လုပ်ငန်းခွင်အတွင်းက စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖို့ အကြံပြုချက် (၇)ချက်

အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံက လုပ်သားဖိစီးမှုအများဆုံးနိုင်ငံဖြစ်လာခဲ့တယ်လို့ Gallup ရဲ့ ၂၀၂၄ခုနှစ် ကမ္ဘာ့လုပ်ငန်းခွင်ဆိုင်ရာအ ခြေအနေ အစီရင်ခံစာအရ သိရပါတယ်။မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ နေ့စဉ်လုပ်သားများ စိတ်ဖိစီးမှု ရာခိုင်နှုန်း ၄၈ရာခိုင်နှုန်းနဲ့
ထိပ်ဆုံးက ရပ်တည်နေပြီး အင်ဒိုနီးရှားနိုင်ငံကတော့ လုပ်သားဖိစီးမှုရာခိုင်နှုန်းအနည်းဆုံးနဲ့ ၁၆ရာခိုင်နှုန်းမှာ ရှိနေပါတယ်။ဒီလိုလုပ်ငန်းခွင်ဖိစီးမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်မလဲဆိုတဲ့အချက်ကိုဦးစားပေးဖော်ပြပေးချင်ပါတယ်။ လုပ်ငန်းခွင်မှာ စိတ်ဖိစီးတာကသင်တ ယောက်ထဲမဟုတ်ဘူးဆိုတာကို သတိရပါ။ ပြီးတော့ ဒီအချက်လေးတွေကိုလုပ်ဆောင်ကြည့်ဖို့ အကြံပေးလိုပါတယ်။

ဦးစားပေးလုပ်ဆောင်စရာကို ခွဲခြားပါ

အလုပ်မှာ စိတ်ဖိစီးမှုကို စီမံခန့်ခွဲဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တခုကတော့ကိုယ့်အတွက် ဘယ်အလုပ်က ဦးစားပေးအလုပ်လဲဆိုတာကို ခွဲခြားဖို့ပါပဲ။အရေးအကြီးဆုံးအလုပ်များကိုခွဲခြားသတ်မှတ်ပြီး ဒါကိုဦးစားပေးအဖြစ်အာရုံစိုက်လုပ်ဆောင်ပါ။

အနားယူပါ

အလုပ်ခွင်စိတ်ဖိစီးမှုကို ထိန်းညှိရန် အနားယူတာကလည်း အရေးကြီးပါတယ်။ပုံမှန်အနားယူတာက သင့်ကိုအားပြန်သွင်းပေးပြီး အာရုံစူးစိုက်မှုရဖို့ ကူညီပေးနိုင်ပါတယ်။ဒါ့အပြင် ပင်ပန်းနွမ်းနယ်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အားလပ်ချိန်မှာခဏတာလမ်းလျှောက်တာ၊ အကြောဆန့်လေ့ကျင့်ခန်းပြလုပ်တာစတာတွေကလည်းသင့်ကိုစိတ်ဖိစီးမှုလျော့ပါးစေပြီး ပိုမိုပေါ့ပါးလန်းဆန်းစေပါတယ်။

Self-Care အလေ့အကျင့်လုပ်ပါ

လုပ်ငန်းခွင်စိတ်ဖိစီးမှုကို ထိန်းကျောင်းရာမှာ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းကလည်းမရှိမဖြစ်လိုအပ်ပါတယ်။ ဆိုလိုတာက လုံလောက်စွာ အိပ်စက်တာ၊ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်စားသုံးတာ၊ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင် ရာ ကျန်းမာရေးကို ဂရုစိုက်တာ အဲဒါတွေကလည်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တဲ့ အလေ့အကျင့်ဖြစ်ပါတယ်။

ထိရောက်စွာဆက်သွယ်ပြောဆိုပါ

ထိရောက်တဲ့ ပြောဆိုဆက်ဆံရေးကလည်း လုပ်ငန်းခွင်စိတ်ဖိစီးမှုကို စီမံခန့်ခွဲဖို့အတွက်အရေးကြီးတဲ့ သော့ချက်ဖြစ်ပါတယ်။ လုပ်ဖော် ကိုင်ဖက်များ၊ ကြီးကြပ်ရေးမှူးများ၊ဝန်ထမ်းများနဲ့ ပြတ်ပြတ်သားသားနဲ့ လေးလေးစားစားပြောဆိုဆက်ဆံဖို့က အရေးကြီးပါတယ်။တခါတလေ ဆက်သွယ်ရေးအားနည်းတဲ့အချက်ကလည်း စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ အဓိကအချက်တခုဖြစ်ပါတယ်။

