စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအားနည်းတဲ့ လုပ်ငန်းခွင်တွေမှာဆိုရင် မိမိလိုချင်တာကို ပွင့်ပွင့်လင်းလင်း ပြောဆိုတောင်းဆိုဖို့ဆိုတာ ကြောက်ရွံ့စရာ ဒါမှမဟုတ် တုံ့ဆိုင်းစရာ ဖြစ်နိုင်ပါတယ်။ အလုပ်ချိန် ပိုမိုပျော့ပြောင်းမှုရရှိဖို့၊ အရင်းအမြစ်တွေ ထပ်တောင်းဖို့ ဒါမှမဟုတ် ရာထူးတိုးဖို့ပဲဖြစ်ဖြစ်၊ ဘယ်လိုပုံစံနဲ့ တောင်းဆိုသလဲဆိုတဲ့အပေါ် မူတည်ပြီး ရလဒ်က ကွာခြားသွားပါလိမ့်မယ်။ ခုဖော်ပြမယ့် ဆက်သွယ်ပြောဆိုရေး နည်းလမ်း ၄ ခုကတော့ ထိပ်တန်းလုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ အတားအဆီးတွေကို လျှော့ချဖို့၊ ပူးပေါင်းဆောင်ရည် မြှင့်တင်ဖို့နဲ့ အောင်မြင်တဲ့ ရလဒ်တွေရရှိဖို့အတွက် အသုံးပြုကြတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
“ဒီလိုလုပ်ဖို့ စဉ်းစားထားပါတယ်၊ အခက်အခဲ ဒါမှမဟုတ် စိုးရိမ်စရာများ ရှိလားခင်ဗျာ/ရှင်”
ခွင့်တောင်းမယ့်အစား ကိုယ်လုပ်မယ့်အစီအစဉ်ကို အရင်ပြောပြခြင်းက အခြားတစ်ဖက်လူအနေနဲ့ ဖြေရှင်းချက်တစ်ခုကို ဝိုင်းဝန်းပုံဖော်ပေးဖို့ အခွင့်အလမ်း ပေး လိုက်တာပါပဲ။ “သောကြာနေ့မှာ အိမ်ကနေ အလုပ်လုပ်လို့ ရမလား” လို့ မေးမယ့်အစား “ကျွန်တော့်အစည်းအဝေးတွေက အားလုံးအွန်လိုင်းကနေ လုပ်ရမှာဖြစ်လို့ သောကြာနေ့မှာ အိမ်ကနေ အလုပ်လုပ်ဖို့ စဉ်းစားထားပါတယ်။ အဲ့ဒီအတွက် အခက်အခဲများ ရှိမလားရှင်/ခင်ဗျာ” ဆိုပြီး ဆက်သွယ်ပြောဆိုပါ။ဒီလိုတောင်းဆိုခြင်းက ဦးဆောင်လိုစိတ် (Initiative) ရှိကြောင်း ပြသရာရောက်ပါတယ်။ ဒါ့အပြင် နားထောင်နေသူအနေနဲ့ ကိုယ့်တောင်းဆိုမှုရဲ့ လက်တွေ့ကျမှုကို လိုက်စဉ်းစားနေရမယ့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်က ရှေ့ဆက်ရမယ့်လမ်းကြောင်းကိုပါ တင်ပြပြီးသား ဖြစ်နေလို့ပါပဲ။ တဖက်လူအနေနဲ့လည်း အစီအစဉ်ကို ပိုကောင်းအောင် ပြင်ဆင်ပေးဖို့ ဒါမှမဟုတ် ဖြစ်လာနိုင်တဲ့ အတားအဆီးတွေကို ကြိုတင်ဆွေးနွေးဖို့ အခွင့်အလမ်း ရရှိသွားပါတယ်။ ယုံကြည်မှုရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေဟာ တဖက်လူရဲ့ အကြံဥာဏ်တွေကို လက်ခံဖို့ အမြဲအသင့်ရှိနေသလို၊ ကိုယ့်ယုံကြည်ချက်ကိုလည်း ခိုင်ခိုင်မာမာ ထုတ်ဖော်ပြောဆိုတတ်ကြပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုချဉ်းကပ်သင့်တယ်ဆိုတာ ခင်ဗျားရဲ့ အကြံဉာဏ်ကို တောင်းချင်ပါတယ်”
