အလုပ်နားခံရတဲ့အခါ

July 8, 2021 kyawt 0

ဘယ်နေရာဖြစ်ဖြစ် ဟိုမရောက် သည်မရောက် အလယ်အလတ်မှာ ကိုးလို့ကန့်လန့်ဖြစ်နေတာက တော်တော်ဆိုးတဲ့ကိစ္စပါ။ အခုလို ကိုဗစ်ကာလမှာလည်း သည်လိုအဖြစ်မျိုးနဲ့ကြုံနေကြရသူတွေ ဒုနဲ့ဒေးပါပဲ။ အဓိက ပြောချင်တဲ့အကြောင်းအရာကတော့ အလုပ်ထုတ်ခံရတာလည်းမဟုတ်၊ အလုပ်ဆက်လုပ်နေရတာလည်းမဟုတ်တဲ့ အလုပ်နားထားခံထားရသူတွေအကြောင်းဖြစ်ပါတယ်။ ရုတ်တရပ် အလုပ်နားခံရတဲ့အခါ အလုပ်ထွက်ပစ်ဖို့အခက်ခဲရှိနိုင်သလို ရှေ့ဆက်ပြီး အလုပ်သစ်ရှာဖို့ရာလည်း စဉ်းစားစရာဖြစ်လာပါတယ်။ အလုပ်သစ်ရှာတော့ရော ချက်ချင်းရပါ့မလား။ အလုပ်သစ်တစ်ခုရတော့ရော ပေးတဲ့လစာနဲ့ […]

အာရုံစိုက်ထားသင့်တဲ့ ဖက်ရှင်ယဉ်ကျေးမှု

June 30, 2021 kyawt 0

သည်နေ့ဆွေးနွေးချင်တာကတော့ ဖက်ရှင်ယဉ်ကျေးမှုအကြောင်းပါ။ ဝတ်စားဆင်ယင်မှုက ဘယ်နေရာသွားသွား အရမ်းအရေးကြီးပါတယ်။ မဝတ်တတ်မစားတတ်ရင် လူအထင်သေးခံရတတ်သလို ဝတ်စားဆင်ယင်တတ်ရင်တော့ လူတွေရဲ့ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်မှုတွေကို တစ်ခဏအတွင်းမှာ ရရှိနိုင်ပါတယ်။ လူတွေက ကိုယ်နဲ့မသိတဲ့လူစိမ်းသူစိမ်းတစ်ယောက်ကို မျက်နှာပြင်စိတ်အခြေအနေထက် ရုပ်ပိုင်းဆိုင်ရာဝတ်စားဆင်ယင်မှုကို ပိုပြီးအလေးထားလေ့ရှိကြပါတယ်။ ဒါကြောင့် လူငယ်ပိုင်းရော လူကြီးပိုင်းပါ ဝတ်တတ်စားတတ်ဖို့ အလွန်အရေးကြီးပါတယ်။ အဝတ်အစားဆိုတာ အခြေအနေနဲ့အချိန်အခါ၊ စိတ်ခံစားချက်၊ […]

အလုပ်မြန်မြန်ရစေတဲ့နည်း

June 24, 2021 kyawt 0

လုပ်ငန်းအဖွဲ့အစည်းတစ်ခု စည်ပင်တိုးတက်လာတာနဲ့အမျှ လုပ်သားကောင်း ဝန်ထမ်းကောင်းတွေကို ပိုမိုလိုအပ်လာကြတာ ဓမ္မတာပါ။ ဒါကြောင့်ပဲ ကျနော်တို့ဟာ အဖွဲ့အစည်းပေါင်းစုံက အလုပ်ခေါ်စာပေါင်းများစွာကို နေ့စဉ်နေ့တိုင်းတွေ့မြင်ကြားသိနေကြရတာပါ။ ဒါပေမယ့် တစ်ချို့အလုပ်ခေါ်စာတွေက ကျနော်တို့အတွက်မဟုတ်ပါဘူး။ ပြဌာန်းထားတဲ့ လုပ်ငန်းခွင်လိုအပ်ချက်တွေဟာ ကျနော်တို့ရဲ့လုပ်နိုင်စွမ်းတွေထက် ကျော်လွန်နေကြတာကြောင့် အလုပ်ခေါ်စာမြင်နေရပေမယ့် ကျနော်တို့အများစုဟာ အဆိုပါအလုပ်ခေါ်စာမျိုးကို မလျှောက်ဖြစ်တော့တာများပါတယ်။ ဒါကြောင့်ပဲ တစ်ချို့လုပ်ငန်းခွင်တွေ၊ တစ်ချို့ရာထူးဌာနနဲ့ […]

သင်တန်းဆင်းလက်မှတ်တွေက အလုပ်ရဖို့အတွက် အမှန်တကယ်အထောက်အကူပေးရဲ့လား

June 16, 2021 kyawt 0

အခုနောက်ပိုင်းမှာ သင်တန်းတွေက မှိုပေါက် သလိုပေါများလာတာတွေ့ရပါတယ်။ ပညာရေးစနစ်ရဲ့ ချို့ယွင်းချက်ကြောင့် ကလေးတွေဟာ ကျောင်းတက် နေတုန်းကလည်း ကျူရှင်တွေတက်ရ၊ ဘွဲ့ရကျောင်း ဆင်းပြီးတဲ့အခါမှာလည်း သင်တန်းတွေတက်ရနဲ့ အတော်လေးတော့အလုပ်များရရှာပါတယ်။အလုပ် ခေါ်စာတွေကိုကြည့်လိုက်ရင် လုပ်ငန်းအတွေ့အကြုံ ရှိဖို့လိုအပ်ပြီး သက်ဆိုင်ရာဘွဲ့ ဒါမှမဟုတ် သင်တန်း ဆင်းလက်မှတ်ရှိရမယ်လို့ တောင်းဆိုကြတာများပါ တယ်။ တချို့ကုမ္ပဏီတွေဟာဆိုရင် သင်တန်းဆင်း […]

အလုပ်မှာကိုယ့်ကိုယ်ကိုယ်ပျော်ခွင့်ပေးလိုက်ပါ

June 10, 2021 kyawt 0

လူရယ်လို့ဖြစ်လာရင် အလုပ်နဲ့မကင်းနိုင်တာ သဘာဝပါ။ ဒါကြောင့်ကျနော်တို့တတွေဟာ အလုပ်စတင်လုပ်ကိုင်နိုင်ပြီလို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိလာတဲ့အချိန်မှစပြီး လုပ်ငန်းခွင်ဆီခြေလှမ်းကြရပါတယ်။ တကယ်တမ်းပြောရရင် အလုပ်ဆိုတာ ကျနော်တို့ရဲ့  2nd Life ဆိုပြီးတောင်ပြောလို့ရပါတယ်။ အလုပ်နဲ့ပတ်သက်လာရင် အလုပ်ကိုအရမ်းချစ်ကြတဲ့လူမျိုးတွေကတော့ ဂျပန်လူမျိုးတွေပါ။ ဂျပန်လူမျိုးတွေဟာ များသောအားဖြင့် အချိန်တိကျသလို လုပ်ငန်းခွင်ထဲမှာလည်း ခေါင်းမဖော်တမ်း အာရုံစူးစိုက်နှစ်မြှုပ်ထားတတ်ကြပါတယ်။ အလုပ်ကြွေးမထားတတ်သူများဖြစ်ပြီး တစ်ပတ်ကို […]