Time Management စနစ်ကိုသုံးပါ

အချိန်စီမံခန့်ခွဲမှုနည်းစနစ်များက လုပ်ငန်းခွင်စိတ်ဖိစီးမှုကိုစီမံခန့်ခွဲရာမှာများစွာအကူအညီဖြစ်စေပါတယ်။ အရေးကြီးတဲ့အလုပ်များကိုခွဲခြားသတ်မှတ်ပြီးနောက်ဆုံးရက်သတ်မှတ်ပေးတာမျိုးလုပ်ပါ။ အချိန်ကိုထိထိရောက်ရောက် စီမံနိုင်တာကလည်းလုပ်ငန်းခွင်စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းရာရောက်ပါတယ်။

စနစ်တကျနေထိုင်တာ

စည်းစနစ်တကျနေထိုင်တာကလည်း အလုပ်ခွင်စိတ်ဖိစီးမှုကို စီမံခန့်ခွဲရာမှာကူညီပေးနိုင်ပါတယ်။ သင့်အလုပ်ခွင်ကို သန့်ရှင်းပြီး ရှုပ်ပွမှုကင်းအောင် ထားပါ။ ဒါ့အပြင်လုပ်စရာအရေးကြီးအလုပ်များကို ထိပ်ဆုံးမှာရှိစေဖို့ ပြက္ခဒိန်မှာ သတ်မှတ်ထားပါတယ်။လုပ်စရာစာရင်းများနဲ့ ပရောဂျက်စီမံခန့်ခွဲမှုများကို ဆော့ဝဲလ်ဖြစ်စေ၊ ထိရောက်တဲ့မှတ်သားစရာတခုခုဖြစ်စေ အသုံးပြုပြီး မှတ်သားထားပါ။ စည်းစနစ် တကျနေထိုင်တာကစိုးရိမ်ပူပန်မှုကိုလျော့ချပေးနိုင်ပြီး ကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေကိုပိုမိုကိုင်တွယ်ထိန်းချုပ်နိုင်ပါတယ်။

Delegate လုပ်ပါ

အလုပ်များကို သင့်တော်တဲ့တခြားသူတွေကိုခွဲခြားပေးနိုင်ဖို့ အလေ့အကျင့်လုပ်ပါ။ဒီအလုပ်ကတော့ ငါပဲလုပ်တတ်တာ၊ ငါပဲမဖြစ်မနေလုပ်ရမယ်ဆိုတဲ့စိတ်မျိုးမထားပါနဲ့။သင်ကြာပေးပါ။ တာဝန်ခွဲဝေပေးပါ။ ဒီအချက်က အလုပ်တာဝန်တွေမနိုင်မနင်းဖြစ်နေတဲ့သင့်ရဲ့စိတ်ဖိစီးမှုတွေကို လျှော့ကျသက်သာစေပါလိမ့်မယ်။အထက်ပါအချက်များအားလုံးကတော့ လုပ်ငန်းခွင်အတွင်းမှာ စိတ်ဖိစီးလာတဲ့အခါကိုင် တွယ်ဖြေရှင်းဖို့၊ စီမံခန့်ခွဲဖို့အတွက် အကောင်းဆုံးအကြံပြုချက်တွေပဲဖြစ်ပါတယ်။

