
The Glory ဇာတ်လမ်းတွဲမှ မင်းသမီး ဆောင်းဟေကျိုရဲ့ လက်စားချေ ဇာတ်ရုပ်ကို ပေါ်လွင်အောင် အရောက်ပို့ပေးနိုင်သော ဗီလိန်မင်းသမီးက Lim Ji Yeon ဖြစ်ပါတယ်။ ကလေးဘဝအရွယ်မှာ အကြမ်းဖက်မှု ခံစားခဲ့ရသော အမျိုးသမီးတစ်ယောက်ရဲ့ ကလဲ့စားကို The Glory မှာ မြင်တွေ့ရမှာ ဖြစ်ပြီး ပါ့ခ်ယွန်းဂျင်နေရာမှ မင်းသမီး Lim Ji Yeon က သရုပ်ဆောင်ထားပါတယ်။ မွန်းဒုံအွန်း (ဆောင်းဟေကျို)ကို ကျောင်းတွင်းအကြမ်းဖက်ခဲ့မှုမှာ အဓိက ခေါင်းဆောင်ဖြစ်သော ပါ့ခ်ယွန်းဂျင်က အရွယ်ရောက်လာချိန်မှာ သတင်းကြေညာသူအဖြစ် ရပ်တည်ကာ သမီးတစ်ယောက်ကို ပြုစုပျိုးထောင်ရင်း အတိတ်ကို ပြည်ဖုံးကားချကာ ပျော်ရွှင်နေတာ ဖြစ်ပါတယ်။
မတ်လ (၁၇) ရက်နေ့ မနက်မှာတော့ ဆိုးလ်မြို့ ဂန်းနမ်ရှိ ကော်ဖီဆိုင်မှာ The Glory အတွက် အင်တာဗျူးအစီအစဉ် ကျင်းပခဲ့ပါတယ်။ အင်တာဗျူးမှာ မင်းသမီး Lim Yi Jeon မှ ဇာတ်လမ်းတွဲထဲ ဗီလိန်အဖြစ် ပထမဆုံး သရုပ်ဆောင်အတွေ့အကြုံကို ဝေမျှခဲ့တာ ဖြစ်ပါတယ်။ စကားပြောကောင်းမွန်ပြီး သရုပ်ဆောင်ဇာတ်ရုပ်ပီပြင်သော Lim Ji Yeon က အပြင်လောကမှာ ဗီလိန်တစ်ယောက်ကဲ့သို့ မှတ်ယူရလောက်အောင် သရုပ်ဆောင်နိုင်ပါတယ်။
“ ပါဝင်ရမယ်ဆိုရင်တောင်မှ ဧည့်သည်သရုပ်ဆောင်နေရာမှ ကျွန်မ The Glory ဇာတ်လမ်းတွဲမှာ ပါဝင်မိမှာပါ။ ကျွန်မ ဗီလိန်ဇာတ်ရုပ်နေရာမှ အမြဲတမ်း သရုပ်ဆောင်ချင်ခဲ့ပါတယ်။ ကျွန်မ အသက် (၄၀) ကျော် (၅၀) ထဲ ရောက်ရှိပြီး ဝါရင့်သရုပ်ဆောင်တစ်ယောက် ဖြစ်လာမယ်ဆိုရင် ဗီလိန်ဇာတ်ရုပ်နေရာတွေပဲ သရုပ်ဆောင်သွားချင်ပါတယ်။ ဒါပေမဲ့ မျှော်လင့်မထားဘဲ ငယ်တုန်းအရွယ်မှာပဲ ဗီလိန်ဇာတ်ရုပ်နေရာ ရခဲ့သလို ကျွန်မနဲ့ ကွက်တိပဲဆိုတာ ခံစားလိုက်ရပါတယ်။” ဆိုပြီး ပြောကြားခဲ့ပါတယ်။
ဇာတ်လမ်းထဲက ဗီလိန်ဇာတ်ရုပ်ကို မုန်းတီးသလို လက်တွေ့မှာ ကျောင်းတွင်းအကြမ်းဖက်မှုကို မုန်းတီးစေချင်တာကြောင့် ပရိသတ်မုန်းအောင် တမင်တကာ သရုပ်ဆောင်ခဲ့ကြောင်းလည်း LimYi Jeon က ခုလို ဖြေကြားသွားပါတယ်။
“ ဇာတ်လမ်းတွဲအတွက် ဇာတ်ညွှန်းဖတ်ချိန်မှာ ကမ္ဘာပေါ်မှ ရှိရှိသမျှလူတွေ ပါ့ခ်ယွန်းဂျင်ဇာတ်ရုပ်ကို မုန်းအောင်ဖန်တီးဖို့ မျှော်လင့်ခဲ့ပါတယ်။ လူတိုင်းအချစ်ကို ရဖို့မလွယ်ကူပေမဲ့ အမုန်းခံရတာတော့ လွယ်လွယ်လေးပါပဲ။ ဒါကြောင့် ကျွန်မကို လူတိုင်းမုန်းအောင်ဖန်တီးပေးဖို့ ဇာတ်ညွှန်းရေးဆရာကို ပြောခဲ့ပါတယ်။ ဒီလိုနည်းနဲ့ပဲ ကျွန်မ ဒီအလုပ်မှာ အောင်မြင်တာပါ” ဆိုပြီး ဖြေကြားခဲ့ပါတယ်။
ဂျယ်ဂျွန်းနဲ့အတူ bed scence ရိုက်ရသော ခံစားချက်ကိုလည်း ခုလို ဝေမျှသွားခဲ့တာ ဖြစ်ပါတယ်။
“ဒါနဲ့ပတ်သက်ပြီး လုံးဝအဆင်ပြေပါတယ်။ Jae Jun နဲ့ bed scene ရိုက်ကူးဖို့က ယွန်းဂျင်အတွက် လိုအပ်တာကြောင့် ရိုက်ကူးလိုက်တာပါ။ ဒါ့အပြင် အမေတစ်ယောက်နေရာမှ သရုပ်ဆောင်ရတာလည်း ကျွန်မအတွက် အခက်အခဲမရှိပါဘူး။ ကျွန်မက အသက် ၃၄ နှစ်ရှိပြီး အိုနေပြီဖြစ်လို့ အမေတစ်ယောက်အခန်း သရုပ်ဆောင်ရတာ အေးဆေးပါ” ဆိုပြီး အဆုံးသတ် ဖြေကြားခဲ့ပါတယ်။
မင်းသမီး Lim Ji Yeon ကတော့ တစ်ကားဆိုတစ်ကား ပေါက်သွားခဲ့ပြီး ဗီလိန်ကာရိုက်တာဖြင့် တစ်လောကလုံးသိအောင် အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။