လူအများစုဟာ အကြံဉာဏ်ပေးရတာကို နှစ်သက်ကြပါတယ်။ ဒါကြောင့် ခွင့်တောင်းတာထက် အကြံဉာဏ်တောင်းတာက တဖက်လူကို ကိုယ့်ရဲ့ရလဒ်အပေါ် ပိုပြီး အာရုံစိုက်လာစေပါတယ်။ ဒါ့အပြင် တစ်စုံတစ်ဦးရဲ့အမြင်ကို တောင်းခံခြင်းက မူလအစီအစဉ်ကို ပိုပြီးခိုင်မာအားကောင်းစေပါတယ်။ ဥပမာ “နောက်တစ်ကြိမ် Client Presentationကို ကျွန်တော် ဦးဆောင်လို့ရမလား” လို့ တိုက်ရိုက်မေးမယ့်အစား “ဒီ Client Presentationကို ကျွန်တော် ဦးဆောင်ချင်ပါတယ်။ အဲ့ဒီလိုဖြစ်လာဖို့ ဘာတွေအဓိကထား လုပ်ရမယ်ဆိုတာ ခင်ဗျားရဲ့ အကြံဉာဏ်ကို ရချင်ပါတယ်” ဆိုပြီး ပုံစံပြောင်းပြောပါ။ဒါက ကိုယ့်ရဲ့အလုပ်ကို ပိုကောင်းအောင်လုပ်ချင်ပြီး တာဝန်ကျေပွန်ချင်တဲ့ဆန္ဒ ရှိကြောင်းကို ပြသတာပါပဲ။ အကြံဉာဏ်တောင်းခံသူတွေဟာ မိမိတို့ရဲ့ တန်ဖိုးကို ပိုမိုမြင့်မားစေတယ်လို့ စိတ်ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ဟားဗတ်စီးပွားရေးကျောင်းရဲ့ သုတေသနပြုချက်အရ အကြံဉာဏ်တောင်းခံသူတွေကို သူတစ်ပါးက ပိုပြီး အရည်အချင်းရှိသူတွေလို့ မြင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အတွေးအခေါ်ပါတဲ့ မေးခွန်းတွေ မေးမြန်းခြင်းက မိမိကိုယ်ကို ယုံကြည်မှု၊ နှိမ့်ချမှုနဲ့ တိုးတက်လိုတဲ့ ဆန္ဒရှိမှုကို ဖော်ပြနေလို့ပါပဲ။မေးခွန်းတွေမေးခြင်းက တဖက်လူကို တရားသေ ငြင်းဆိုခိုင်းတာထက် ပိုမိုထိရောက်စွာ စည်းရုံးနိုင်စွမ်းရှိပါတယ်။ ဒီနည်းလမ်းက သဘောတူညီချက်ကို အတင်းအကျပ် တောင်းဆိုတာမျိုးမဟုတ်ဘဲ အကြံပြုချက်တွေကို နားထောင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြသတဲ့အတွက် တဖက်လူရဲ့ ကာကွယ်လိုစိတ်ကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ဖြစ်လာနိုင်တဲ့ စိုးရိမ်ပူပန်ချက်တွေကို ရှင်းပြခွင့်ရစေပြီး နှစ်ဦးသား အတူတကွ ညှိနှိုင်းဖြေရှင်းနိုင်ဖို့ အခွင့်အလမ်း ပေးပါတယ်။
“XYZ ကို လုပ်မယ့်အစား၊ ဒီလိုအကြောင်းပြချက်ကြောင့် ABC ကို လုပ်ချင်ပါတယ်…”
