
ကြက်သီးမွှေးညင်းထခြင်းနှင့် ခန္ဓာကိုယ်မှ ဆန်းကြယ်သော ဖြစ်ရပ်များ
ခန္ဓာကိုယ်ကြီးကရှုပ်ထွေးနေတဲ့ စက်ပစ္စည်းဖြစ်လို့ လှုံ့ဆော်မှုကိုချက်ချင်းတုံ့ပြန်တတ်ပါတယ်။ ဒီလိုတုံ့ပြန်မှုတွေကကိုယ်အင်္ဂါကိုရုတ်တရက်ကာကွယ်ချင်တာကြောင့်ဖြစ်နိုင်သလိုကိစ္စတစ်ခုကို ပိုကောင်းအောင်ဆောင်ရွက်ချင်လို့လည်းဖြစ်နိုင်ပါတယ်။ ဒီလိုတုံ့ပြန်မှုတွေကတခါတလေမသိလိုက်ချိန်မှာပြုမူမိတာဖြစ်နိုင်သလိုအခြေအနေအကြောင်းရင်းပေါ်မူတည်ပြီးခဏတစ်ဖြုတ်လည်းဖြစ်နိုင်ပါတယ်။ ရေထဲမှာလက်ကိုအကြာကြီးစိမ်ထားချိန်မှာပဲကြီးရေစိမ်လိုက်တာဘာကြောင့်များပါလဲ။ မီးရောင်စူးစူးကိုမြင်ချိန်မှာကျွန်တော်တို့ဘာကြောင့်မျက် တောင်ခတ်ကြပါသလဲ။ ကြက်သီးမွှေးညင်းထရတဲ့အကြောင်းရင်းကရောဘာများဖြစ်နိုင်မလဲ။ ဒါတွေအားလုံးကတွေးစရာချည်းပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေအသီးသီးရဲ့နောက်ကွယ်ကအကြောင်းရင်းကဘာများဖြစ်မလဲဆိုတာကြည့်ရအောင်ပါ။ ၁။ လက်ပဲကြီးရေစိမ်လိုက်တာဘာကြောင့်များလဲ။ လက်အရေပြားကရေနဲ့အကြာကြီးထိတွေ့ရတဲ့အခါရှုံ့တွလာပါတယ်။ ဒီဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့်ခန္ဓာကိုယ်ကရေအောက်မှာကောင်းကောင်းစုပ်ယူခြင်းခံရနိုင်တယ်ဆိုတာပြသပါတယ်။ ၂။ ကြက်သီးမွှေးညှင်းဘာကြောင့် ထတာလဲ။ ခန္ဓာကိုယ်ကမသိလိုက်ဘဲတုံ့ပြန်မိလို့ ဖြစ်ပါတယ်။ကြောက်လန့်တဲ့အခြေအနေမျိုးတွေ့ရင်ဆံပင်ထောင်သွားတာမျိုး၊အေးမြတဲ့ဆောင်းရာသီမှာခိုက် ခိုက်တုန်အောင်ချမ်းတဲ့အတွက်အမွှေးတွေ ထောင်တက်သွားသလိုခိုက်ခိုက်တုန်ခံစားမှုမျိုးပဲဖြစ်ပါတယ်။ ၃။ […]