လုပ်ငန်းခွင်မှာ ထိပ်တန်းဝန်ထမ်းတွေ အသုံးပြုလေ့ရှိတဲ့ စကားစု (၅) ခု

အလုပ်မှာ အမြဲတမ်း “ဟုတ်ကဲ့၊ ရပါတယ်” လို့ ပြောနေတာဟာ တကယ်တော်တဲ့သူတစ်ယောက် ဖြစ်လာဖို့ထက် စိတ်ဖိစီးပြီး အမှားများဖို့ပဲ အခွင့်အလမ်း ပိုများပါတယ်။ ၂၀၂၅ ခုနှစ်ရဲ့ လေ့လာမှုအရ ဝန်ထမ်း ၆၄ရာခိုင်နှုန်း ဟာ အလုပ်တကယ်ပြီးမြောက်တာထက် “အလုပ်ရှုပ်နေသယောင် ဟန်ဆောင် ပြသခြင်း” ကြောင့် ဆုလာဘ်တွေ ရနေတတ်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တကယ့် High Performer တွေကတော့ အောက်ပါ စကားစုတွေကို သုံးပြီး သူတို့ရဲ့ အလုပ်အရည်အသွေးကို ထိန်းသိမ်းကြပါတယ်။

၁။ “ဒါကို ကျနော်/ကျမ လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အခုလုပ်နေတဲ့ (XYZ) အလုပ်ကိုတော့ ခဏဆိုင်းထားဖို့ လိုပါလိမ့်မယ်။”

ဒါက အလုပ်အသစ်တွေ ထပ်တိုးလာတဲ့အခါ သုံးရမယ့် စကားပါ။ “မလုပ်နိုင်ဘူး” လို့ ငြင်းတာမဟုတ်ဘဲ “ဦးစားပေး (Priority)” ကို ပြန်ညှိခိုင်းတာပါ။ ဒါက သင့်ကို အလုပ်တွေအများကြီးကြားထဲမှာ မဟာဗျူဟာမြောက် စဉ်းစားတတ်သူအဖြစ် မြင်စေပါတယ်။

၂။ “ဒီအလုပ်ကို ကောင်းကောင်းမွန်မွန် ပြီးချင်တယ်ဆိုရင်တော့ အချိန် ပိုပေးဖို့ လိုအပ်သလို၊ ဒါမှမဟုတ် တခြားတာဝန်တွေကို လျှော့ချပေးဖို့ လိုပါမယ်။”

ဒီလိုပြောတာက အလုပ်ကို “ပြီးစလွယ်” မလုပ်ချင်ဘူး၊ “အရည်အသွေး” ကို အလေးထားတယ်ဆိုတာကို ပြတာပါ။ အချိန်မလောက်ဘဲ အတင်းလုပ်ခိုင်းတာမျိုး ကြုံလာရရင် ဒီစကားကို သုံးပါ။

၃။ “အဲဒီအချိန်မှာတော့ ကျနော်/ကျမ မအားသေးပါဘူး။ ကူညီပေးနိုင်မယ့် အချိန်ကတော့ (ဘယ်အချိန်) ဖြစ်ပါလိမ့်မယ်။”

ရုံးဆင်းချိန်ကြီးမှာ ခိုင်းတာမျိုး ဒါမှမဟုတ် ရုတ်တရက်ကြီး ခိုင်းတာမျိုးတွေအတွက် သုံးပါတယ်။ လုံးဝကြီး ငြင်းတာမဟုတ်ဘဲ ကိုယ်အားမယ့်အချိန်ကို အစားထိုး အကြံပြုတာ ဖြစ်တဲ့အတွက် တစ်ဖက်လူကိုလည်း လေးစားရာရောက်သလို ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်ကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

၄။ “အခုချက်ချင်း ဒါကို ဝမ်းမြောက်ဝမ်းသာ ကူညီပေးပါ့မယ်အဲ။ ဒါကြောင့် လက်ရှိလုပ်နေတဲ့ (XYZ) အလုပ်ကို ခေတ္တရပ်နားထားဖို့ ဒါမှမဟုတ် တခြားသူဆီ လွှဲပြောင်းပေးဖို့ လိုအပ်ပါမယ်။”

ကိုယ့်ကို အလုပ်တစ်ခု လာခိုင်းတယ်ဆိုတာ ယုံကြည်လို့ပါ။ ဒါပေမဲ့ အားလုံးကို တစ်ပြိုင်တည်း မလုပ်နိုင်တဲ့အခါ လက်ရှိတာဝန်တွေကို တခြားတစ်ယောက် (ဥပမာ-လက်ထောက် ဒါမှမဟုတ် အငယ်တန်းဝန်ထမ်း) ဆီ လွှဲပေးဖို့ တောင်းဆိုတာက ခေါင်းဆောင်မှု အရည်အချင်းကို ပြသရာရောက်ပါတယ်။

