အလုပ်ရှင်စိတ်ဆိုးနေချိန်မှာ အပြုံးမပျက် တည်ငြိမ်နိုင်သော ရာသီခွင်များ

စိတ်ရှည်သည်းခံမှု ဆုံးရှုံးခြင်းက ပြိုင်ပွဲမှာ တစ်ပန်းရှုံးစေပါတယ်။ သင့်ရဲ့ ခံနိုင်ရည်ကို စစ်ဆေးနေချိန်မှာ မယိမ်းယိုင်ဘဲ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်ဖို့ အရေးကြီးလှပါတယ်။ ဒါကြောင့် ရာသီခွင်အားလုံးထဲမှာ စိတ်ရှည်သည်းခံပြီး အထက်လူကြီး ဆူပူမှုအောက်မှာ အပြုံးမပျက် ရှေ့ဆက်နိုင်သော ရာသီခွင်များကို တင်ဆက်ပေးလိုက်ပါတယ်။

မကာရ

စိတ်ပိုင်းဖြတ်ပြီး ကြံ့ကြံ့ခံ အောင်ရွက်သလို အခက်ခဲဆုံးအချိန်မှာ စိတ်တည်ငြိမ်အေးချမ်းသူများ ဖြစ်ပါတယ်။ အလုပ်ရှင်စိတ်ဆိုးနေချိန်မှာ တုံ့ပြန်ခြင်းလုံးဝမရှိဘဲ တည်ငြိမ်စွာနေပြီး ဖြုံသွားခြင်း တစ်စုံတစ်ရာ မရှိပါဘူး။ ဖြောင့်ဖြောင့်တန်းတန်း တွေးတောပြီး ပြဿနာကို လက်တစ်ကမ်း ဖြေရှင်းကြတာ ဖြစ်ပါတယ်။ 

ကန်ရာသီ

ကန်ရာသီဖွားများက ခွဲခြမ်းစိတ်ဖြာတတ်ပြီး လက်တွေ့ကျသလို ရှုထောင့်မျိုးစုံမှ မြင်တတ်ပါတယ်။ အကောင်းဆုံးဖြစ်မှ ကြိုက်ကြပြီး အလုပ်ရှင်မှ စိတ်ဆိုးဒေါသထွက်သော်လည်း တုံ့ပြန်ခြင်း တစ်စုံတစ်ရာ မပြုကြပါဘူး။ ဒေါသထွက်နေပေမဲ့ တည်ငြိမ်စွာနေတတ်ပြီး ဆီလျော်သော်ဆုံးဖြတ်ချက်ကို အခက်ခဲဆုံး အခြေအနေများမှာ ချမှတ်နိုင်ကြပါတယ်။

တူရာသီ

တူရာသီဖွားများက ပြဿနာတစ်ခုကို အသေးစိပ် လေ့လာပြီး မျှတအောင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ပါတယ်။ အလုပ်ရှင်ရဲ့ တင်းမာမှုများအောက်မှာ မဖြုံကြသလို မိုက်ခဲသောအမှားကို ဘယ်သောအခါမှ ပြုလုပ်လေ့ မရှိပါဘူး။

ကုံရာသီ 

ကုံရာသီဖွားများမှာ တက်ကြွသော စိတ်ထားရှိပြီး အခက်ခဲဆုံး အခြေအနေများမှာ ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ ဘောင်ကျော်လာသောအခါမှသာ အလုပ်ရှင်ကို စိတ်ဆိုးတတ်ကြပေမဲ့ ကျန်သော အခြေအနေများမှာတော့ အလုပ်ရှင်မည်မျှပင်စိတ်ဆိုးစေကာမူ အပြုံးမပျက်ဘဲ တည်ငြိမ်စွာ နေတတ်သူများ ဖြစ်ပါတယ်။