မကြာသေးမီက အလုပ်ခွင်မှာ ‘Quiet Quitting’ (တိတ်တိတ်ဆိတ်ဆိတ် အလုပ်ထွက်ခြင်း) နဲ့ ‘Task-Masking’ တို့လို စကားလုံးတွေ ခေတ်စားခဲ့ပြီးနောက် အခုနှစ်မှာတော့ ‘Ghostworking’ ဆိုတဲ့ ဝေါဟာရအသစ်တစ်ခုက ထိပ်တန်း ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာပါတယ်။ Ghostworking ဟာ ဝန်ထမ်းတွေရဲ့ ကုန်ထုတ် လုပ်မှု ပျောက်ဆုံးတာကို ပြသနေတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး၊ အထူးသဖြင့် Gen Z မျိုးဆက်တွေကြားမှာ ပိုမိုအဖြစ်များလာတာကို တွေ့ရပါတယ်။ ဒါဆိုရင် Ghostworking ဆိုတာ တိတိကျကျ ဘာကို ဆိုလိုတာလဲ၊ ဘာကြောင့် ဖြစ်လာရတာလဲ၊ မန်နေဂျာတွေကရော ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
Ghostworking ရဲ့ အဓိပ္ပာယ်နဲ့ လက်တွေ့အခြေအနေ
အဓိပ္ပာယ်ဖွင့်ဆိုရရင် Ghostworking ဆိုတာ တကယ်တမ်း အလုပ်မလုပ်ဘဲ အလုပ်လုပ်နေသယောင်၊ အလုပ်များနေသယောင် ဟန်ဆောင်ခြင်းအနုပညာ ဖြစ်ပါတယ်။ ဒါဟာ အပေါ်ယံ စွမ်းဆောင်ရည် အကဲဖြတ်မှု (Performance Review) အတွက် ထုတ်လုပ်မှုရှိသလို ပြုမူနေတာ ဖြစ်ပါတယ်။Resume Now ရဲ့ စစ်တမ်းအရ ဒီပြဿနာဟာ အလုပ်ခွင်တွေမှာ အတော်အတန် အမြစ်တွယ်နေပြီဖြစ်ပါတယ်။ ဝန်ထမ်း ၅၈ရာခိုင်နှုန်း က ပုံမှန် အလုပ်လုပ်ဟန်ဆောင်တယ်လို့ ဝန်ခံထားပြီး၊ ၃၄ ရာခိုင်နှုန်းကတော့ တစ်ခါတလေ လုပ်ဆောင်ကြပါတယ်။ဒီလို ဟန်ဆောင်မှုတွေရဲ့ နောက်ကွယ်မှာ ဝန်ထမ်းတွေရဲ့ စိတ်ပါဝင်စားမှု ပျောက်ဆုံးနေတာကို တွေ့ရပါတယ်။ စစ်တမ်းအရ ဝန်ထမ်း ၉၂ရာခိုင်နှုန်း က အလုပ်ချိန်အတွင်း အခြားအလုပ်တွေကို ရှာဖွေနေကြပြီး၊ ၂၃ရာခိုင်နှုန်း က အလုပ်ကွန်ပျူတာကိုသုံးပြီး အလုပ်လျှောက်လွှာတွေ တင်ခဲ့ကြပါတယ်။
Gen Z မှာ ဘာလို့ အဖြစ်အများဆုံး ဖြစ်နေတာလဲ
Millennials, Gen X နဲ့ Baby Boomers တွေလည်း စိတ်ဖိစီးမှုတွေ ရှိနေပေမဲ့၊ Ghostworking ကို အလုပ်ချိန်အတွင်း အလုပ်လျှောက်လွှာတင်ခြင်းအားဖြင့် အများဆုံးလုပ်ဆောင်ခဲ့တာက Gen Z တွေပဲ ဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၂၄ဒသမ၂ ရာခိုင်နှုန်းရှိနေတယ်လို့ Forbes မဂ္ဂဇင်းပါအချက်အလက်တွေအရ သိရပါတယ်။