၅။ “အခုလောလောဆယ်တော့ ကျနော်/ကျမမှာ အလုပ်တွေ ပြည့်နေလို့ပါ၊ (ဘယ်နေ့) ကျမှ ဒါကို ပြန်ဆွေးနွေးလို့ ရမလား။”

ဒါကတော့ တအားကို ပွင့်လင်းရိုးသားတဲ့ နည်းလမ်းပါ။ ဘာကြောင့် မလုပ်နိုင်တာလဲဆိုတာကို အရှည်ကြီး ရှင်းပြစရာမလိုဘဲ ကိုယ့်ရဲ့ လုပ်နိုင်စွမ်း (Capacity) ကို အသိပေးလိုက်တာ ဖြစ်တဲ့အတွက် ရေရှည်မှာ ယုံကြည်စိတ်ချရတဲ့ ဝန်ထမ်းတစ်ယောက်အဖြစ် သတ်မှတ်ခံရပါလိမ့်မယ်။

တကယ့် ထိပ်တန်းဝန်ထမ်းတွေဆိုတာ အလုပ်အားလုံးကို ပွေ့ပိုက်ထားသူတွေမဟုတ်ဘဲ ဘယ်အရာကို ဘယ်အချိန်မှာ ပြီးအောင်လုပ်ရမလဲဆိုတာကို စနစ်တကျ စီမံခန့်ခွဲတတ်သူတွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Boundaryကို သတ်မှတ်တာဟာ ငြင်းဆန်တာမဟုတ်ဘဲ အလုပ်ကို အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲတာသာ ဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

အလုပ္မွာ အၿမဲတမ္း “ဟုတ္ကဲ့၊ ရပါတယ္” လို႔ ေျပာေနတာဟာ တကယ္ေတာ္တဲ့သူတစ္ေယာက္ ျဖစ္လာဖို႔ထက္ စိတ္ဖိစီးၿပီး အမွားမ်ားဖို႔ပဲ အခြင့္အလမ္း ပိုမ်ားပါတယ္။ ၂၀၂၅ ခုႏွစ္ရဲ႕ ေလ့လာမႈအရ ဝန္ထမ္း ၆၄ရာခိုင္ႏႈန္း ဟာ အလုပ္တကယ္ၿပီးေျမာက္တာထက္ “အလုပ္ရႈပ္ေနသေယာင္ ဟန္ေဆာင္ ျပသျခင္း” ေၾကာင့္ ဆုလာဘ္ေတြ ရေနတတ္ၾကတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ တကယ့္ High Performer ေတြကေတာ့ ေအာက္ပါ စကားစုေတြကို သုံးၿပီး သူတို႔ရဲ႕ အလုပ္အရည္အေသြးကို ထိန္းသိမ္းၾကပါတယ္။

၁။ “ဒါကို က်ေနာ္/က်မ လုပ္ေပးႏိုင္ပါတယ္။ ဒါေပမဲ့ အခုလုပ္ေနတဲ့ (XYZ) အလုပ္ကိုေတာ့ ခဏဆိုင္းထားဖို႔ လိုပါလိမ့္မယ္။”

ဒါက အလုပ္အသစ္ေတြ ထပ္တိုးလာတဲ့အခါ သုံးရမယ့္ စကားပါ။ “မလုပ္ႏိုင္ဘူး” လို႔ ျငင္းတာမဟုတ္ဘဲ “ဦးစားေပး (Priority)” ကို ျပန္ညႇိခိုင္းတာပါ။ ဒါက သင့္ကို အလုပ္ေတြအမ်ားႀကီးၾကားထဲမွာ မဟာဗ်ဴဟာေျမာက္ စဥ္းစားတတ္သူအျဖစ္ ျမင္ေစပါတယ္။

၂။ “ဒီအလုပ္ကို ေကာင္းေကာင္းမြန္မြန္ ၿပီးခ်င္တယ္ဆိုရင္ေတာ့ အခ်ိန္ ပိုေပးဖို႔ လိုအပ္သလို၊ ဒါမွမဟုတ္ တျခားတာဝန္ေတြကို ေလွ်ာ့ခ်ေပးဖို႔ လိုပါမယ္။”

ဒီလိုေျပာတာက အလုပ္ကို “ၿပီးစလြယ္” မလုပ္ခ်င္ဘူး၊ “အရည္အေသြး” ကို အေလးထားတယ္ဆိုတာကို ျပတာပါ။ အခ်ိန္မေလာက္ဘဲ အတင္းလုပ္ခိုင္းတာမ်ိဳး ႀကဳံလာရရင္ ဒီစကားကို သုံးပါ။

၃။ “အဲဒီအခ်ိန္မွာေတာ့ က်ေနာ္/က်မ မအားေသးပါဘူး။ ကူညီေပးႏိုင္မယ့္ အခ်ိန္ကေတာ့ (ဘယ္အခ်ိန္) ျဖစ္ပါလိမ့္မယ္။”

႐ုံးဆင္းခ်ိန္ႀကီးမွာ ခိုင္းတာမ်ိဳး ဒါမွမဟုတ္ ႐ုတ္တရက္ႀကီး ခိုင္းတာမ်ိဳးေတြအတြက္ သုံးပါတယ္။ လုံးဝႀကီး ျငင္းတာမဟုတ္ဘဲ ကိုယ္အားမယ့္အခ်ိန္ကို အစားထိုး အႀကံျပဳတာ ျဖစ္တဲ့အတြက္ တစ္ဖက္လူကိုလည္း ေလးစားရာေရာက္သလို ကိုယ့္ရဲ႕ ကိုယ္ပိုင္အခ်ိန္ကိုလည္း ကာကြယ္ၿပီးသား ျဖစ္ေစပါတယ္။

၄။ “အခုခ်က္ခ်င္း ဒါကို ဝမ္းေျမာက္ဝမ္းသာ ကူညီေပးပါ့မယ္အဲ။ ဒါေၾကာင့္ လက္ရွိလုပ္ေနတဲ့ (XYZ) အလုပ္ကို ေခတၱရပ္နားထားဖို႔ ဒါမွမဟုတ္ တျခားသူဆီ လႊဲေျပာင္းေပးဖို႔ လိုအပ္ပါမယ္။”

ကိုယ့္ကို အလုပ္တစ္ခု လာခိုင္းတယ္ဆိုတာ ယုံၾကည္လို႔ပါ။ ဒါေပမဲ့ အားလုံးကို တစ္ၿပိဳင္တည္း မလုပ္ႏိုင္တဲ့အခါ လက္ရွိတာဝန္ေတြကို တျခားတစ္ေယာက္ (ဥပမာ-လက္ေထာက္ ဒါမွမဟုတ္ အငယ္တန္းဝန္ထမ္း) ဆီ လႊဲေပးဖို႔ ေတာင္းဆိုတာက ေခါင္းေဆာင္မႈ အရည္အခ်င္းကို ျပသရာေရာက္ပါတယ္။

၅။ “အခုေလာေလာဆယ္ေတာ့ က်ေနာ္/က်မမွာ အလုပ္ေတြ ျပည့္ေနလို႔ပါ၊ (ဘယ္ေန႔) က်မွ ဒါကို ျပန္ေဆြးေႏြးလို႔ ရမလား။”

ဒါကေတာ့ တအားကို ပြင့္လင္း႐ိုးသားတဲ့ နည္းလမ္းပါ။ ဘာေၾကာင့္ မလုပ္ႏိုင္တာလဲဆိုတာကို အရွည္ႀကီး ရွင္းျပစရာမလိုဘဲ ကိုယ့္ရဲ႕ လုပ္ႏိုင္စြမ္း (Capacity) ကို အသိေပးလိုက္တာ ျဖစ္တဲ့အတြက္ ေရရွည္မွာ ယုံၾကည္စိတ္ခ်ရတဲ့ ဝန္ထမ္းတစ္ေယာက္အျဖစ္ သတ္မွတ္ခံရပါလိမ့္မယ္။

တကယ့္ ထိပ္တန္းဝန္ထမ္းေတြဆိုတာ အလုပ္အားလုံးကို ေပြ႕ပိုက္ထားသူေတြမဟုတ္ဘဲ ဘယ္အရာကို ဘယ္အခ်ိန္မွာ ၿပီးေအာင္လုပ္ရမလဲဆိုတာကို စနစ္တက် စီမံခန႔္ခြဲတတ္သူေတြ ျဖစ္ပါတယ္။ ကိုယ့္ရဲ႕ Boundaryကို သတ္မွတ္တာဟာ ျငင္းဆန္တာမဟုတ္ဘဲ အလုပ္ကို အေကာင္းဆုံးျဖစ္ေအာင္ စီမံခန႔္ခြဲတာသာ ျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*