မှန်ချောင်လေးများအတွက် မျက်မှန်ပြဿနာပေါင်းချုပ်

လောကကြီးကိုဘောင်ခတ်ကြည့်ရခြင်းကအလုပ်ရှုပ်ပေမဲ့အမြင်တွေကြည်လင်ရှင်းလင်းဖို့အတွက် မဖြစ်မနေမျက်မှန်တပ်ရပါတယ်။ မျက်မှန်ပြဿနာ ကြောင့် အခက်အခဲဖြစ်နေသူများအတွက် အဆင်ပြေစေဖို့ရာ မျက်မှန်ပြဿနာပေါင်းချုပ်ကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) မျက်မှန်လျှောကျနေတယ်

မျက်မှန်ကော်ကိုင်းတပ်သူများအချိန်ကြာလာသည်နှင့်အမျှမျက်မှန်ကိုင်းကလျော့တိလျော့ရဲ ဖြစ်လာပြီးနှာရိုးပေါ်ဆီလျှောကျတတ်တာကြောင့်ခဏခ ဏပင့်တင်ပေးရမယ့်အခြေအနေပါ။ ဒါကြောင့်မျက်မှန်ကိုင်းကို တောင့်တင်းအောင်ဆောင်ရွက်သင့်ပြီး ကိုင်းအဟောင်းကို ကိုင်းမာမာတစ်ခုဖြင့်အ စားထိုးလဲသင့်ပါတယ်။ မျက်မှန်ကိုင်းကို နေပူထဲထားခြင်းမျိုး၊ အပူတိုက်ရိုက်ထိတွေ့ခြင်းမျိုး မလုပ်သင့်သလို အသုံးမပြုတော့ချိန်မှာမျက်မှန်အိတ်ထဲ အသေအချာထည့်သိမ်းသင့်ပါတယ်။

(၂) မှန်သား ထူနေတယ်

မှန်အထူကြီးတပ်ထားပေမဲ့အမြင်အာရုံတွေဝေဝါးနေတုန်းပဲလား။ ဒါဆိုရင်တော့မှန်ကပါဝါကိုက်ပေမဲ့မှန်အမျိုးအစားနဲ့ ကိုင်းကြောင့်ပြဿနာတက်နေတာဖြစ်နိုင်ပါတယ်။ မှန်သားအထူကကိုင်းမှာပိုလျှံထွက်နေတာမျိုးမဖြစ်ရလေအောင်မှန်အမျိုးအစားကောင်းကောင်းကို ရွေးချယ်သုံးသင့်သလိုဘဲဥပုံ သို့မဟုတ်အဝိုင်းပုံကိုင်းကိုရွေးချယ်ခြင်းအားဖြင့် မှန်အထူဘောင်တွေကို ဖုံးထားပေးမှာဖြစ်ပါတယ်။

(၃) အစားပူပူစားချိန်မှာ မျက်မှန်အငွေ့ဟပ်တယ်

ကော်ဖီပူပူတစ်ခွက်သောက်ချင်ပေမဲ့မျက်မှန်မှာအငွေ့ဟပ်မယ့်အရေးကြိုတင်တွေးရတာမျိုးဖြစ်ဖူးပါသလား။ မျက်မှန်တပ်သူများခေါက်ဆွဲပူပူ၊ ထမင်း ပူပူစားချိန်မှာသေချာပေါက် အငွေ့ဟပ်သလို aircon bus စီးချိန်မှာလည်းရေငွေ့ရိုက်တာဖြစ်ပါတယ်။ မျက်မှန်ပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် ဆပ်ပြာအပျော့စားသို့မဟုတ်ရေရိုးရိုးဖြင့် မျက်မှန်ကိုဆေးကြောနိုင်ပါတယ်။ တွေ့ရာမြင်ရာအဝတ်ဖြင့်မျက်မှန်သုတ်ခြင်းမျိုးမပြုလုပ်ဘဲ microfibre အဝတ်စကိုသာရွေးချယ်သုံးသင့်ပါတယ်။

(၄) မျက်မှန်တပ်ထားပေမဲ့ မျက်ရိုးကိုက်တုန်းပဲ။

မျက်ရိုးကိုက်လို့ မျက်မှန်တပ်ပေမဲ့မျက်ရိုးကိုက်နေဆဲပါပဲဆိုသူတွေကပါဝါမကိုက်တာကြောင့်ဖြစ်နိုင်ပါတယ်။ လက်ရှိမျက်မှန်နဲ့ အမြင်အာရုံဝေဝါးလာချိန်မှာတစ်ခုခုကို ရှာဖွေဖို့ အားစိုက်ရတာကြောင့်မျက်ရိုးကိုက်တတ်ပါတယ်။ အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဆေးဝါးမှီဝဲရခြင်းကြောင့်လည်း ပြဿနာအခြေအနေပိုမိုဆိုးရွားလာနိုင်တာကြောင့်မျက်စိပါဝါပြန်လည်စမ်းသပ်ပြီးလိုအပ်တာမှန်သမျှ ဆောင်ရွက်သင့်တာဖြစ်ပါတယ်။

(၅) နှာခေါင်းမှာ မျက်မှန်ရာ ထင်တယ်

မျက်မှန်နဲ့ နှာခေါင်းအစင်းရာဆိုတာခွဲခြားမရသောအရာဖြစ်ပါတယ်။ ကိုင်းမှာချိတ်ဆက်ထားသော nose pad က ကြပ်လေလေနှာတံဘေးမှာအရာထင်လေဖြစ်ပါတယ်။ မျက်မှန်ကိုတစ်နေကုန်တပ်ဆင်ရသူများအနေဖြင့် silicon nose pads ကို အသုံးပြုခြင်းအားဖြင့်အစင်းရာထင်ခြင်းဘေးမှကင်းဝေးစေပါတယ်။

(၆) ညဘက်ကားမောင်းရာမှာ အလင်းစူးတယ်

ညဘက်မှာကားမီးစူးခြင်းကအန္တရာယ်ရှိစေတာ ဖြစ်သလို မီးအလင်းစူးစူးမြင်ချိန်မှာမျက်မှောင်ကျုံ့သွားပြီး မျက်ရည်ကျကာမြင်ကွင်းဝေဝါးလာစေပါတယ်။ မီးအလင်းဖျော့ချိန်မှာလည်းအာရုံစူးစိုက်ရတာကြောင့်အမြင်အာရုံဝေဝါးတာမျိုးဖြစ်နိုင်ပါတယ်။ ဒီပြဿနာကိုအကောင်းဆုံးကာကွယ်နိုင်ဖို့အ တွက်ညဘက်ကားမောင်းလျှင် night driving glasses များတပ်ဆင်နိုင်သလို polarized lens ကို ဆိုင်မှာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။