မင်္ဂလာပွဲကျင်းပတော့မယ့် EXO အဖွဲ့ဝင် Chen

EXO အဖွဲ့ဝင် Chen နဲ့သူ့ရဲ့ဇနီးဖြစ်သူတို့ဟာ လွန်ခဲ့တဲ့ ၃ နှစ်က တရားဝင်လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုလက်မှတ်ထိုးလက်ထပ်ထားပေမယ့် မင်္ဂလာပွဲမကျင်းပရသေးပါဘူး။အခုတော့ သူတို့ဇနီးမောင်နှံဟာ ၂၀၂၃ ခုနစ်၊ အောက်တိုဘာလထဲမှာမင်္ဂလာပွဲကျင်းပတော့မယ်လို့သိရပါတယ်။သတင်းကို EXO ရဲ့အေဂျင်စီ SM Entertainment ကအတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။Chen က သူလက်ထပ်မယ့်အကြောင်း ၂၀၂၀ ခုနစ်၊ ဇန်နဝါရီလကကြေညာခဲ့ပြီး ၂၀၂၀ခုနစ်ဧပြီလမှာတော့ သူတို့နှစ်ဦးရဲ့ပထမဆုံးသမီးလေးကိုမွေးဖွားခဲ့တာမို့ EXO ပရိသတ်တွေအတွက်တော်တော်လေးအံ့အားတသင့်ဖြစ်ခဲ့ကြရပါတယ်။

သူတို့နှစ်ဦးရဲ့ ဒုတိယသမီးလေးကိုတော့ ၂၀၂၂ ခုနစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ Chen ကစစ်မှုထမ်းတာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကြောင့် မင်္ဂလာပွဲကျင်းပဖို့ကြန့်ကြာနေခဲ့တာဖြစ်ပြီးနောက်ဆုံးမှာတော့သူတို့နှစ်ဦးလုံးမင်္ဂလာပွဲဆင်နွှဲနိုင်တော့မှာဖြစ်ပါတယ်။Chen အနေနဲ့ဒီလ ၁၇ ရက်နေ့မှာ ဂျပန်ဘာသာနဲ့သီဆိုထားတဲ့ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် Polaris ကိုဖြန့်ချိမှာဖြစ်ပြီး ၁၉ ရက်နေ့မှာတော့ဂျပန်နိုင်ငံတစ်ဝှမ်းတစ်ကိုယ်တော်လှည့်လည်ဖျော်ဖြေပွဲစတင်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

EXO အဖြဲ႕ဝင္ Chen နဲ႔သူ႔ရဲ႕ဇနီးျဖစ္သူတို႔ဟာ လြန္ခဲ့တဲ့ ၃ ႏွစ္က တရားဝင္လက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။ဒီလိုလက္မွတ္ထိုးလက္ထပ္ထားေပမယ့္ မဂၤလာပြဲမက်င္းပရေသးပါဘူး။အခုေတာ့ သူတို႔ဇနီးေမာင္ႏွံဟာ ၂၀၂၃ ခုနစ္၊ ေအာက္တိုဘာလထဲမွာမဂၤလာပြဲက်င္းပေတာ့မယ္လို႔သိရပါတယ္။သတင္းကို EXO ရဲ႕ေအဂ်င္စီ SM Entertainment ကအတည္ျပဳေျပာၾကားခဲ့တာျဖစ္ပါတယ္။Chen က သူလက္ထပ္မယ့္အေၾကာင္း ၂၀၂၀ ခုနစ္၊ ဇန္နဝါရီလကေၾကညာခဲ့ၿပီး ၂၀၂၀ခုနစ္ဧၿပီလမွာေတာ့ သူတို႔ႏွစ္ဦးရဲ႕ပထမဆုံးသမီးေလးကိုေမြးဖြားခဲ့တာမို႔ EXO ပရိသတ္ေတြအတြက္ေတာ္ေတာ္ေလးအံ့အားတသင့္ျဖစ္ခဲ့ၾကရပါတယ္။

သူတို႔ႏွစ္ဦးရဲ႕ ဒုတိယသမီးေလးကိုေတာ့ ၂၀၂၂ ခုနစ္မွာေမြးဖြားခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္မွာ Chen ကစစ္မႈထမ္းတာဝန္ထမ္းေဆာင္ေနခ်ိန္ျဖစ္ပါတယ္။ဒီလိုအေျခအေနေတြေၾကာင့္ မဂၤလာပြဲက်င္းပဖို႔ၾကန႔္ၾကာေနခဲ့တာျဖစ္ၿပီးေနာက္ဆုံးမွာေတာ့သူတို႔ႏွစ္ဦးလုံးမဂၤလာပြဲဆင္ႏႊဲႏိုင္ေတာ့မွာျဖစ္ပါတယ္။Chen အေနနဲ႔ဒီလ ၁၇ ရက္ေန႔မွာ ဂ်ပန္ဘာသာနဲ႔သီဆိုထားတဲ့ သူ႔ရဲ႕ပထမဆုံးတစ္ကိုယ္ေတာ္အယ္လ္ဘမ္ Polaris ကိုျဖန႔္ခ်ိမွာျဖစ္ၿပီး ၁၉ ရက္ေန႔မွာေတာ့ဂ်ပန္ႏိုင္ငံတစ္ဝွမ္းတစ္ကိုယ္ေတာ္လွည့္လည္ေဖ်ာ္ေျဖပြဲစတင္မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*