ဗိုင်းရပ်စ်ဝင်နေတာတဲ့လား

June 24, 2021 kyawt 0

“မင်းတို့ဆိုဒ်ထဲမှာ ဗိုင်းရပ်စ်ဝင်နေပြီ” တဲ့။ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကအထက်အ ကြီးအကဲတစ်ယောက်ကကျနော်တို့ကိုမှတ်ချက်ချ ခဲ့တဲ့စကားဖြစ်ပါတယ်။အဲဒီတုန်းကကျနော်တို့ဟာ ရုံးထိုင်ဝန်ထမ်းနဲ့လုပ်ငန်းခွင်ထဲကဝန်ထမ်းတွေကိုဝန် ထမ်းချင်းအတူတူပေမဲ့ခံစားခွင့်တွေခွဲခြားထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးအပြင်းအထန်တိုက်ပွဲဝင်နေကြချိန် ဖြစ်ပါတယ်။ကုမ္ပဏီဟာအစကတော့ဟုတ်မလိုလိုနဲ့ အချိန်တွေကြာလာလေလေ၊ကွာကျသွားတဲ့မင်းသား မျက်နှာဖုံးရဲ့အောက်ကဘီလူးမျက်နှာကပေါ်လာလေ လေဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဖြစ်သင့်တဲ့ထိုက်သင့်တဲ့ တရားမျှတတဲ့အခွင့်အရေးတွေတောင်းဆိုခဲ့ကြတာဖြစ်ပြီးအထက်လူကြီးတစ်ယောက်အနေနဲ့ခေါင်းဆောင်ကောင်းပီသစွာနဲ့ရှေ့ကနေရပ်တည်ပေးသင့်တယ်လို့ထင် ပါတယ်။ဒါပေမဲ့ကျနော်တို့ရဲ့အထက်လူကြီးဟာ မျက်နှာရစရာကိစ္စတွေဆိုရင်သူ့ရဲ့စီမံခန့်ခွဲမှုကောင်းလို့၊ မျက်နှာနာစရာကိစ္စတွေဆိုရင်သူမသိလိုက်လို့၊သူ့ကို မတင်ပြဘဲမိုက်ရူးရဲဆန်ခဲ့သယောင်ယောင်ဖြစ်အောင် လုပ်ပြတတ်တဲ့ဇာတ်ညွှန်းဆရာတစ်ဦးပဲဖြစ်ပါတယ်။လက်အောက်ငယ်သားတွေရသင့်တဲ့အခွင့်အရေးတွေ ကိုမျှတမှုရှိအောင်ဖန်တီးတိုက်ပွဲဝင်ပေးဖို့အတွက် ဒါရိုက်တာတွေရဲ့ရှေ့မှာမျက်နှာငယ်စွာနဲ့ပြောဆိုပေး ရမယ်လို့သူ့စိတ်ထဲသဘောထားနေသလားမပြော တတ်ပါဘူး။ဖြစ်သင့်ဖြစ်ထိုက်တာတွေကိုအဆင်ပြေ အောင်ညှိနှိုင်းပေးဖို့ထက်လက်ညှိုးထိုးအပြစ်တင်ဖို့ပဲ သူလုပ်ပြခဲ့ပါတယ်။ […]