ဆုံးဖြတ်ချက်ချရသူတွေအနေနဲ့ ပြဿနာကို ထောက်ပြရုံထက် ဖြေရှင်းချက်တွေကို ပိုပြီး သဘောကျတတ်ကြပါတယ်။ လုပ်ငန်းခွင်မှာ လိုချင်တာကို တောင်းဆိုတဲ့အခါ “ဒါမှမဟုတ် ဟိုဟာ” ဆိုတဲ့ နှိုင်းယှဉ်ချဉ်းကပ်မှုက အကောင်းဆုံးရလဒ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရှိပြီးသားတစ်ခုခုကို အစားထိုးဖို့ ဒါမှမဟုတ် ပိုကောင်းအောင်လုပ်ဖို့ ကြိုးစားတဲ့အခါ ဒီစကားရပ်ကို အသုံးပြုပါ။ဥပမာအားဖြင့် လုပ်ငန်းစဉ်တစ်ခုကို တင်ပြရာမှာ “အခုလက်ရှိလုပ်နေတာတွေက အဆင်မပြေဘူး” လို့ ရိုးရိုးစင်းစင်း ပြောမယ့်အစား “အတည်ပြုချက် ၃ ခုယူပြီး သီးခြားအစည်းအဝေးတွေလုပ်မယ့်အစား၊ အချိန်ကုန်သက်သာစေဖို့အတွက် အန္တရာယ်နည်းတဲ့ တောင်းဆိုချက်တွေအတွက် အတည်ပြုချက်တစ်ခုတည်းနဲ့ စမ်းလုပ်ကြည့်ချင်ပါတယ်” ဆိုပြီး တင်ပြတာက အတည်ပြုချက်ရဖို့ ပိုပြီး ရာခိုင်နှုန်းများပါတယ်။ဒီလိုပုံစံနဲ့ ဖြေရှင်းချက်တွေကို တင်ပြခြင်းက တာဝန်ယူလိုစိတ်နဲ့ တာဝန်ခံလိုစိတ်ရှိကြောင်း ပြသရာရောက်ပြီး ပြဿနာဖြေရှင်းနိုင်စွမ်းရှိတဲ့ မိမိရဲ့တန်ဖိုးကို ပေါ်လွင်စေပါတယ်။ ဒီလို နှိုင်း ယှဉ်တင်ပြချက်တွေက နားထောင်သူအတွက် အားသာချက်၊ အားနည်းချက် တွေကို ချိန်ဆရ လွယ်ကူစေပြီး သင့်ရဲ့တောင်းဆိုမှုကို လက်ခံဖို့ ပိုပြီး ဆန္ဒရှိလာစေပါတယ်။
လုပ်ငန်းခွင်မှာ မိမိဘာလိုချင်တယ်ဆိုတာကို သိရှိတာက ပထမဆုံးအဆင့်ဖြစ်ပြီး၊ အဲ့ဒါကို ထိရောက်စွာ တောင်းဆိုတတ်ခြင်းက အဲ့ဒီဆန္ဒတွေ လက်တွေ့ဖြစ်လာဖို့ ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။ အောင်မြင်တဲ့ ကျွမ်းကျင်ပညာရှင်တွေက ဒါကို ကောင်းကောင်းနားလည်ကြပြီး အဲ့ဒီနဲ့အညီ ဆက်သွယ်ပြောဆိုတတ်ကြပါတယ်။ ဦးဆောင်လိုစိတ်ပြသခြင်း၊ အကြံဉာဏ်တောင်းခံခြင်း၊ မေးခွန်းများမေးခြင်း နဲ့ ပြဿနာနဲ့ ဖြေရှင်းချက်ကို တွဲဖက်တင်ပြခြင်းတို့က ပဋိပက္ခတွေကို ရှောင်ရှားနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်ထွန်းစေပါတယ်။ ဒီလို အပြောင်းအလဲလေးတွေကို ကျင့်သုံးကြည့်ခြင်းအားဖြင့် လုပ်ငန်းခွင်ဆက်ဆံရေးတွေ တိုးတက်လာပြီး အားပေးကူညီမှုနဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
