ခံစားချက်ကို ပွင့်လင်းစွာ ထုတ်ဖော်သော ရာသီခွင် (၅) မျိုး

ကျွန်တော်တို့ရှင်သန်ရာကမ္ဘာမှာ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြတတ်သူများ ရှိပါတယ်။ လိုရင်းကိုသာပြောတတ်ပြီး ဖုံးကွယ်မြိုသိပ်ထားခြင်း မရှိသလို ထိလွယ်ရှလွယ်သမားများလည်း ဖြစ်ပါတယ်။ ဒါကြောင့် သင့်ပတ်ဝန်းကျင်မှာ အောက်ပါ ရာသီခွင်များမှ တစ်ဦးဦး ပါရှိနေပြီဆိုရင်တော့ သေချာပေါက် နားလည်မှုပေးဖို့ လိုအပ်ပါတယ်။

ပြိဿ

အနီးပတ်ဝန်းကျင်ရှိ မိတ်ဆွေများကို အလေးအနက် ဂရုစိုက်တတ်ပါတယ်။ ချစ်ရသူများအတွက် နွေးထွေးစွာ ကြိုဆိုပေးတတ်သလို နှလုံးသားမှာ ချစ်ခြင်းတရားဖြင့် ပြည့်နှက်နေပြီး လက်ခံမှု အပြည့်အဝပေးတတ်ပါတယ်။ ဒါပေမဲ့ ရံဖန်ရံခါမှာ ပိုင်ဆိုင်လိုစိတ်ပြင်းထန်တတ်တာကြောင့် မြန်မြန်ဆန်ဆန် ဖြေဖျောက်ဖို့ ကြိုးစားရပါတယ်။

ကရကဋ်

ထိလွယ်ရှလွယ်ဖြစ်ပေမဲ့ နှလုံးသားနွေးထွေးကြပါတယ်။ လက်တွဲဖော်အတွက် အဆင်သင့်ရှိနေပေးတတ်သလို တစ်ဦးပေါ်တစ်ဦး ချစ်ကြည်ရင်းနှီးပါတယ်။ စစ်မှန်သော မေတ္တာကိုသာ ပြသလေ့ရှိပြီး ထက်မြက်ကာ ကြင်နာသနားတတ်သူများ ဖြစ်ပါတယ်။

ကန်ရာသီ

ရိုးသား ပွင့်လင်းကြပြီး ခံစားချက်ကို ဖုံးကွယ်ရတာမျိုး မကြိုက်နှစ်သက်ပါဘူး။ မိတ်ဆွေတွေဆီမှ ပွင့်လင်းသော အမြင်ကိုသာ လိုချင်ပြီး ခံစားချက် ဖုံးကွယ်ထားခြင်း မရှိစေလိုပါဘူး။ လူတွေအပေါ် အပြည့်အဝဂရုစိုက်ပေမဲ့ မမြင်သာစေလိုသော ဆန္ဒတော့ ရှိကြပါတယ်။

တူ

ဂရုအစိုက်ဆုံးလူသားများထဲမှ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ အဖော်အပေါင်းဖွဲ့ရခြင်းကို နှစ်သက်ပြီး လူတိုင်းကို ပျော်ရွှင်အောင် လုပ်ပေးချင်ပါတယ်။ လူတိုင်းအပေါ်ကူညီတတ်ပြီး first impression ကောင်းအောင် ကြိုးစားကြတာ ဖြစ်ပါတယ်။

ဗြိစ္ဆာ

အလွန်အကျွံ ဂရုစိုက်တတ်ကြပါတယ်။ နာကျင်ခံစားရချိန်မှာ နာကျင်ခံစားအောင်ပြုလုပ်သူကို တိုက်ရိုက်ပြောဆိုကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဖွင့်ဟပြောပြဖို့ရာ မသိပေမဲ့ အကောင်းဆုံးကြိုးစား ပြောဆိုတတ်ပါတယ်။ အပြင်ပန်းမှာ သန်မာချင်ယောင်ဆောင်ထားပေမဲ့ အတွင်းစိတ်နှလုံးသား နူးညံ့ပျော့ပျောင်းသူများ ဖြစ်ပါတယ်။