
အလုပ်အင်တာဗျူး ထောင်ချောက်မေးခွန်း (၄)ခု
အလုပ်အင်တာဗျူးတွေက တစ်ခါတလေမှာတော့ မရိုးရှင်းတတ်ပါဘူး။ သင့်ကိုထောင်ချောက်ထဲ ဆွဲခေါ်သွားစေနိုင်လို့ပါပဲ။ ကိုယ့်ရဲ့အဖြေကြောင့် အလုပ်ရမယ့်အခွင့်အရေးကိုလက်လွှတ်ရနိုင်သလို၊ ကိုယ့်အဖြေတစ်ခုကြောင့်လည်း အလုပ်ရသွားနိုင်ပါတယ်။ အလုပ်အင်တာဗျူးတွေမှာ တစ်ခါတလေကြုံရတတ်တဲ့ ထောင်ချောက်မေးခွန်းတွေက ဘာတွေများဖြစ်မလဲ။ ဒီအင်တာဗျူးကအပြန်မှာ ထီဆိုင်က ထီသိန်းပေါင်း တစ်သောင်းပေါက်တယ်လို့ အကြောင်းကြားရင် ဘာလုပ်မလဲ။ ဒီမေးခွန်းကလည်း ထောင်ချောက်မေးခွန်းပါ။ ကိုယ့်ရဲ့အလုပ်အပေါ်မှာ ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုတာ မေးတဲ့မေးခွန်းဖြစ်ပါတယ်။ […]