MYit

zawgyi

အေရွ႕ေတာင္အာရွမွာ ျမန္မာႏိုင္ငံက လုပ္သားဖိစီးမႈအမ်ားဆုံးႏိုင္ငံျဖစ္လာခဲ့တယ္လို႔ Gallup ရဲ႕ ၂၀၂၄ခုႏွစ္ ကမာၻ႔လုပ္ငန္းခြင္ဆိုင္ရာအ ေျခအေန အစီရင္ခံစာအရ သိရပါတယ္။ျမန္မာႏိုင္ငံက အေရွ႕ေတာင္အာရွမွာ ေန႔စဥ္လုပ္သားမ်ား စိတ္ဖိစီးမႈ ရာခိုင္ႏႈန္း ၄၈ရာခိုင္ႏႈန္းနဲ႔
ထိပ္ဆုံးက ရပ္တည္ေနၿပီး အင္ဒိုနီးရွားႏိုင္ငံကေတာ့ လုပ္သားဖိစီးမႈရာခိုင္ႏႈန္းအနည္းဆုံးနဲ႔ ၁၆ရာခိုင္ႏႈန္းမွာ ရွိေနပါတယ္။ဒီလိုလုပ္ငန္းခြင္ဖိစီးမႈေတြကို ဘယ္လိုကိုင္တြယ္ေျဖရွင္းႏိုင္မလဲဆိုတဲ့အခ်က္ကိုဦးစားေပးေဖာ္ျပေပးခ်င္ပါတယ္။ လုပ္ငန္းခြင္မွာ စိတ္ဖိစီးတာကသင္တ ေယာက္ထဲမဟုတ္ဘူးဆိုတာကို သတိရပါ။ ၿပီးေတာ့ ဒီအခ်က္ေလးေတြကိုလုပ္ေဆာင္ၾကည့္ဖို႔ အႀကံေပးလိုပါတယ္။

ဦးစားေပးလုပ္ေဆာင္စရာကို ခြဲျခားပါ

အလုပ္မွာ စိတ္ဖိစီးမႈကို စီမံခန႔္ခြဲဖို႔ အေကာင္းဆုံးနည္းလမ္းေတြထဲက တခုကေတာ့ကိုယ့္အတြက္ ဘယ္အလုပ္က ဦးစားေပးအလုပ္လဲဆိုတာကို ခြဲျခားဖို႔ပါပဲ။အေရးအႀကီးဆုံးအလုပ္မ်ားကိုခြဲျခားသတ္မွတ္ၿပီး ဒါကိုဦးစားေပးအျဖစ္အာ႐ုံစိုက္လုပ္ေဆာင္ပါ။

အနားယူပါ

အလုပ္ခြင္စိတ္ဖိစီးမႈကို ထိန္းညႇိရန္ အနားယူတာကလည္း အေရးႀကီးပါတယ္။ပုံမွန္အနားယူတာက သင့္ကိုအားျပန္သြင္းေပးၿပီး အာ႐ုံစူးစိုက္မႈရဖို႔ ကူညီေပးႏိုင္ပါတယ္။ဒါ့အျပင္ ပင္ပန္းႏြမ္းနယ္မႈကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ အားလပ္ခ်ိန္မွာခဏတာလမ္းေလွ်ာက္တာ၊ အေၾကာဆန႔္ေလ့က်င့္ခန္းျပလုပ္တာစတာေတြကလည္းသင့္ကိုစိတ္ဖိစီးမႈေလ်ာ့ပါးေစၿပီး ပိုမိုေပါ့ပါးလန္းဆန္းေစပါတယ္။

Self-Care အေလ့အက်င့္လုပ္ပါ

လုပ္ငန္းခြင္စိတ္ဖိစီးမႈကို ထိန္းေက်ာင္းရာမွာ ကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္ျခင္းကလည္းမရွိမျဖစ္လိုအပ္ပါတယ္။ ဆိုလိုတာက လုံေလာက္စြာ အိပ္စက္တာ၊က်န္းမာေရးနဲ႔ညီၫြတ္တဲ့အစားအေသာက္စားသုံးတာ၊ ပုံမွန္ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာ၊႐ုပ္ပိုင္းဆိုင္ရာ စိတ္ပိုင္းဆိုင္ ရာ က်န္းမာေရးကို ဂ႐ုစိုက္တာ အဲဒါေတြကလည္း ကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္တဲ့ အေလ့အက်င့္ျဖစ္ပါတယ္။

ထိေရာက္စြာဆက္သြယ္ေျပာဆိုပါ

ထိေရာက္တဲ့ ေျပာဆိုဆက္ဆံေရးကလည္း လုပ္ငန္းခြင္စိတ္ဖိစီးမႈကို စီမံခန႔္ခြဲဖို႔အတြက္အေရးႀကီးတဲ့ ေသာ့ခ်က္ျဖစ္ပါတယ္။ လုပ္ေဖာ္ ကိုင္ဖက္မ်ား၊ ႀကီးၾကပ္ေရးမႉးမ်ား၊ဝန္ထမ္းမ်ားနဲ႔ ျပတ္ျပတ္သားသားနဲ႔ ေလးေလးစားစားေျပာဆိုဆက္ဆံဖို႔က အေရးႀကီးပါတယ္။တခါတေလ ဆက္သြယ္ေရးအားနည္းတဲ့အခ်က္ကလည္း စိတ္ဖိစီးမႈျဖစ္ေစႏိုင္တဲ့ အဓိကအခ်က္တခုျဖစ္ပါတယ္။

Time Management စနစ္ကိုသုံးပါ

အခ်ိန္စီမံခန႔္ခြဲမႈနည္းစနစ္မ်ားက လုပ္ငန္းခြင္စိတ္ဖိစီးမႈကိုစီမံခန႔္ခြဲရာမွာမ်ားစြာအကူအညီျဖစ္ေစပါတယ္။ အေရးႀကီးတဲ့အလုပ္မ်ားကိုခြဲျခားသတ္မွတ္ၿပီးေနာက္ဆုံးရက္သတ္မွတ္ေပးတာမ်ိဳးလုပ္ပါ။ အခ်ိန္ကိုထိထိေရာက္ေရာက္ စီမံႏိုင္တာကလည္းလုပ္ငန္းခြင္စိတ္ဖိစီးမႈကို ကိုင္တြယ္ေျဖရွင္းရာေရာက္ပါတယ္။

စနစ္တက်ေနထိုင္တာ

စည္းစနစ္တက်ေနထိုင္တာကလည္း အလုပ္ခြင္စိတ္ဖိစီးမႈကို စီမံခန႔္ခြဲရာမွာကူညီေပးႏိုင္ပါတယ္။ သင့္အလုပ္ခြင္ကို သန႔္ရွင္းၿပီး ရႈပ္ပြမႈကင္းေအာင္ ထားပါ။ ဒါ့အျပင္လုပ္စရာအေရးႀကီးအလုပ္မ်ားကို ထိပ္ဆုံးမွာရွိေစဖို႔ ျပကၡဒိန္မွာ သတ္မွတ္ထားပါတယ္။လုပ္စရာစာရင္းမ်ားနဲ႔ ပေရာဂ်က္စီမံခန႔္ခြဲမႈမ်ားကို ေဆာ့ဝဲလ္ျဖစ္ေစ၊ ထိေရာက္တဲ့မွတ္သားစရာတခုခုျဖစ္ေစ အသုံးျပဳၿပီး မွတ္သားထားပါ။ စည္းစနစ္ တက်ေနထိုင္တာကစိုးရိမ္ပူပန္မႈကိုေလ်ာ့ခ်ေပးႏိုင္ၿပီး ကိုယ့္ရဲ႕လုပ္ငန္းတာဝန္ေတြကိုပိုမိုကိုင္တြယ္ထိန္းခ်ဳပ္ႏိုင္ပါတယ္။

Delegate လုပ္ပါ

အလုပ္မ်ားကို သင့္ေတာ္တဲ့တျခားသူေတြကိုခြဲျခားေပးႏိုင္ဖို႔ အေလ့အက်င့္လုပ္ပါ။ဒီအလုပ္ကေတာ့ ငါပဲလုပ္တတ္တာ၊ ငါပဲမျဖစ္မေနလုပ္ရမယ္ဆိုတဲ့စိတ္မ်ိဳးမထားပါနဲ႔။သင္ၾကာေပးပါ။ တာဝန္ခြဲေဝေပးပါ။ ဒီအခ်က္က အလုပ္တာဝန္ေတြမႏိုင္မနင္းျဖစ္ေနတဲ့သင့္ရဲ႕စိတ္ဖိစီးမႈေတြကို ေလွ်ာ့က်သက္သာေစပါလိမ့္မယ္။အထက္ပါအခ်က္မ်ားအားလုံးကေတာ့ လုပ္ငန္းခြင္အတြင္းမွာ စိတ္ဖိစီးလာတဲ့အခါကိုင္ တြယ္ေျဖရွင္းဖို႔၊ စီမံခန႔္ခြဲဖို႔အတြက္ အေကာင္းဆုံးအႀကံျပဳခ်က္ေတြပဲျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*