အလုပ်အရမ်းများနေပြီလို့ သိနိုင်တဲ့ အချက် (၉) ချက်

ကိုယ့်ကိုယ်ကို အလုပ်သရဲလို့ သတ်မှတ်ထားပါသလား။ တခါတလေမှာ ကိုယ်တိုင်တောင်မသိလိုက်ဘဲ ကိုယ်ကအလုပ်ထဲမှာ လုံးဝခေါင်းနှစ်ထားရာကနေ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ချမ်းသာသုခကို မေ့လျော့နေမိသလား။ ဒီအချက်တွေကတော့သင်အလုပ်အရမ်းများနေပြီဆိုတာ သိနိုင်မယ့်၊ သတိပေးမယ့်အချက်တွေပါပဲ။

အိပ်မပျော်တာ

အိပ်ပျော်ဖို့ ခက်ခဲတာ၊ ညဘက်မှာ မကြာခဏ နိုးလာတာ ဒါမှမဟုတ် ဘယ်တော့မှလန်းဆန်းတယ်လို့ မခံစားရဘူးဆိုရင် သင့်ခန္ဓာကိုယ်က အနားယူဖို့ အော်ဟစ်နေတာဖြစ်နိုင်ပါတယ်။ အလုပ်မှာ အမြဲတမ်း စိတ်ဖိစီးမှုများနေတာက စိတ်တည်ငြိမ်ဖို့ ခက်ခဲစေပြီးပင်ပန်းနွမ်းနယ်မှုရဲ့ အဆုံးမရှိတဲ့ စက်ဝန်းထဲမှာ သင့်ကို ပိတ်မိနေစေနိုင်ပါတယ်။

ထုတ်လုပ်မှု စွမ်းအား ကျဆင်းတာ

ထူးဆန်းတဲ့အချက်က အလုပ်အရမ်းများတာက ကုန်ထုတ်လုပ်မှု စွမ်းအားကိုပိုနည်းစေတတ်တယ်ဆိုတာပါပဲ။ သင်က အချိန်ပိုတွေ လုပ်နေပေမဲ့ သင့်ရဲ့ ကုန်ထုတ်နှုန်းကကျဆင်းနေတာ၊ ပုံမှန်ထက်အမှားတွေပိုလုပ်မိနေတာတွေဖြစ်နေတတ်ပါတယ်။

အာရုံ အမြဲတမ်း လွင့်နေသလို ခံစားရတာ

သင့်ဦးနှောက်က ကောင်းကောင်း အလုပ်လုပ်ဖို့ အနားယူဖို့ လိုအပ်ပါတယ်။ သင့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းက နည်းပါးနေတယ်ဆိုရင် အလုပ်အရမ်းများလို့ စိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်နေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ကွန်ပျူတာမျက်နှာပြင်ကိုစိုက်ကြည့်နေပြီး အာရုံမစိုက်နိုင်ဖြစ်နေတာကို သတိထားမိတဲ့အခါအားဖြည့်အနားယူဖို့လိုအပ်နေတဲ့ သဲလွန်စအဖြစ် မှတ်ယူသင့်ပါတယ်။

စိတ်အားထက်သန်မှု ကင်းမဲ့တာ

အလုပ်အပေါ် စိတ်အားထက်သန်မှုရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒါက ကုန်ဆုံးသွားတဲ့အထိအလုပ်က ကိုယ့်အပေါ်ဝန်တခုလိုပိလာနေတယ်ဆိုရင်တော့ ဂရုစိုက်သင့်နေပါပြီ။ အရင်ကအလုပ်ကို ချစ်မြတ်နိုးခဲ့ပေမဲ့ အခုတော့ ဂရုမစိုက်တော့ဘူး၊ မကျေမနပ်ဖြစ်နေတယ်ဆိုရင်အလုပ်အရမ်းများတာက အကြောင်းရင်းဖြစ်နိုင်ပါတယ်။

စွမ်းအင် မရှိတာ

အိမ်ပြန်ရောက်တဲ့အခါ ဆိုဖာပေါ် ပစ်လဲပြီး ဘာမှ မလုပ်နိုင်လောက်အောင်ပင်ပန်းနွမ်းနယ်နေပါသလား။ အလုပ်က သင့်ရဲ့ စွမ်းအင်ကို စုပ်ယူနေတယ်ဆိုတာကိုသင့်ခန္ဓာကိုယ်က အကြီးအကျယ် သတိပေးနေတာပါ။

ကျန်းမာရေး ချို့ယွင်းလာတာ

နာတာရှည် စိတ်ဖိစီးမှုက သင့်ရဲ့ ခုခံအားစနစ်ကို အားနည်းစေပြီး အအေးမိတာ၊ကူးစက်ရောဂါများနဲ့ တခြားကျန်းမာရေး ပြဿနာများကို ပိုမိုခံစားရနိုင်ပါတယ်။ သင်ကမကြာခဏ ဖျားနာနေတယ်ဆိုရင် သင့်ရဲ့ အလုပ်ဝန်ပိနေတာက အကြောင်းရင်းဖြစ်နိုင်ပါတယ်။

စိုးရိမ်စိတ်များတာ

စိတ်တိုတာ၊ စိုးရိမ်တာ ဒါမှမဟုတ် စိတ်ဖိစီးမှုများနေတာမျိုး ခံစားနေရပါသလား။စိတ်အပြောင်းအလဲမြန်တာ၊ နာတာရှည် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတို့က အလုပ်အရမ်းများတာရဲ့ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ်။

အဆက်အသွယ် ဖြတ်တောက်ဖို့ ခက်ခဲတာ

ညစာစားပွဲမှာ အီးမေးလ်တွေကို စစ်ဆေးတာ၊ ရေချိုးခန်းထဲမှာ အလုပ်အကြောင်း တွေးနေတာနဲ့ညဘက်မှာ အလုပ်တွေလတ်စသတ်ဖို့ ရုန်းကန်နေရတာမျိုးတွေ ဖြစ်နေပါသလား။အလုပ်အကြောင်းကို အမြဲတမ်း စဉ်းစားနေတယ်ဆိုရင် သင်ဟာ အလုပ်အရမ်းများနေတာ
ဖြစ်နိုင်ပါတယ်။အရက် သို့မဟုတ် တခြား မကျန်းမာတဲ့ ရင်ဆိုင်ဖြေရှင်းနည်းတွေကို မှီခိုနေတာတစ်နေ့တာကို ဖြတ်သန်းဖို့အတွက် အရက်၊ အဆီများတဲ့ အစားအစာ ဒါမှမဟုတ် ကဖိန်းဓာတ်အလွန်အကျွံ သောက်သုံးတာတွေကို မှီခိုနေပါသလား။ ဒီအမြန်ဖြေရှင်းနည်းတွေက ခဏတာမှာအကူအညီဖြစ်တယ်လို့ ခံစားရနိုင်ပေမဲ့ တကယ့်ပြဿနာကို ဖြေရှင်းပေးမှာ မဟုတ်ပါဘူး။နောက်ပြီး ရေရှည်မှာ ပြဿနာတွေ ပိုများလာနိုင်ပါတယ်။

မိသားစုတွေကို အချိန်ပေးဖို့ခက်ခဲတာ

မိသားစုဝင်တွေ၊ သူငယ်ချင်းတွေက သင့်ကိုတွေ့ဖို့အတွက် စောင့်ဆိုင်းနေရတာ၊သင်နဲ့ထမင်းအတူစားဖို့အတွက် ချိန်းဆိုရတာတွေ ကြုံနေရပြီဆိုရင် အလုပ်နဲ့ ဘဝမညီမျှတာတွေ ဖြစ်နေပြီဆိုတာကို သိဖို့လိုပါတယ်။ဒီအချက်တွေကတော့ သင်က အလုပ်အရမ်းများပြီး ဝန်ပိနေတယ်ဆိုတာကို သိစေနိုင်တယ်အချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေက သင့်ရဲ့ ကိုယ်စိတ်နှလုံးကျန်းမာရေးကိုထိခိုက်စေနိုင်တာဖြစ် သတိပြုကာကွယ်သင့်ပါတယ်။

ကျော့ကေခိုင်

zawgyi

ကိုယ့္ကိုယ္ကို အလုပ္သရဲလို႔ သတ္မွတ္ထားပါသလား။ တခါတေလမွာ ကိုယ္တိုင္ေတာင္မသိလိုက္ဘဲ ကိုယ္ကအလုပ္ထဲမွာ လုံးဝေခါင္းႏွစ္ထားရာကေန ကိုယ့္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ၊႐ုပ္ပိုင္းဆိုင္ရာ ခ်မ္းသာသုခကို ေမ့ေလ်ာ့ေနမိသလား။ ဒီအခ်က္ေတြကေတာ့သင္အလုပ္အရမ္းမ်ားေနၿပီဆိုတာ သိႏိုင္မယ့္၊ သတိေပးမယ့္အခ်က္ေတြပါပဲ။

အိပ္မေပ်ာ္တာ

အိပ္ေပ်ာ္ဖို႔ ခက္ခဲတာ၊ ညဘက္မွာ မၾကာခဏ ႏိုးလာတာ ဒါမွမဟုတ္ ဘယ္ေတာ့မွလန္းဆန္းတယ္လို႔ မခံစားရဘူးဆိုရင္ သင့္ခႏၶာကိုယ္က အနားယူဖို႔ ေအာ္ဟစ္ေနတာျဖစ္ႏိုင္ပါတယ္။ အလုပ္မွာ အၿမဲတမ္း စိတ္ဖိစီးမႈမ်ားေနတာက စိတ္တည္ၿငိမ္ဖို႔ ခက္ခဲေစၿပီးပင္ပန္းႏြမ္းနယ္မႈရဲ႕ အဆုံးမရွိတဲ့ စက္ဝန္းထဲမွာ သင့္ကို ပိတ္မိေနေစႏိုင္ပါတယ္။

ထုတ္လုပ္မႈ စြမ္းအား က်ဆင္းတာ

ထူးဆန္းတဲ့အခ်က္က အလုပ္အရမ္းမ်ားတာက ကုန္ထုတ္လုပ္မႈ စြမ္းအားကိုပိုနည္းေစတတ္တယ္ဆိုတာပါပဲ။ သင္က အခ်ိန္ပိုေတြ လုပ္ေနေပမဲ့ သင့္ရဲ႕ ကုန္ထုတ္ႏႈန္းကက်ဆင္းေနတာ၊ ပုံမွန္ထက္အမွားေတြပိုလုပ္မိေနတာေတြျဖစ္ေနတတ္ပါတယ္။

အာ႐ုံ အၿမဲတမ္း လြင့္ေနသလို ခံစားရတာ

သင့္ဦးေႏွာက္က ေကာင္းေကာင္း အလုပ္လုပ္ဖို႔ အနားယူဖို႔ လိုအပ္ပါတယ္။ သင့္ရဲ႕အာ႐ုံစူးစိုက္ႏိုင္စြမ္းက နည္းပါးေနတယ္ဆိုရင္ အလုပ္အရမ္းမ်ားလို႔ စိတ္ပိုင္းဆိုင္ရာပင္ပန္းႏြမ္းနယ္ေနတဲ့ လကၡဏာတစ္ခု ျဖစ္ႏိုင္ပါတယ္။ ကြန္ပ်ဴတာမ်က္ႏွာျပင္ကိုစိုက္ၾကည့္ေနၿပီး အာ႐ုံမစိုက္ႏိုင္ျဖစ္ေနတာကို သတိထားမိတဲ့အခါအားျဖည့္အနားယူဖို႔လိုအပ္ေနတဲ့ သဲလြန္စအျဖစ္ မွတ္ယူသင့္ပါတယ္။

စိတ္အားထက္သန္မႈ ကင္းမဲ့တာ

အလုပ္အေပၚ စိတ္အားထက္သန္မႈရွိတာ ေကာင္းပါတယ္။ ဒါေပမဲ့ အဲဒါက ကုန္ဆုံးသြားတဲ့အထိအလုပ္က ကိုယ့္အေပၚဝန္တခုလိုပိလာေနတယ္ဆိုရင္ေတာ့ ဂ႐ုစိုက္သင့္ေနပါၿပီ။ အရင္ကအလုပ္ကို ခ်စ္ျမတ္ႏိုးခဲ့ေပမဲ့ အခုေတာ့ ဂ႐ုမစိုက္ေတာ့ဘူး၊ မေက်မနပ္ျဖစ္ေနတယ္ဆိုရင္အလုပ္အရမ္းမ်ားတာက အေၾကာင္းရင္းျဖစ္ႏိုင္ပါတယ္။

စြမ္းအင္ မရွိတာ

အိမ္ျပန္ေရာက္တဲ့အခါ ဆိုဖာေပၚ ပစ္လဲၿပီး ဘာမွ မလုပ္ႏိုင္ေလာက္ေအာင္ပင္ပန္းႏြမ္းနယ္ေနပါသလား။ အလုပ္က သင့္ရဲ႕ စြမ္းအင္ကို စုပ္ယူေနတယ္ဆိုတာကိုသင့္ခႏၶာကိုယ္က အႀကီးအက်ယ္ သတိေပးေနတာပါ။

က်န္းမာေရး ခ်ိဳ႕ယြင္းလာတာ

နာတာရွည္ စိတ္ဖိစီးမႈက သင့္ရဲ႕ ခုခံအားစနစ္ကို အားနည္းေစၿပီး အေအးမိတာ၊ကူးစက္ေရာဂါမ်ားနဲ႔ တျခားက်န္းမာေရး ျပႆနာမ်ားကို ပိုမိုခံစားရႏိုင္ပါတယ္။ သင္ကမၾကာခဏ ဖ်ားနာေနတယ္ဆိုရင္ သင့္ရဲ႕ အလုပ္ဝန္ပိေနတာက အေၾကာင္းရင္းျဖစ္ႏိုင္ပါတယ္။

စိုးရိမ္စိတ္မ်ားတာ

စိတ္တိုတာ၊ စိုးရိမ္တာ ဒါမွမဟုတ္ စိတ္ဖိစီးမႈမ်ားေနတာမ်ိဳး ခံစားေနရပါသလား။စိတ္အေျပာင္းအလဲျမန္တာ၊ နာတာရွည္ စိတ္ဖိစီးမႈနဲ႔ စိုးရိမ္ပူပန္မႈတို႔က အလုပ္အရမ္းမ်ားတာရဲ႕ေဘးထြက္ဆိုးက်ိဳးျဖစ္ပါတယ္။

အဆက္အသြယ္ ျဖတ္ေတာက္ဖို႔ ခက္ခဲတာ

ညစာစားပြဲမွာ အီးေမးလ္ေတြကို စစ္ေဆးတာ၊ ေရခ်ိဳးခန္းထဲမွာ အလုပ္အေၾကာင္း ေတြးေနတာနဲ႔ညဘက္မွာ အလုပ္ေတြလတ္စသတ္ဖို႔ ႐ုန္းကန္ေနရတာမ်ိဳးေတြ ျဖစ္ေနပါသလား။အလုပ္အေၾကာင္းကို အၿမဲတမ္း စဥ္းစားေနတယ္ဆိုရင္ သင္ဟာ အလုပ္အရမ္းမ်ားေနတာ
ျဖစ္ႏိုင္ပါတယ္။အရက္ သို႔မဟုတ္ တျခား မက်န္းမာတဲ့ ရင္ဆိုင္ေျဖရွင္းနည္းေတြကို မွီခိုေနတာတစ္ေန႔တာကို ျဖတ္သန္းဖို႔အတြက္ အရက္၊ အဆီမ်ားတဲ့ အစားအစာ ဒါမွမဟုတ္ ကဖိန္းဓာတ္အလြန္အကြၽံ ေသာက္သုံးတာေတြကို မွီခိုေနပါသလား။ ဒီအျမန္ေျဖရွင္းနည္းေတြက ခဏတာမွာအကူအညီျဖစ္တယ္လို႔ ခံစားရႏိုင္ေပမဲ့ တကယ့္ျပႆနာကို ေျဖရွင္းေပးမွာ မဟုတ္ပါဘူး။ေနာက္ၿပီး ေရရွည္မွာ ျပႆနာေတြ ပိုမ်ားလာႏိုင္ပါတယ္။

မိသားစုေတြကို အခ်ိန္ေပးဖို႔ခက္ခဲတာ

မိသားစုဝင္ေတြ၊ သူငယ္ခ်င္းေတြက သင့္ကိုေတြ႕ဖို႔အတြက္ ေစာင့္ဆိုင္းေနရတာ၊သင္နဲ႔ထမင္းအတူစားဖို႔အတြက္ ခ်ိန္းဆိုရတာေတြ ႀကဳံေနရၿပီဆိုရင္ အလုပ္နဲ႔ ဘဝမညီမွ်တာေတြ ျဖစ္ေနၿပီဆိုတာကို သိဖို႔လိုပါတယ္။ဒီအခ်က္ေတြကေတာ့ သင္က အလုပ္အရမ္းမ်ားၿပီး ဝန္ပိေနတယ္ဆိုတာကို သိေစႏိုင္တယ္အခ်က္ေတြပဲျဖစ္ပါတယ္။ ဒီအခ်က္ေတြက သင့္ရဲ႕ ကိုယ္စိတ္ႏွလုံးက်န္းမာေရးကိုထိခိုက္ေစႏိုင္တာျဖစ္ သတိျပဳကာကြယ္သင့္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*