
၂။ ယုံကြည်မှုကို မြှင့်တင်ပေးတယ်
သူငယ်ချင်းတွေရှိရင် အလုပ်ထဲမှာ ပိုပြီး ယုံကြည်ချက်ရှိရှိ စကားပြောနိုင်လာပါတယ်။ ကိုယ့်ရဲ့ အခန်းကဏ္ဍကို သေချာနားလည်လာတဲ့အတွက် လူရှေ့သူရှေ့မှာ ရဲရဲဝံ့ဝံ့ ရှိလာတာပါ။ အဲဒီလို ယုံကြည်မှုရှိတဲ့သူကို အထက်လူကြီးတွေက သတိထားမိတတ်ကြပြီး နောက်ထပ် ပရောဂျက်အသစ်တွေမှာ ပါဝင်ဖို့ ကမ်းလှမ်းခံရနိုင်ခြေ ပိုများပါတယ်။
၃။ အလုပ်မှာ ပိုပြီး စိတ်ပါဝင်စားလာစေတယ်
အလုပ်ဆိုတာ စိတ်ဖိစီးမှုရှိတတ်တာ သဘာဝပါ။ ဒါပေမဲ့ ကိုယ်နဲ့ ခင်တဲ့သူငယ်ချင်းတစ်ယောက်က ကိုယ့်အလုပ်ကို စောင့်နေတယ်ဆိုရင် အလုပ်က ဝတ္တရားတစ်ခုလို မဟုတ်တော့ဘဲ ပိုပြီး အဓိပ္ပာယ်ရှိလာပါတယ်။ ရည်မှန်းချက်တူတဲ့ သူငယ်ချင်းတွေနဲ့ အလုပ်လုပ်ရတာက အထီးကျန်မှုကို ပြေပျောက်စေပြီး ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။
၄။ အခွင့်အလမ်းသစ်တွေ ရစေတယ်
သူငယ်ချင်းတွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်အဆက်အသွယ်တွေ ရှိကြပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေအကြောင်း သင်မသိခင် သူတို့က အရင်သိနိုင်သလို၊ တခြားသူတွေရှေ့မှာလည်း သင့်ရဲ့ အရည်အချင်းကို ချီးမွမ်းပေးနိုင်တဲ့ အားကိုးရသူတွေ ဖြစ်လာပါတယ်။
၅။ ကျန်းမာရေးကို ကောင်းမွန်စေတယ်
သုတေသနတွေအရ သူငယ်ချင်းကောင်းရှိခြင်းက သွေးတိုး၊ နှလုံးရောဂါ၊ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဒါဟာ လေ့ကျင့် ခန်းလုပ်တာ ဒါမှမဟုတ် အစားအသောက် ဆင်ခြင်တာထက်တောင် ပိုပြီး ကျန်းမာရေးကို အထောက်အကူပြုပါသေးတယ်။
တစ်ဖက်က ပြန်လည်ကူညီပေးပါ
ခင်မင်မှုဆိုတာ အပေးအယူပါ။ သူတို့ဆီက အကူအညီရသလို ကိုယ်ကလည်း သူတို့ကို ပြန်ပြီး အားပေးကူညီရပါမယ်။ တခြားသူတစ်ယောက်အတွက် ကိုယ်က အရေးပါတဲ့သူ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်က သင့်ကို ပိုပြီး စိတ်ကျေနပ်မှု ရစေမှာပါ။
အနှစ်ချုပ်ရရင်တော့ အလုပ်ထဲမှာ ရင်းနှီးတဲ့သူငယ်ချင်း ရှိတာဟာ အဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ တစ်ဖက်သားကို စတင်နှုတ်ဆက်တာ၊ အချိန်ပေး စကားပြောတာတွေကနေတစ်ဆင့် ဒီလို ခိုင်မြဲတဲ့ ဆက်ဆံရေးတွေကို စတင် တည်ဆောက်နိုင်ပါတယ်။
ကျော့ကေခိုင်
zawgyi
သူငယ္ခ်င္းဆိုတာ ဘယ္ေနရာမွာမဆို အေရးႀကီးတာ မွန္ေပမယ့္ အလုပ္ခြင္ထဲမွာရွိတဲ့ သူငယ္ခ်င္းေတြကေတာ့ သင့္အတြက္ ပိုၿပီး အက်ိဳးေက်းဇူးမ်ားပါတယ္။ သူတို႔က သင့္ကို ေပ်ာ္႐ႊင္ေစ႐ုံတင္မကဘဲ သင့္ရဲ႕ ရာထူးတိုးတက္မႈ၊ အလုပ္အေပၚ စိတ္အားထက္သန္မႈနဲ႔ စြမ္းေဆာင္ရည္ေတြကိုပါ ျမႇင့္တင္ေပးႏိုင္လို႔ပါ။အခုလို အလုပ္အ ကိုင္ရွာေဖြရခက္တဲ့ေခတ္မွာ ကိုယ့္ရဲ႕ အနာဂတ္အတြက္ ႀကိဳတင္ျပင္ဆင္ထားတာ အေကာင္းဆုံးပါပဲ။ ဘဝရဲ႕ အခ်ိန္အေတာ္မ်ားမ်ားကို အလုပ္ခြင္မွာ ကုန္ဆုံးၾကတာျဖစ္လို႔ အလုပ္ထဲမွာ ရင္းႏွီးတဲ့သူရွိေနျခင္းက အထီးက်န္မႈကို ေလွ်ာ့ခ်ေပးၿပီး စိတ္ခ်မ္းသာမႈကို ရရွိေစပါတယ္။
အလုပ္ခြင္က ခင္မင္မႈအေပၚ အျမင္အမ်ိဳးမ်ိဳးရွိႏိုင္ပါတယ္။ အလုပ္မွာ သူငယ္ခ်င္းျဖစ္တယ္ဆိုတာ လူတစ္ေယာက္နဲ႔တစ္ေယာက္ သတ္မွတ္ပုံခ်င္း မတူႏိုင္ပါဘူး။ တခ်ိဳ႕က အရာရာရင္ဖြင့္လို႔ရတဲ့ အခ်စ္ဆုံးသူငယ္ခ်င္းမ်ိဳး ျဖစ္ခ်င္ၾကသလို၊ တခ်ိဳ႕ကေတာ့ အလုပ္ကိစၥေလာက္ပဲ အဆင္ေျပတဲ့သူမ်ိဳး ျဖစ္ခ်င္ၾကပါတယ္။ ဒါဟာ ကိုယ့္အႀကိဳက္ပဲ ျဖစ္ေပမယ့္ အလုပ္ထဲမွာ ကိုယ္အားကိုးလို႔ရတဲ့၊ တန္ဖိုးထားရတဲ့ လုပ္ေဖာ္ကိုင္ဖက္ရွိတာကေတာ့ အမ်ားႀကီး အက်ိဳးရွိပါတယ္။
သူငယ္ခ်င္းေတြက သင့္ကို ဒီအခ်က္ေတြ ကူညီေပးႏိုင္ပါတယ္။
၁။ ကိုယ့္ကိုယ္ကိုယ္ တိုးတက္ေအာင္ ကူညီေပးတယ္
ရာထူးတက္ဖို႔ဆိုရင္ ကိုယ့္ရဲ႕ အားသာခ်က္၊ အားနည္းခ်က္ကို သိဖို႔ လိုပါတယ္။ ရင္းႏွီးတဲ့ လုပ္ေဖာ္ကိုင္ဖက္ကသာ သင့္ကို ပြင့္ပြင့္လင္းလင္း ေဝဖန္အႀကံေပးႏိုင္တာပါ။ သူတို႔က သင့္ရဲ႕ အရည္အခ်င္းကို ျမင္သလို၊ သင့္ကိုလည္း ေကာင္းေစခ်င္တဲ့ ေစတနာရွိလို႔ သင့္တိုးတက္မႈအတြက္ အားကိုးရတဲ့ သတင္းရင္းျမစ္ ျဖစ္လာပါတယ္။
၂။ ယုံၾကည္မႈကို ျမႇင့္တင္ေပးတယ္
သူငယ္ခ်င္းေတြရွိရင္ အလုပ္ထဲမွာ ပိုၿပီး ယုံၾကည္ခ်က္ရွိရွိ စကားေျပာႏိုင္လာပါတယ္။ ကိုယ့္ရဲ႕ အခန္းက႑ကို ေသခ်ာနားလည္လာတဲ့အတြက္ လူေရွ႕သူေရွ႕မွာ ရဲရဲဝံ့ဝံ့ ရွိလာတာပါ။ အဲဒီလို ယုံၾကည္မႈရွိတဲ့သူကို အထက္လူႀကီးေတြက သတိထားမိတတ္ၾကၿပီး ေနာက္ထပ္ ပေရာဂ်က္အသစ္ေတြမွာ ပါဝင္ဖို႔ ကမ္းလွမ္းခံရႏိုင္ေျခ ပိုမ်ားပါတယ္။
၃။ အလုပ္မွာ ပိုၿပီး စိတ္ပါဝင္စားလာေစတယ္
အလုပ္ဆိုတာ စိတ္ဖိစီးမႈရွိတတ္တာ သဘာဝပါ။ ဒါေပမဲ့ ကိုယ္နဲ႔ ခင္တဲ့သူငယ္ခ်င္းတစ္ေယာက္က ကိုယ့္အလုပ္ကို ေစာင့္ေနတယ္ဆိုရင္ အလုပ္က ဝတၱရားတစ္ခုလို မဟုတ္ေတာ့ဘဲ ပိုၿပီး အဓိပၸာယ္ရွိလာပါတယ္။ ရည္မွန္းခ်က္တူတဲ့ သူငယ္ခ်င္းေတြနဲ႔ အလုပ္လုပ္ရတာက အထီးက်န္မႈကို ေျပေပ်ာက္ေစၿပီး ေပ်ာ္႐ႊင္မႈကိုလည္း ေပးစြမ္းႏိုင္ပါတယ္။
၄။ အခြင့္အလမ္းသစ္ေတြ ရေစတယ္
သူငယ္ခ်င္းေတြမွာလည္း သူတို႔ရဲ႕ ကိုယ္ပိုင္အဆက္အသြယ္ေတြ ရွိၾကပါတယ္။ အလုပ္အကိုင္ အခြင့္အလမ္းအသစ္ေတြအေၾကာင္း သင္မသိခင္ သူတို႔က အရင္သိႏိုင္သလို၊ တျခားသူေတြေရွ႕မွာလည္း သင့္ရဲ႕ အရည္အခ်င္းကို ခ်ီးမြမ္းေပးႏိုင္တဲ့ အားကိုးရသူေတြ ျဖစ္လာပါတယ္။
၅။ က်န္းမာေရးကို ေကာင္းမြန္ေစတယ္
သုေတသနေတြအရ သူငယ္ခ်င္းေကာင္းရွိျခင္းက ေသြးတိုး၊ ႏွလုံးေရာဂါ၊ စိတ္ဓာတ္က်တာနဲ႔ စိုးရိမ္ပူပန္မႈေတြကို ေလ်ာ့က်ေစတယ္လို႔ ဆိုပါတယ္။ ဒါဟာ ေလ့က်င့္ ခန္းလုပ္တာ ဒါမွမဟုတ္ အစားအေသာက္ ဆင္ျခင္တာထက္ေတာင္ ပိုၿပီး က်န္းမာေရးကို အေထာက္အကူျပဳပါေသးတယ္။
တစ္ဖက္က ျပန္လည္ကူညီေပးပါ
ခင္မင္မႈဆိုတာ အေပးအယူပါ။ သူတို႔ဆီက အကူအညီရသလို ကိုယ္ကလည္း သူတို႔ကို ျပန္ၿပီး အားေပးကူညီရပါမယ္။ တျခားသူတစ္ေယာက္အတြက္ ကိုယ္က အေရးပါတဲ့သူ ျဖစ္ေနတယ္ဆိုတဲ့ ခံစားခ်က္က သင့္ကို ပိုၿပီး စိတ္ေက်နပ္မႈ ရေစမွာပါ။
အႏွစ္ခ်ဳပ္ရရင္ေတာ့ အလုပ္ထဲမွာ ရင္းႏွီးတဲ့သူငယ္ခ်င္း ရွိတာဟာ အဖိုးမျဖတ္ႏိုင္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈတစ္ခုပါပဲ။ တစ္ဖက္သားကို စတင္ႏႈတ္ဆက္တာ၊ အခ်ိန္ေပး စကားေျပာတာေတြကေနတစ္ဆင့္ ဒီလို ခိုင္ၿမဲတဲ့ ဆက္ဆံေရးေတြကို စတင္ တည္ေဆာက္ႏိုင္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply