တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တစ်ခုလုံးကိုရုတ်ရုတ်သဲသဲဖြစ်သွားစေသောသတင်းဆိုးတစ်ခုက အောက်တိုဘာလ၂၉ရက်နေ့ညမှာရိုက်ခတ်ခဲ့ပါတယ်။ အီထယ်ဝန်မှာလူပေါင်း တစ်သိန်းကျော်လူအုပ်ကြီးစုဝေးပြီးဟောလိုးဝင်းပွဲတော် (Halloween) ကို ကျင်းပနေကြတာဖြစ်ပါတယ်။ လူအုပ်ကြီးတိုးဝှေ့မှုကြောင့်လူပေါင်းတစ်ရာကျော်နှလုံးခုန်ရပ်တန့်မှုခံစားခဲ့ရပြီးနှလုံးခုန်လည်ပတ်အောင်အရေးပေါ် CPR လုပ်ပေးကြတဲ့ video တစ်ခုဆိုရှယ်မီဒီယာမှာပြန့်နှံ့ခဲ့ပါတယ်။ အရေးပေါ် တာဝန်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရမတော်တဆမှုကညဆယ်နာရီဝန်းကျင်မှာဖြစ်ပွားခဲ့ပြီးရဲဌာနဆီသတင်းမရောက်ရှိခင်အတောအ တွင်းမှာလူအုပ်ကြီးကြောင့်အယောက် (၂၀) မူးမေ့လဲသွားခဲ့ရတာဖြစ်ပါတယ်။ မတော်တဆဖြစ်ပွားမှုရဲ့အကြောင်းရင်းကိုသက်ဆိုင်ရာတာဝန်ရှိသူများရှာဖွေသုံးသပ်နေကြဆဲဖြစ်ပြီးလူပေါင်းတစ်ရာကျော်ထိခိုက်ကာလူပေါင်း ( ၁၂၀ )အသက်ဆုံးရှုံးမှုရှိတာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့သမိုင်းကိုအကြီးမားဆုံးလှုပ်ခတ်စေသောမတော်တဆမှုဖြစ်ပြီးလူငယ်များအများဆုံးလာရောက်သောပွဲတော်ဖြစ်တာကြောင့် မိဘများမှယူကြုံးမရဝမ်းနည်းနေကြတာဖြစ်ပါတယ်။