ဒီလို အကြီးအကျယ် စိတ်ပါဝင်စားမှု နည်းပါးလာရခြင်းရဲ့ အဓိက အကြောင်းအရင်းနှစ်ခု ရှိပါတယ်။
နံပါတ်တစ်ကတော့ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှု (Burnout)ကြောင့်လို့ ဖြေဆိုသူ အများစု (၆၃ရာခိုင်နှုန်း) ကပြောခဲ့ပါတယ်။ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုဟာ Ghostworking ကို ဖြစ်စေတဲ့ အဓိက အစပျိုးမှုဖြစ်တယ်လို့ ဆိုပါတယ်။ ၇၃ ရာခိုင်နှုန်းကတော့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကြောင့် အလုပ်လျှောက်လွှာတွေ ကြည့်မိကြတယ်လို့ ဝန်ခံခဲ့ပါတယ်။
နံပါတ်နှစ်ကတော့ အလုပ်ပြုတ်မှာကို ကြောက်စိတ် ကြောင့်ပါ။ အရင်မျိုးဆက်ဟောင်းတွေက အသိအမှတ်ပြုမှုဆိုတာ လူကိုယ်တိုင် မျက်နှာပြတာနဲ့ ဆိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ Gen Z မျိုးဆက်ဟာ Hybrid ဒါမှမဟုတ် Remote စနစ်နဲ့ ကြီးပြင်းလာလို့ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အလုပ်ပြီးမြောက်မှု (Output) နဲ့ တိုင်းတာတယ်လို့ မြင်ခဲ့ကြပါတယ်။
ဒါပေမဲ့ အခုလို အလုပ်ခွင်မှာ ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါ၊ အလုပ်များဟန်ဆောင်ခြင်းဟာ အလုပ်ပြုတ်မှာကို ကြောက်ရွံ့တဲ့ ကြောက်စိတ် ကနေ မွေးဖွားလာတဲ့ အကျင့်တစ်ခု ဖြစ်လာပါတယ်။ Allianz Life ရဲ့ စစ်တမ်းအရ Gen Z ရဲ့ ၆၄ရာခိုင်နှုန်း က ဒီနှစ်အတွင်း အလုပ်ဖြုတ်ချခံရမှာကို စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Ghostworking ဟာ Gen Z ရဲ့ စရိုက်မကောင်းမှုရဲ့ လက္ခဏာမဟုတ်ဘဲ၊ စီမံခန့်ခွဲမှုပုံစံ မကောင်းမွန်ခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
မန်နေဂျာတွေ ဘာလုပ်သင့်လဲ
မန်နေဂျာတွေအနေနဲ့ Ghostworking ကို ရပ်တန့်စေပြီး ဝန်ထမ်းတွေရဲ့ စိုးရိမ်မှုကို ဖြေလျှော့ပေးဖို့ ဒီ အချက်သုံးချက်ကို အသုံးပြုနိုင်ပါတယ်။
အလုပ်များဟန်ကို မဟုတ်ဘဲ အပြီးသတ် Output ကိုသာ အာရုံစိုက်ပါ
အမြဲတမ်း နောက်ကျမှ ပြန်တဲ့၊ အရာရာကို လက်ခံလုပ်ကိုင်နေတဲ့ ဝန်ထမ်းဟာ ထိပ်တန်းဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ သူတို့ဟာ ROI (လုပ်ငန်းအပေါ် အကျိုးအမြတ်) မရှိတဲ့ အရာတွေကို ‘Yes’ လို့ ပြောနေလို့ ဖြစ်နိုင်ပါတယ်။ မန်နေဂျာအနေနဲ့ ဝန်ထမ်းတွေကို လုပ်သင့်တဲ့ အလုပ်တွေကိုသာ ‘Yes’ လို့ ပြောခွင့် ပေးပြီး၊ မသင့်လျော်တဲ့ အလုပ်တွေကို ‘No’ လို့ ပြောပိုင်ခွင့် ပေးခြင်းဖြင့် သူတို့ရဲ့ အာရုံစိုက်မှုကို တကယ်အကျိုးရှိမယ့် အလုပ်တွေဆီ ပို့ဆောင်ပေးဖို့ လိုပါတယ်။
အလုပ်ပမာဏနဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ဖန်တီးပေးပါ
ဝန်ထမ်းတွေဟာ သူတို့ အလုပ်များနေကြောင်း၊ ဖိအားများနေကြောင်းကို အပြစ်ပေးခံရမှာ မကြောက်ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်တဲ့ ပတ်ဝန်းကျင် ရှိဖို့ လိုပါတယ်။ ဒါကြောင့် ပုံမှန် check-in များ ပြုလုပ်ပါ။ ဝန်ထမ်းတွေကို လုံခြုံမှုပေးနိုင်မယ့် မေးခွန်းများ မေးမြန်းပါ၊ ဥပမာ-“လုပ်ငန်းမှာ အတားအဆီးတွေ ရှိနေရင် ကူညီပြီး ဖယ်ရှားပေးရမယ့်ဟာတွေ ရှိပါသလား” “ဒီအလုပ်ကို ပိုလွယ်ကူအောင် ဘာလုပ်ပေးနိုင်မလဲ။”ဆိုတဲ့ မေးခွန်းမျိုးတွေပါ။
လုပ်ငန်းတာဝန်နဲ့ ပိုကြီးမားတဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ချိတ်ဆက်ပေးပါ
Gen Z ဝန်ထမ်းတွေရဲ့ စေ့ဆော်မှု (Motivation) တစ်ခုက သူတို့လုပ်နေတဲ့ အလုပ်ဟာ တကယ်ပဲ အရေးပါပြီး ရည်ရွယ်ချက်ရှိတယ် လို့ ခံစားရဖို့ ဖြစ်ပါတယ်။ ရိုးရိုး to-do list ပေးမယ့်အစား၊ သူတို့ရဲ့ လက်ရှိလုပ်ဆောင်ချက်တွေဟာ အဖွဲ့အစည်းရဲ့ ပိုကြီးမားတဲ့ မစ်ရှင်နဲ့ ရည်ရွယ်ချက်ကို ဘယ်လို အကျိုးသက်ရောက်မှု ရှိစေတယ် ဆိုတာကို အချိန်ယူရှင်းပြပေးပါ။
Ghostworking ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ အထက်ပါ အချက်သုံးချက်ကို အကောင်အထည်ဖော်ခြင်းဖြင့် ဝန်ထမ်းတွေဟာ ဟန်ဆောင်နေခြင်းထက် တကယ် ထုတ်လုပ်မှုရှိတဲ့ အလုပ်တွေကိုသာ အာရုံစိုက်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
မၾကာေသးမီက အလုပ္ခြင္မွာ ‘Quiet Quitting’ (တိတ္တိတ္ဆိတ္ဆိတ္ အလုပ္ထြက္ျခင္း) နဲ႔ ‘Task-Masking’ တို႔လို စကားလုံးေတြ ေခတ္စားခဲ့ၿပီးေနာက္ အခုႏွစ္မွာေတာ့ ‘Ghostworking’ ဆိုတဲ့ ေဝါဟာရအသစ္တစ္ခုက ထိပ္တန္း ေခတ္ေရစီးေၾကာင္းတစ္ခု ျဖစ္လာပါတယ္။ Ghostworking ဟာ ဝန္ထမ္းေတြရဲ႕ ကုန္ထုတ္ လုပ္မႈ ေပ်ာက္ဆုံးတာကို ျပသေနတဲ့ လကၡဏာတစ္ခုျဖစ္ၿပီး၊ အထူးသျဖင့္ Gen Z မ်ိဳးဆက္ေတြၾကားမွာ ပိုမိုအျဖစ္မ်ားလာတာကို ေတြ႕ရပါတယ္။ ဒါဆိုရင္ Ghostworking ဆိုတာ တိတိက်က် ဘာကို ဆိုလိုတာလဲ၊ ဘာေၾကာင့္ ျဖစ္လာရတာလဲ၊ မန္ေနဂ်ာေတြကေရာ ဘယ္လိုေျဖရွင္းႏိုင္မလဲဆိုတာ ေလ့လာၾကည့္ရေအာင္ပါ။
Ghostworking ရဲ႕ အဓိပၸာယ္နဲ႔ လက္ေတြ႕အေျခအေန
အဓိပၸာယ္ဖြင့္ဆိုရရင္ Ghostworking ဆိုတာ တကယ္တမ္း အလုပ္မလုပ္ဘဲ အလုပ္လုပ္ေနသေယာင္၊ အလုပ္မ်ားေနသေယာင္ ဟန္ေဆာင္ျခင္းအႏုပညာ ျဖစ္ပါတယ္။ ဒါဟာ အေပၚယံ စြမ္းေဆာင္ရည္ အကဲျဖတ္မႈ (Performance Review) အတြက္ ထုတ္လုပ္မႈရွိသလို ျပဳမူေနတာ ျဖစ္ပါတယ္။Resume Now ရဲ႕ စစ္တမ္းအရ ဒီျပႆနာဟာ အလုပ္ခြင္ေတြမွာ အေတာ္အတန္ အျမစ္တြယ္ေနၿပီျဖစ္ပါတယ္။ ဝန္ထမ္း ၅၈ရာခိုင္ႏႈန္း က ပုံမွန္ အလုပ္လုပ္ဟန္ေဆာင္တယ္လို႔ ဝန္ခံထားၿပီး၊ ၃၄ ရာခိုင္ႏႈန္းကေတာ့ တစ္ခါတေလ လုပ္ေဆာင္ၾကပါတယ္။ဒီလို ဟန္ေဆာင္မႈေတြရဲ႕ ေနာက္ကြယ္မွာ ဝန္ထမ္းေတြရဲ႕ စိတ္ပါဝင္စားမႈ ေပ်ာက္ဆုံးေနတာကို ေတြ႕ရပါတယ္။ စစ္တမ္းအရ ဝန္ထမ္း ၉၂ရာခိုင္ႏႈန္း က အလုပ္ခ်ိန္အတြင္း အျခားအလုပ္ေတြကို ရွာေဖြေနၾကၿပီး၊ ၂၃ရာခိုင္ႏႈန္း က အလုပ္ကြန္ပ်ဴတာကိုသုံးၿပီး အလုပ္ေလွ်ာက္လႊာေတြ တင္ခဲ့ၾကပါတယ္။
Gen Z မွာ ဘာလို႔ အျဖစ္အမ်ားဆုံး ျဖစ္ေနတာလဲ
Millennials, Gen X နဲ႔ Baby Boomers ေတြလည္း စိတ္ဖိစီးမႈေတြ ရွိေနေပမဲ့၊ Ghostworking ကို အလုပ္ခ်ိန္အတြင္း အလုပ္ေလွ်ာက္လႊာတင္ျခင္းအားျဖင့္ အမ်ားဆုံးလုပ္ေဆာင္ခဲ့တာက Gen Z ေတြပဲ ျဖစ္ပါတယ္။ ရာခိုင္ႏႈန္းအားျဖင့္ ၂၄ဒသမ၂ ရာခိုင္ႏႈန္းရွိေနတယ္လို႔ Forbes မဂၢဇင္းပါအခ်က္အလက္ေတြအရ သိရပါတယ္။
ဒီလို အႀကီးအက်ယ္ စိတ္ပါဝင္စားမႈ နည္းပါးလာရျခင္းရဲ႕ အဓိက အေၾကာင္းအရင္းႏွစ္ခု ရွိပါတယ္။
နံပါတ္တစ္ကေတာ့ စိတ္ဖိစီးမႈနဲ႔ ပင္ပန္းႏြမ္းနယ္မႈ (Burnout)ေၾကာင့္လို႔ ေျဖဆိုသူ အမ်ားစု (၆၃ရာခိုင္ႏႈန္း) ကေျပာခဲ့ပါတယ္။ စိတ္ဖိစီးမႈနဲ႔ ပင္ပန္းႏြမ္းနယ္မႈဟာ Ghostworking ကို ျဖစ္ေစတဲ့ အဓိက အစပ်ိဳးမႈျဖစ္တယ္လို႔ ဆိုပါတယ္။ ၇၃ ရာခိုင္ႏႈန္းကေတာ့ စိတ္ပိုင္းဆိုင္ရာ ပင္ပန္းႏြမ္းနယ္မႈေၾကာင့္ အလုပ္ေလွ်ာက္လႊာေတြ ၾကည့္မိၾကတယ္လို႔ ဝန္ခံခဲ့ပါတယ္။
နံပါတ္ႏွစ္ကေတာ့ အလုပ္ျပဳတ္မွာကို ေၾကာက္စိတ္ ေၾကာင့္ပါ။ အရင္မ်ိဳးဆက္ေဟာင္းေတြက အသိအမွတ္ျပဳမႈဆိုတာ လူကိုယ္တိုင္ မ်က္ႏွာျပတာနဲ႔ ဆိုင္တယ္လို႔ ယူဆခဲ့ၾကပါတယ္။ ဒါေပမဲ့ Gen Z မ်ိဳးဆက္ဟာ Hybrid ဒါမွမဟုတ္ Remote စနစ္နဲ႔ ႀကီးျပင္းလာလို႔ သူတို႔ရဲ႕ စြမ္းေဆာင္ရည္ကို အလုပ္ၿပီးေျမာက္မႈ (Output) နဲ႔ တိုင္းတာတယ္လို႔ ျမင္ခဲ့ၾကပါတယ္။
ဒါေပမဲ့ အခုလို အလုပ္ခြင္မွာ ေျပာင္းလဲမႈေတြ ျဖစ္လာတဲ့အခါ၊ အလုပ္မ်ားဟန္ေဆာင္ျခင္းဟာ အလုပ္ျပဳတ္မွာကို ေၾကာက္႐ြံ႕တဲ့ ေၾကာက္စိတ္ ကေန ေမြးဖြားလာတဲ့ အက်င့္တစ္ခု ျဖစ္လာပါတယ္။ Allianz Life ရဲ႕ စစ္တမ္းအရ Gen Z ရဲ႕ ၆၄ရာခိုင္ႏႈန္း က ဒီႏွစ္အတြင္း အလုပ္ျဖဳတ္ခ်ခံရမွာကို စိုးရိမ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
Ghostworking ဟာ Gen Z ရဲ႕ စ႐ိုက္မေကာင္းမႈရဲ႕ လကၡဏာမဟုတ္ဘဲ၊ စီမံခန႔္ခြဲမႈပုံစံ မေကာင္းမြန္ျခင္းရဲ႕ လကၡဏာတစ္ခု ျဖစ္ႏိုင္ပါတယ္။
မန္ေနဂ်ာေတြ ဘာလုပ္သင့္လဲ
မန္ေနဂ်ာေတြအေနနဲ႔ Ghostworking ကို ရပ္တန႔္ေစၿပီး ဝန္ထမ္းေတြရဲ႕ စိုးရိမ္မႈကို ေျဖေလွ်ာ့ေပးဖို႔ ဒီ အခ်က္သုံးခ်က္ကို အသုံးျပဳႏိုင္ပါတယ္။
အလုပ္မ်ားဟန္ကို မဟုတ္ဘဲ အၿပီးသတ္ Output ကိုသာ အာ႐ုံစိုက္ပါ
အၿမဲတမ္း ေနာက္က်မွ ျပန္တဲ့၊ အရာရာကို လက္ခံလုပ္ကိုင္ေနတဲ့ ဝန္ထမ္းဟာ ထိပ္တန္းျဖစ္ခ်င္မွ ျဖစ္ပါလိမ့္မယ္။ သူတို႔ဟာ ROI (လုပ္ငန္းအေပၚ အက်ိဳးအျမတ္) မရွိတဲ့ အရာေတြကို ‘Yes’ လို႔ ေျပာေနလို႔ ျဖစ္ႏိုင္ပါတယ္။ မန္ေနဂ်ာအေနနဲ႔ ဝန္ထမ္းေတြကို လုပ္သင့္တဲ့ အလုပ္ေတြကိုသာ ‘Yes’ လို႔ ေျပာခြင့္ ေပးၿပီး၊ မသင့္ေလ်ာ္တဲ့ အလုပ္ေတြကို ‘No’ လို႔ ေျပာပိုင္ခြင့္ ေပးျခင္းျဖင့္ သူတို႔ရဲ႕ အာ႐ုံစိုက္မႈကို တကယ္အက်ိဳးရွိမယ့္ အလုပ္ေတြဆီ ပို႔ေဆာင္ေပးဖို႔ လိုပါတယ္။
အလုပ္ပမာဏနဲ႔ ပတ္သက္ၿပီး စိတ္ပိုင္းဆိုင္ရာ လုံၿခဳံမႈ ဖန္တီးေပးပါ
ဝန္ထမ္းေတြဟာ သူတို႔ အလုပ္မ်ားေနေၾကာင္း၊ ဖိအားမ်ားေနေၾကာင္းကို အျပစ္ေပးခံရမွာ မေၾကာက္ဘဲ ပြင့္ပြင့္လင္းလင္း ေျပာဆိုႏိုင္တဲ့ ပတ္ဝန္းက်င္ ရွိဖို႔ လိုပါတယ္။ ဒါေၾကာင့္ ပုံမွန္ check-in မ်ား ျပဳလုပ္ပါ။ ဝန္ထမ္းေတြကို လုံၿခဳံမႈေပးႏိုင္မယ့္ ေမးခြန္းမ်ား ေမးျမန္းပါ၊ ဥပမာ-“လုပ္ငန္းမွာ အတားအဆီးေတြ ရွိေနရင္ ကူညီၿပီး ဖယ္ရွားေပးရမယ့္ဟာေတြ ရွိပါသလား” “ဒီအလုပ္ကို ပိုလြယ္ကူေအာင္ ဘာလုပ္ေပးႏိုင္မလဲ။”ဆိုတဲ့ ေမးခြန္းမ်ိဳးေတြပါ။
လုပ္ငန္းတာဝန္နဲ႔ ပိုႀကီးမားတဲ့ ရည္႐ြယ္ခ်က္ကို ရွင္းလင္းစြာ ခ်ိတ္ဆက္ေပးပါ
Gen Z ဝန္ထမ္းေတြရဲ႕ ေစ့ေဆာ္မႈ (Motivation) တစ္ခုက သူတို႔လုပ္ေနတဲ့ အလုပ္ဟာ တကယ္ပဲ အေရးပါၿပီး ရည္႐ြယ္ခ်က္ရွိတယ္ လို႔ ခံစားရဖို႔ ျဖစ္ပါတယ္။ ႐ိုး႐ိုး to-do list ေပးမယ့္အစား၊ သူတို႔ရဲ႕ လက္ရွိလုပ္ေဆာင္ခ်က္ေတြဟာ အဖြဲ႕အစည္းရဲ႕ ပိုႀကီးမားတဲ့ မစ္ရွင္နဲ႔ ရည္႐ြယ္ခ်က္ကို ဘယ္လို အက်ိဳးသက္ေရာက္မႈ ရွိေစတယ္ ဆိုတာကို အခ်ိန္ယူရွင္းျပေပးပါ။
Ghostworking ျပႆနာကို ေျဖရွင္းႏိုင္ပါတယ္။ အထက္ပါ အခ်က္သုံးခ်က္ကို အေကာင္အထည္ေဖာ္ျခင္းျဖင့္ ဝန္ထမ္းေတြဟာ ဟန္ေဆာင္ေနျခင္းထက္ တကယ္ ထုတ္လုပ္မႈရွိတဲ့ အလုပ္ေတြကိုသာ အာ႐ုံစိုက္လုပ္ကိုင္ႏိုင္မွာ ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply