
အင်္ဂလန်ဘုရင်မကြီး အယ်လိဇဘတ် ကွယ်လွန်
ဗြိတိန်နိုင်ငံကို အချိန်အကြာဆုံးအုပ်ချုပ်ခဲ့သူဘုရင်မကြီး Elizabeth II ဟာစတော့တလန်ပြည်နယ်ရှိသူမရဲ့နေ့အိမ်မှာငြိမ်းအေးစွာအိပ်စက်အနားယူသွားခဲ့ပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာအသက် (၉၆) နှစ် အရွယ် ရှိပါပြီ။ ဘုရင်မကြီးရဲ့ကျန်းမာရေးအခြေအနေကတစ်စတစ်စယိုယွင်းလာနေခဲ့ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာတော့ကျန်းမာရေးအထူးကြပ်မတ်မှုလိုအပ်နေပြီဖြစ်လို့ မိသားစုဝင်တွေအားလုံးကိုသူမအနားမှာရှိအောင်စကော့တလန်ပြည်နယ်ဆီအပြေးလာခဲ့ဖို့မှာကြားခဲ့ပါတယ်။ Buckingham နန်းတော်ရှေ့မှာလူပေါင်းထောင်ချီ စုဝေးနေခဲ့ပြီးအလံတော်ကိုတစ်ဝက် လျှောချလိုက်ချိန်မှာတော့ပြည်သူအားလုံးဝမ်းနည်းတိတ်ဆိတ်သွားခဲ့ရပါတယ်။ ဘုရင်မကြီးကွယ်လွန်ကြောင်းတရားဝင်ထုတ်ပြန်ချိန်မှာတော့လူအုပ်ကြီးဟာနန်းတော်ဂိတ်တံခါးဆီပြေးလာကြတာဖြစ်ပါတယ်။ ၂၀၂၁ ဧပြီလမှာခင်ပွန်းဖြစ်သူဆုံးပါးသွားချိန်တည်းကဘုရင်မကြီးရဲ့ကျန်းမာရေးချို့ယွင်းနေတာကြောင့်တွေ့ဆုံဆွေးနွေးပွဲတွေကိုရှောင်ဖို့ တိုက်တွန်းထားရတာ ဖြစ်ပါတယ်။ ဘုရင်မကြီးကွယ်လွန်မှုဟာနိုင်ငံအတွက်သာမကတစ်ကမ္ဘာလုံးအတွက်အကြီးမားဆုံးရိုက်ခတ်ချက်ဖြစ်ပါတယ်။ […]