လုပ်ငန်းခွင်အတွင်းက စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနည်း (၃)ခု

June 27, 2022 oppjournalmyanmar 0

သင့်လုပ်ငန်းခွင်မှာ အသံတိတ်လူသတ်သမားအကြောင်း သင်ကောင်းကောင်းသတိထားမိပါသလား။ ဒီလူသတ်သမားက မှောင်ရိပ်ထဲကနေ သင့်ကိုဒုက္ခပေးဖို့ အမြဲစောင့်နေတယ်ဆိုတာ သင်သတိချပ်သင့်ပါတယ်။ ဟုတ်ပါတယ်။ သင့်ရဲ့အားရုံစူးစိုက်မှုတွေ၊ စွမ်းအင်တွေကို စုပ်ယူပြီး သင့်အတွက်စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုတွေကို ရရှိစေနိုင်ပါတယ်။ ရုံးမှာ မကြာခဏ စိတ်ပိုင်းဆိုင်ရာနှောင့်ယှက်မှုခံစားရပါသလား။ ဒါမှမဟုတ် သင့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ မလိုလားအပ်တဲ့ ကြမ်းတမ်းတဲ့အပြုအမူ၊ အပြောအဆိုတွေက သင့်ကိုစိတ်ပိုင်းဆိုင်ရာထိခိုက်စေနိုင်ပါသလား။ ဒီအချက်တွေကတော့ စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုခံရတဲ့အခါ […]

Time Management လုပ်ဖို့ နည်းလမ်းကောင်း (၇)ခု

May 30, 2022 oppjournalmyanmar 0

ဘဝအောင်မြင်မှုအတွက် အဓိကအချက်က အချိန်စီမံခန့်ခွဲတတ်ဖို့ပါပဲ။ ဒီတစ်ပတ်မှာတော့ အချိန်စီမံခန့်ခွဲမှု ဘယ်လိုလုပ်မလဲ၊ အချိန်စီမံခန့်ခွဲပြီး ကိုယ့်ရဲ့လုပ်ငန်း စွမ်းဆောင်ရည်တွေ ဘယ်လိုတိုးမြှင့်အောင်လုပ်မလဲဆိုတဲ့ အချက် ၈ချက်ကို တင်ဆက်ပေးချင်ပါတယ်။ အလုပ်တာဝန်ခွဲဝေပေးတာ အလုပ်မှာကိုယ်မပါရင်မဖြစ်ဘူးဆိုတာ မရှိပါဘူး။ ကိုယ်မရှိရင်လည်း ဖြစ်တဲ့အခြေအနေမျိုးဖြစ်သင့်ပါ တယ်။ တာဝန်ခွဲဝေပေးပါ။ အလုပ်အားလုံးကို ကိုယ် တစ်ယောက်ထဲမလုပ်နိုင်ပါဘူး။ အလုပ်တာဝန်အများ ကြီးကို […]

အလုပ်ကနေ အထုတ်ခံရရင် လုပ်ဆောင်ရမယ့်အရာ (၄)ခု

May 14, 2022 oppjournalmyanmar 0

တကယ်လို့ အကြောင်းကြောင်းတွေကြောင့် အလုပ်ကနေ အထုတ်ခံလိုက်ရပြီဆိုရင် သင့်အနေနဲ့ ဒီအချက်တွေလုပ်ဆောင်နိုင်ပါတယ်။ အလုပ်ထုတ်ခံရလိုက်တာက ကိုယ့်အတွက် ကံကောင်းမှုတစ်ခုဖြစ်နေနိုင်တာကြောင့် အရမ်းကြီးစိတ်ဓာတ်မကျလိုက်ပါနဲ့။ အရာရာက ကိုယ့်အတွက်ကောင်းဖို့ဖြစ်လာတာလို့ တွေးပြီး လုပ်စရာရှိတဲ့အချက်တွေ ဆက်လက်လုပ်ဆောင်နေဖို့ပါပဲ။ Freelance လုပ်ငန်းအတွက် စတင်ပါ တစ်ခါတလေကျရင် ကိုယ့်မှာရှိတဲ့ကျွမ်းကျင်မှုနဲ့ အလွတ်တန်းအလုပ်လုပ်လို့ရနိုင်ပါတယ်။ ဥပမာအနေနဲ့ သင်က ပုံဆွဲတာဝါသနာပါရင် သင့်အနုပညာလက်ရာကို […]

