အောင်မြင်ကျော်ကြားမှုကို ပြင်းပြတောင့်တသော ရာသီခွင်များ

အများသူငါရဲ့အာရုံစိုက်ခံရအောင်နေချင်သူတွေရှိသလိုအောင်မြင်ကျော်ကြားမှုကိုလိုလားတောင့်တသူတွေရှိကြပါတယ်။ အောင်မြင်မှုနောက်ကောက်ကောက်ပါအောင်လိုက်ပြီးကျော်ကြားမှုကို မြတ်နိုးသော ရာသီခွင် (၅) ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Aries (မိဿ)

အောင်မြင်ကျော်ကြားဖို့အတွက်စီမံကိန်းများချကာကြိုတင်အကွက်ချကြတာဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားတာကြောင့်စီစဉ်သမျှအောင် မြင်ကြပါတယ်။သွက်လက်ထက်မြက်ပြီးပန်းတိုင်သို့ အရောက်လှမ်းနိုင်သောရာသီခွင်များဖြစ်ပါတယ်။

Cancer (ကရကဋ်)

အောင်မြင်မှုကို ဆာလောင်နေသူများဖြစ်ပါတယ်။ကျော်ကြားမှုနောက်ခြေလှမ်းနိုင်ရန်အတွက်အစွမ်းကုန်ကြိုးစားကြပေမဲ့မှန်ကန်သောဆောင်ရွက်ချက်ချမှတ်နိုင်ခြင်းမရှိပါဘူး။ ဆောင်ရွက်ချက်နဲ့ အကျိုးဆက်အတွက်သာအတွေးလွန်နေကြတာကြောင့်ရလဒ်အနေဖြင့် ရှိရင်းစွဲနေရာမှာဆက်လက်ရှိနေရပါတယ်။

Virgo ( ကန်ရာသီ)

ကျော်ကြားဖို့ နည်းမျိုးစုံသုံးတတ်ကြပါတယ်။ အလုပ်ခွင်မှာကြိုးစားပြီးသူတစ်ပါးမနာလိုဖြစ်ရသည်ထိလူနေမှုဘဝကိုကြွားဝါလေ့ရှိကြပါတယ်။

အောင်မြင်မှုတစ်ခုဆွတ်ခူးပြီးတစ်ပြိုင်နက်ရိုးအီသွားတတ်တာကြောင့်နောက်ထပ်ကျော်ကြားမှုများကိုဆာလောင်မွတ်သိပ်ပြီးပိုမိုကောင်းမွန်မှုကိုလို လားတောင့်တကြတာဖြစ်ပါတယ်။

Scorpio (ဗြိစ္ဆာ)

ကျော်ကြားမှုကိုရရှိနိုင်ဖို့အတွက်ကြိုးကိုင်ခြယ်လှယ်မှုကိုဆောင်ရွက်တတ်ကြပါတယ်။အောင်မြင်မှု၊ ကျော်ကြားမှုအတွက်ပိုက်ဆံအကုန်ခံဖို့ဝန်မလေးကြ သူတွေ ဖြစ်ပြီးလိုချင်တာကို ရရှိအောင် ဆောင်ရွက်နိုင်သလိုမကောင်းမှုကိုကျူးလွန်ရဲသူတွေ ဖြစ်ပါတယ်။

Aquarius (ကုံရာသီ)

အောင်မြင်ကျော်ကြားမှုကို ဟန့်တားလာသူမှန်သမျှအပေါ် ရင်ဆိုင်တိုက်ခိုက်ဖို့အသင့်ရှိတတ်ကြပါတယ်။ ကျော်ကြားလိုစိတ်ရှိတာကြောင့်လက်တွေ့မဆောင်ရွက်မီမှာအသေအချာ လေ့လာလုပ်ကိုင်ကြတာဖြစ်ပါတယ်။ ဆုံးဖြတ်ချပြီးတစ်ပြိုင်နက် ကျော်ကြားဖို့အတွက်လိုအပ်တာမှန်သမျှ ပြည့်စုံအောင် ကြိုးစားကြတာဖြစ်ပါတယ်။