စိတ္ပိုင္းဆိုင္ရာ လုံၿခဳံမႈအားနည္းတဲ့ လုပ္ငန္းခြင္ေတြမွာဆိုရင္ မိမိလိုခ်င္တာကို ပြင့္ပြင့္လင္းလင္း ေျပာဆိုေတာင္းဆိုဖို႔ဆိုတာ ေၾကာက္႐ြံ႕စရာ ဒါမွမဟုတ္ တုံ႔ဆိုင္းစရာ ျဖစ္ႏိုင္ပါတယ္။ အလုပ္ခ်ိန္ ပိုမိုေပ်ာ့ေျပာင္းမႈရရွိဖို႔၊ အရင္းအျမစ္ေတြ ထပ္ေတာင္းဖို႔ ဒါမွမဟုတ္ ရာထူးတိုးဖို႔ပဲျဖစ္ျဖစ္၊ ဘယ္လိုပုံစံနဲ႔ ေတာင္းဆိုသလဲဆိုတဲ့အေပၚ မူတည္ၿပီး ရလဒ္က ကြာျခားသြားပါလိမ့္မယ္။ ခုေဖာ္ျပမယ့္ ဆက္သြယ္ေျပာဆိုေရး နည္းလမ္း ၄ ခုကေတာ့ ထိပ္တန္းလုပ္ေဖာ္ကိုင္ဖက္ေတြအေနနဲ႔ အတားအဆီးေတြကို ေလွ်ာ့ခ်ဖို႔၊ ပူးေပါင္းေဆာင္ရည္ ျမႇင့္တင္ဖို႔နဲ႔ ေအာင္ျမင္တဲ့ ရလဒ္ေတြရရွိဖို႔အတြက္ အသုံးျပဳၾကတဲ့ နည္းလမ္းေတြပဲ ျဖစ္ပါတယ္။
“ဒီလိုလုပ္ဖို႔ စဥ္းစားထားပါတယ္၊ အခက္အခဲ ဒါမွမဟုတ္ စိုးရိမ္စရာမ်ား ရွိလားခင္ဗ်ာ/ရွင္”
ခြင့္ေတာင္းမယ့္အစား ကိုယ္လုပ္မယ့္အစီအစဥ္ကို အရင္ေျပာျပျခင္းက အျခားတစ္ဖက္လူအေနနဲ႔ ေျဖရွင္းခ်က္တစ္ခုကို ဝိုင္းဝန္းပုံေဖာ္ေပးဖို႔ အခြင့္အလမ္း ေပး လိုက္တာပါပဲ။ “ေသာၾကာေန႔မွာ အိမ္ကေန အလုပ္လုပ္လို႔ ရမလား” လို႔ ေမးမယ့္အစား “ကြၽန္ေတာ့္အစည္းအေဝးေတြက အားလုံးအြန္လိုင္းကေန လုပ္ရမွာျဖစ္လို႔ ေသာၾကာေန႔မွာ အိမ္ကေန အလုပ္လုပ္ဖို႔ စဥ္းစားထားပါတယ္။ အဲ့ဒီအတြက္ အခက္အခဲမ်ား ရွိမလားရွင္/ခင္ဗ်ာ” ဆိုၿပီး ဆက္သြယ္ေျပာဆိုပါ။ဒီလိုေတာင္းဆိုျခင္းက ဦးေဆာင္လိုစိတ္ (Initiative) ရွိေၾကာင္း ျပသရာေရာက္ပါတယ္။ ဒါ့အျပင္ နားေထာင္ေနသူအေနနဲ႔ ကိုယ့္ေတာင္းဆိုမႈရဲ႕ လက္ေတြ႕က်မႈကို လိုက္စဥ္းစားေနရမယ့္ စိတ္ပိုင္းဆိုင္ရာ ပင္ပန္းမႈကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင္က ေရွ႕ဆက္ရမယ့္လမ္းေၾကာင္းကိုပါ တင္ျပၿပီးသား ျဖစ္ေနလို႔ပါပဲ။ တဖက္လူအေနနဲ႔လည္း အစီအစဥ္ကို ပိုေကာင္းေအာင္ ျပင္ဆင္ေပးဖို႔ ဒါမွမဟုတ္ ျဖစ္လာႏိုင္တဲ့ အတားအဆီးေတြကို ႀကိဳတင္ေဆြးေႏြးဖို႔ အခြင့္အလမ္း ရရွိသြားပါတယ္။ ယုံၾကည္မႈရွိတဲ့ ကြၽမ္းက်င္ပညာရွင္ေတြဟာ တဖက္လူရဲ႕ အႀကံဥာဏ္ေတြကို လက္ခံဖို႔ အၿမဲအသင့္ရွိေနသလို၊ ကိုယ့္ယုံၾကည္ခ်က္ကိုလည္း ခိုင္ခိုင္မာမာ ထုတ္ေဖာ္ေျပာဆိုတတ္ၾကပါတယ္။
“ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘယ္လိုခ်ဥ္းကပ္သင့္တယ္ဆိုတာ ခင္ဗ်ားရဲ႕ အႀကံဉာဏ္ကို ေတာင္းခ်င္ပါတယ္”
လူအမ်ားစုဟာ အႀကံဉာဏ္ေပးရတာကို ႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္ ခြင့္ေတာင္းတာထက္ အႀကံဉာဏ္ေတာင္းတာက တဖက္လူကို ကိုယ့္ရဲ႕ရလဒ္အေပၚ ပိုၿပီး အာ႐ုံစိုက္လာေစပါတယ္။ ဒါ့အျပင္ တစ္စုံတစ္ဦးရဲ႕အျမင္ကို ေတာင္းခံျခင္းက မူလအစီအစဥ္ကို ပိုၿပီးခိုင္မာအားေကာင္းေစပါတယ္။ ဥပမာ “ေနာက္တစ္ႀကိမ္ Client Presentationကို ကြၽန္ေတာ္ ဦးေဆာင္လို႔ရမလား” လို႔ တိုက္႐ိုက္ေမးမယ့္အစား “ဒီ Client Presentationကို ကြၽန္ေတာ္ ဦးေဆာင္ခ်င္ပါတယ္။ အဲ့ဒီလိုျဖစ္လာဖို႔ ဘာေတြအဓိကထား လုပ္ရမယ္ဆိုတာ ခင္ဗ်ားရဲ႕ အႀကံဉာဏ္ကို ရခ်င္ပါတယ္” ဆိုၿပီး ပုံစံေျပာင္းေျပာပါ။ဒါက ကိုယ့္ရဲ႕အလုပ္ကို ပိုေကာင္းေအာင္လုပ္ခ်င္ၿပီး တာဝန္ေက်ပြန္ခ်င္တဲ့ဆႏၵ ရွိေၾကာင္းကို ျပသတာပါပဲ။ အႀကံဉာဏ္ေတာင္းခံသူေတြဟာ မိမိတို႔ရဲ႕ တန္ဖိုးကို ပိုမိုျမင့္မားေစတယ္လို႔ စိတ္ပညာရွင္ေတြက ေတြ႕ရွိခဲ့ပါတယ္။ ဟားဗတ္စီးပြားေရးေက်ာင္းရဲ႕ သုေတသနျပဳခ်က္အရ အႀကံဉာဏ္ေတာင္းခံသူေတြကို သူတစ္ပါးက ပိုၿပီး အရည္အခ်င္းရွိသူေတြလို႔ ျမင္တတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အေတြးအေခၚပါတဲ့ ေမးခြန္းေတြ ေမးျမန္းျခင္းက မိမိကိုယ္ကို ယုံၾကည္မႈ၊ ႏွိမ့္ခ်မႈနဲ႔ တိုးတက္လိုတဲ့ ဆႏၵရွိမႈကို ေဖာ္ျပေနလို႔ပါပဲ။ေမးခြန္းေတြေမးျခင္းက တဖက္လူကို တရားေသ ျငင္းဆိုခိုင္းတာထက္ ပိုမိုထိေရာက္စြာ စည္း႐ုံးႏိုင္စြမ္းရွိပါတယ္။ ဒီနည္းလမ္းက သေဘာတူညီခ်က္ကို အတင္းအက်ပ္ ေတာင္းဆိုတာမ်ိဳးမဟုတ္ဘဲ အႀကံျပဳခ်က္ေတြကို နားေထာင္ဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္း ျပသတဲ့အတြက္ တဖက္လူရဲ႕ ကာကြယ္လိုစိတ္ကို ေလွ်ာ့ခ်ေပးပါတယ္။ ဒါ့အျပင္ ျဖစ္လာႏိုင္တဲ့ စိုးရိမ္ပူပန္ခ်က္ေတြကို ရွင္းျပခြင့္ရေစၿပီး ႏွစ္ဦးသား အတူတကြ ညႇိႏႈိင္းေျဖရွင္းႏိုင္ဖို႔ အခြင့္အလမ္း ေပးပါတယ္။
“XYZ ကို လုပ္မယ့္အစား၊ ဒီလိုအေၾကာင္းျပခ်က္ေၾကာင့္ ABC ကို လုပ္ခ်င္ပါတယ္…”