အမျိုးသမီးများအတွက် ဓမ္မတာလာစဉ်မှာ ခွင့်ရက် (၃)ရက်ပေးတဲ့ ပထမဆုံးနိုင်ငံ

May 13, 2022 oppjournalmyanmar 0

အမျိုးသမီးများအတွက် လစဉ်ရာသီလာချိန်မှာ ခွင့်သုံးရက်ပေးတဲ့ ပထမဆုံးအနောက်နိုင်ငံကတော့ စပိန်နိုင်ငံပါ။ ဂျပန်၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားလိုနိုင်ငံတွေမှာ ဒီလိုခွင့်ရက်ပေးတာမျိုးရှိပေမဲ့ ဒီဥပဒေက အမျိုးသမီးတွေအတွက် လစဉ်ခွင့်ရမယ့် ပထမဆုံးအမျိုးအစားဖြစ်ပါတယ်။ စပိန်အစိုးရက လာမယ့်အင်္ဂါနေ့ မေလ ၁၇ရက်နေ့မှာ ပြုလုပ်မယ့် အစိုးရအစည်းအဝေးမှာ ဒီအချက်ကိုအတည်ပြုဖို့ မျှော်လင့်ထားကြောင်း Cadena SER ရေဒီယိုဌာနမှ သိရပါတယ်။ […]

ဝန်ထမ်းတွေအလုပ်ထွက်ရတဲ့ အဓိကအကြောင်းအရင်း (၃)ခု

April 25, 2022 oppjournalmyanmar 0

၈၂ရာခိုင်နှုန်းသော ဝန်ထမ်းတွေက တိုးတက်မှုမရှိတဲ့အလုပ်ကနေ နုတ်ထွက်ကြတယ်လို့ ဒူဘလင် ထိပ်တန်းအွန်လိုင်းအသက်မွေးဝမ်းကြောင်းရင်းမြစ်ဖြစ်တဲ့ CareerAddict.com ကပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရသိရပါတယ်။ စစ်တမ်းမှာ ပါဝင်သူဦးရေ ၈၂ ဒသမ ၃၉ရာခိုင်နှုန်းက တိုးတက်မှုမရှိတဲ့ အလုပ်ကနေ နုတ်ထွက်ခဲ့ကြတယ်လို့ ဖြေဆိုထားပါတယ်။ ကုမ္ပဏီတွေက သူတို့ရဲ့ဝန်ထမ်းကောင်းတွေကို ထိန်းသိမ်းဖို့အတွက် ၂၀၁၉ခုနှစ်နျစ်ကုန်ပိုင်းမှာ ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ကို […]

အလုပ်လျှောက်လွှာမှာ လိမ်လည်ခြင်းရဲ့ အကျိုးဆက် (၃)ခု

April 24, 2022 oppjournalmyanmar 0

အလုပ်လျှောက်လွှာကိုယ်ရေးအကျဉ်းရေးတဲ့အခါ ရှိတာထက်ပိုပြီး လိမ်လည်ပြီးဖြည့်လိုက်တာရဲ့အကျိုးဆက်က ဘယ်လိုဖြစ်နိုင်သလဲ။ ဒီအချက်က အန္တရာယ်မရှိနိုင်ဘူးလို့ ထင်ရပေမဲ့ ဒီအချက်က သင့်အသက်မွေးဝမ်းကြောင်းအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဒီလိုလိမ်တာရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကဘာတွေဖြစ်မလဲ။ အလုပ်လျှောက်ထားသူတွေရဲ့ ၈၄ရာခိုင်နှုန်းမှာ သူတို့ရဲ့ကိုယ်ရေးရာဇဝင်တွေကို အလိမ်အညာလုပ်ခဲ့တယ်လို့ Checkster ကစစ်တမ်းအရသိရပါတယ်။ အဓိကလိမ်ညာတဲ့အချက်တွေက ရက်စွဲများပြောင်းလဲခြင်း၊ အရည်အချင်းများပိုမိုထည့်သွင်းခြင်းများဖြစ်ပါတယ်။ အလုပ်အကိုင်ဆုံးရှုံးခြင်း အလုပ်လျှောက်လွှာမှာ လိမ်လည်ဖြည့်တာရဲ့နောက်ဆက်တွဲက အလုပ်ရှင်တွေက […]

လုပ်ငန်းခွင်မှာ ဆိုရှယ်မီဒီယာရဲ့ဆိုးကျိုး (၅)ခု

April 10, 2022 oppjournalmyanmar 0

ဆိုရှယ်မီဒီက လူတွေကို ပိုမိုရင်းနှီးစေတဲ့ စွမ်းအားရှိပါတယ်။ ဒါပေမဲ့ အလုပ်တွေကို ဖျက်ဆီးနိုင်တဲ့ အစွမ်းလည်းရှိပါတယ်။ ကြိုက်တာဖြစ်စေ၊ မကြိုက်တာဖြစ်စေ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်ဆံရေးတည်ဆောက်ခြင်းနဲ့ ဈေးကွက်ချဲ့ထွင်ခြင်းတို့ကိုမြှင့်တင်ရန်အတွက် လုပ်ငန်းခွင်မှာ မကြာခဏအသုံးပြုလေ့ရှိပါတယ်။ ကနေ့ခေတ်မန်နေဂျာများက လုပ်ငန်းခွင်မှာ ဆိုရှယ်မီဒီယာကို မသုံးရဘူးဆိုပြီး ပိတ်ပင်တားမြစ်တာမျိုး မလုပ်တော့ပါဘူး။ ဒီဆောင်းပါးကတော့ လုပ်ငန်းရှင်မှာ ဆိုရှယ်မီဒီယာရဲ့အဓိကအားနည်းချက်ကို ဖော်ပြပေးချင်ပါတယ်။ […]

သင်လုပ်မိနိုင်တဲ့ အလုပ်ရှာဖွေမှုအမှား (၄)ခု

March 20, 2022 oppjournalmyanmar 0

အလုပ်ရှာဖွေတဲ့အခါမှာ smart people တွေတောင် လုပ်မိတတ်ကြတဲ့ အမှားတွေကို မျှဝေပေးချင်ပါတယ်။ ဒီအမှားတွေကြောင့်လည်း အလုပ်က ရှာသလောက် မရဖြစ်နေတတ်ပါတယ်။ ဒီအချက်လေးတွေကို ဆင်ခြင်ပြီး ပြင်ဆင်လိုက်မယ်ဆိုရင် သင်နဲ့ကိုက်ညီတဲ့အလုပ်တစ်ခုရရှိနိုင်ပါတယ်။ အလုပ်တိုင်းကိုလျှောက်တာ ဒီအချက်ကတော့ ခဏခဏပြောရပါတယ်။ အလုပ်တစ်ခုရလိုဇောနဲ့ အလုပ်တိုင်းကို လိုက်မလျှောက်သင့်ပါဘူး။ ကိုယ်ရဲ့အရည်အချင်းနဲ့ကိုက်ညီတဲ့ အလုပ်တစ်ခု ကိုယ့်အတွက်သီးသန့်ရှိနေနိုင်ပါတယ်။ ဒါကြောင့် […]

သင့်အထက်လူကြီးနဲ့ဆက်သွယ်ပြောဆိုတဲ့အခါ ထိရောက်မယ့်နည်းလမ်း (၆)ခု

March 13, 2022 oppjournalmyanmar 0

လုပ်ငန်းခွင်မှာ သင့်အထက်လူကြီးနဲ့စကားပြောဆိုတဲ့အခါ ထိထိရောက်ရောက်နဲ့ ကိုယ်ပြောမယ့်အရာက ရှင်းရှင်းလင်းလင်းဖြစ်စေဖို့လိုအပ်ပါတယ်။ အထက်လူကြီးနဲ့စကားပြောဆိုတဲ့ကိစ္စခက်ခဲနိုင်ပေမဲ့ တည်ငြိမ်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီအချက်တွေကတော့ သင့်ရဲ့အကြီးအကဲကို ထိထိရောက်ရောက်ဆက်သွယ်တဲ့အခါ လုပ်ဆောင်စရာအချက်တွေပဲဖြစ်ပါတယ်။ လိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်းဖော်ပြပါ အကြီးအကဲတွေက သူတို့မှာအချိန်ဇယားတွေနဲ့ပြည့်နှက်နေတတ်ပါတယ်။ ဒါကြောင့် ရတဲ့အချိန်တိုအတွင်းမှာ ကိုယ်ပြောချင်တဲ့ အဓိပ္ပာယ်ကိုပေါ်လွင်အောင် လိုရင်းတိုရှင်းပြောတတ်ဖို့လိုပါတယ်။ သင့်မျှော်လင့်ချက်ကို ရှင်းရှင်းလ်းလင်းပြောမှသာ ရလဒ်ကို အချိန်နဲ့တစ်ပြေးညီဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ […]

Toxic Boss ကိုကိုင်တွယ်ဖို့နည်းလမ်း (၄)ခု

March 11, 2022 oppjournalmyanmar 0

Toxic Boss ဆိုတာ ကိုယ့်စိတ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အကြီးအကဲ၊ ကိုယ့်ကို စိတ်ဆင်းရဲစရာတွေ၊ ပူပင်သောကတွေ ယူဆောင်လာတတ်တဲ့ အကြီးအကဲ၊ ကိုယ့်ကိုအဆိပ်အတောက်ဖြစ်စေတဲ့ အကြီးအကဲလို့ဆိုရမှာပါ။ ဒီလိုအကြီးအကဲနဲ့တွေ့ရတဲ့အခါ သည်းမခံနိုင်လောက်အောင်အထိ စိတ်ပျက်ရတာမျိုးကြုံဖူးကြမှာပါ။ အလုပ်ထွက်လိုက်ရင်ကောင်းမလားလို့ တွေးပေမဲ့ တစ်ဖက်မှာလည်း ကိုယ့်ရဲ့ဝင်ငွေအတွက် စိုးရိမ်ပူပန်ရတာတွေကြောင့် ဒီလို Toxic Boss တွေကို […]