အချစ်ရေးမှာ သင် ကျဆုံးနေကြောင်း ပြသနေသော လက္ခဏာ (၄) ရပ်

အချစ်ရေးမှာသူ့ဘက်ကိုယ့်ဘက်ညီမျှအောင်ကြည့်သင့်တာဖြစ်သလိုနှစ်ဦးနှစ်ဖက်စိတ်ညစ်စေမယ့်အပြုအမူ၊ အပြောအဆိုများကိုရှောင်ရှားသင့်ပါတယ်။ relationship တစ်ခုမှာ သင့်ဘက်ကသာ အလျှော့ပေးပြီး သင်ကျဆုံးနေကြောင်းသိနိုင်မယ့် လက္ခဏာ (၄) ရပ်ကို ဖော်ပြပေးချင်ပါတယ်။

(၁) Me-time နည်းပါးလာခြင်း

ကိုယ်ပိုင်မြတ်နိုးသောအရာများကိုဆောင်ရွက်နိုင်ဖို့ အချိန်ရှိသင့်ပြီးစာအုပ်ဖတ်ခြင်း၊ ဂိမ်းဆော့ခြင်း၊ လမ်းလျှောက်ခြင်းစသည်တို့ ဆောင်ရွက်နိုင်ပါတယ်။ လက်တွဲဖော်ဖြင့်သာအချိန်တွေကုန်ဆုံးနေပြီး မြတ်နိုးသောအရာများကိုဆောင်ရွက်နိုင်ခြင်း မရှိတော့ဘူးဆိုရင်တော့ သင့်ကိုယ်သင်ဆုံးရှုံးနေရပြီဆိုတာသဘောပေါက်သင့်ပါတယ်။ ကိုယ်ပိုင် me-time ဖြင့် ကျေနပ်နိုင်မှသာလက်တွဲဖော်ဖြင့်လည်းပျော်ရွှင်သွားနိုင်မယ့်အနေအထားတစ်ခုရှိမှာဖြစ်ပါတယ်။

(၂) လူမှုဘဝ မရှိတော့ခြင်း

သူငယ်ချင်းမိတ်ဆွေများနှင့် ဆက်ဆံရေးပျက်သွားပြီးဖုန်းဆက်ခြင်းမပြုလုပ်နိုင်တော့ဘူးလား။ ဒါဆိုရင်တော့ကိုယ်ပိုင်ဘဝပျောက်ဆုံးပြီးမညီမျှသော ထမ်းပိုးကိုသယ်ပိုးရသလို ဖြစ်သွားပါပြီ။ ချစ်သူဖြစ်စမှာချစ်သူကိုသာဦးစားပေးပြီးသူငယ်ချင်းတွေကို ဘေးချိတ်ထားခဲ့ပေမဲ့တကယ်တမ်းသင်လိုအပ်ချိန်မှာသင့်မိတ်ဆွေတွေကို ဆုံးရှုံးလိုက်ရပြီဆိုတာ နောက်ကျမှ သိလာရမှာ ဖြစ်ပါတယ်။ 

(၃) ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိတော့ခြင်း

လက်တွဲဖော်ရဲ့ဆုံးဖြတ်ချက်ကသင့်အပေါ် လွှမ်းမိုးသက်ရောက်မှု ရှိနေပါပြီလား။ သင့်ကိုဘာဝတ်သင့် မဝတ်သင့်ဆုံးဖြတ်ဖို့ရာအကြံပေးနေပါပြီလား။ အသေးအမွှားဆုံးဖြတ်ချက်မှအစသင့်လက်တွဲဖော်အပေါ် မူတည်နေရပြီဆိုရင်တော့ နောက်ပိုင်းမှာဒရာမာတွေများလာမှာဖြစ်သလိုသင့်ကိုယ်သင်ဆုံး ရှုံးရတော့မှာ ဖြစ်ပါတယ်။

(၄) အိမ်မက်တွေ ပျောက်ဆုံးလာခြင်း

အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုကတော့ဘဝရည်မှန်းချက်ပန်းတိုင်တွေအားလုံးပြိုလဲကုန်တာဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးမှအလုပ်ထွက်လိုက်ရသူများအနေဖြင့်အကြီးမားဆုံးသောဆုံးရှုံးမှုကို ခဏတာသာယာမှုဖြင့်လဲယူလိုက်တာဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်မှာအိမ်မက်တွေကဝေးကွာသွားပြီး ရည်မှန်းချက်ပျောက်သွားနိုင်သလို မျက်စိအောက်မှ အပျောက်မခံသောလက်တွဲဖော်ကြောင့် စိတ်ညစ်မှုကို ခံစားရမှာ ဖြစ်ပါတယ်။

သာယာပျော်ရွှင်သောအချစ်ရေးဖြင့် ခိုင်မာသောဘဝကို တည်ဆောက်နိုင်ဖို့ရာနှစ်ဦးနှစ်ဖက်ကိုယ်ချင်းစာတရားဖြင့်ရှေ့ဆက်သွားသင့်ကြောင်းတိုက် တွန်းရေးသားလိုက်ပါတယ်။