ဆုံးျဖတ္ခ်က္ခ်ရသူေတြအေနနဲ႔ ျပႆနာကို ေထာက္ျပ႐ုံထက္ ေျဖရွင္းခ်က္ေတြကို ပိုၿပီး သေဘာက်တတ္ၾကပါတယ္။ လုပ္ငန္းခြင္မွာ လိုခ်င္တာကို ေတာင္းဆိုတဲ့အခါ “ဒါမွမဟုတ္ ဟိုဟာ” ဆိုတဲ့ ႏႈိင္းယွဥ္ခ်ဥ္းကပ္မႈက အေကာင္းဆုံးရလဒ္ေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ရွိၿပီးသားတစ္ခုခုကို အစားထိုးဖို႔ ဒါမွမဟုတ္ ပိုေကာင္းေအာင္လုပ္ဖို႔ ႀကိဳးစားတဲ့အခါ ဒီစကားရပ္ကို အသုံးျပဳပါ။ဥပမာအားျဖင့္ လုပ္ငန္းစဥ္တစ္ခုကို တင္ျပရာမွာ “အခုလက္ရွိလုပ္ေနတာေတြက အဆင္မေျပဘူး” လို႔ ႐ိုး႐ိုးစင္းစင္း ေျပာမယ့္အစား “အတည္ျပဳခ်က္ ၃ ခုယူၿပီး သီးျခားအစည္းအေဝးေတြလုပ္မယ့္အစား၊ အခ်ိန္ကုန္သက္သာေစဖို႔အတြက္ အႏၲရာယ္နည္းတဲ့ ေတာင္းဆိုခ်က္ေတြအတြက္ အတည္ျပဳခ်က္တစ္ခုတည္းနဲ႔ စမ္းလုပ္ၾကည့္ခ်င္ပါတယ္” ဆိုၿပီး တင္ျပတာက အတည္ျပဳခ်က္ရဖို႔ ပိုၿပီး ရာခိုင္ႏႈန္းမ်ားပါတယ္။ဒီလိုပုံစံနဲ႔ ေျဖရွင္းခ်က္ေတြကို တင္ျပျခင္းက တာဝန္ယူလိုစိတ္နဲ႔ တာဝန္ခံလိုစိတ္ရွိေၾကာင္း ျပသရာေရာက္ၿပီး ျပႆနာေျဖရွင္းႏိုင္စြမ္းရွိတဲ့ မိမိရဲ႕တန္ဖိုးကို ေပၚလြင္ေစပါတယ္။ ဒီလို ႏႈိင္း ယွဥ္တင္ျပခ်က္ေတြက နားေထာင္သူအတြက္ အားသာခ်က္၊ အားနည္းခ်က္ ေတြကို ခ်ိန္ဆရ လြယ္ကူေစၿပီး သင့္ရဲ႕ေတာင္းဆိုမႈကို လက္ခံဖို႔ ပိုၿပီး ဆႏၵရွိလာေစပါတယ္။
လုပ္ငန္းခြင္မွာ မိမိဘာလိုခ်င္တယ္ဆိုတာကို သိရွိတာက ပထမဆုံးအဆင့္ျဖစ္ၿပီး၊ အဲ့ဒါကို ထိေရာက္စြာ ေတာင္းဆိုတတ္ျခင္းက အဲ့ဒီဆႏၵေတြ လက္ေတြ႕ျဖစ္လာဖို႔ ျဖစ္ႏိုင္ေျခကို ပိုမ်ားေစပါတယ္။ ေအာင္ျမင္တဲ့ ကြၽမ္းက်င္ပညာရွင္ေတြက ဒါကို ေကာင္းေကာင္းနားလည္ၾကၿပီး အဲ့ဒီနဲ႔အညီ ဆက္သြယ္ေျပာဆိုတတ္ၾကပါတယ္။ ဦးေဆာင္လိုစိတ္ျပသျခင္း၊ အႀကံဉာဏ္ေတာင္းခံျခင္း၊ ေမးခြန္းမ်ားေမးျခင္း နဲ႔ ျပႆနာနဲ႔ ေျဖရွင္းခ်က္ကို တြဲဖက္တင္ျပျခင္းတို႔က ပဋိပကၡေတြကို ေရွာင္ရွားႏိုင္ၿပီး ပူးေပါင္းေဆာင္႐ြက္မႈကို ျဖစ္ထြန္းေစပါတယ္။ ဒီလို အေျပာင္းအလဲေလးေတြကို က်င့္သုံးၾကည့္ျခင္းအားျဖင့္ လုပ္ငန္းခြင္ဆက္ဆံေရးေတြ တိုးတက္လာၿပီး အားေပးကူညီမႈနဲ႔ ယုံၾကည္မႈအျပည့္ရွိတဲ့ ပတ္ဝန္းက်င္တစ္ခုကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply