ဝန်ထမ်းစံမံခန့်ခွဲခြင်း၏အခြေခံအမှန်တရားများ အလုပ်သဘာဝကို ကြိုတင်အသိပေးပါ စာရေးသူ – ကိုလင်း သင့်ရဲ့နောက်ဆုံးအလုပ်ဝင်ခွင့်လူတွေ့စစ်မေးခြင်းအကြောင်းပြန်စဉ်းစားကြည့်လိုက်ပါ။ စစ်မေးသူကသင့်ကိုမေးခွန်းတွေအပြင်သူတို့ရဲ့လုပ်ငန်းအ ကြောင်းဘာတွေပြောပြသေးသလဲ။ မန်နေဂျာတွေဟာဝန်ထမ်းသစ်တွေကိုစစ်မေးတဲ့အခါသူတို့လုပ်ငန်းရဲ့အောင်မြင်နေတဲ့အပိုင်းတွေကိုသာအဓိကထားပြောပြလေ့ရှိကြပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့လုပ်ငန်းဆောင်တာများအကြောင်း၊ အလုပ်သမားအချင်းချင်းဘယ်လောက်ညီညွတ် ကြောင်း၊ ရှေ့ဆက်မယ့်လုပ်ငန်းအခြေအနေတွေ၊ အခွင့်အရေးတွေ၊ အကျိုး အမြတ်တွေအကြောင်းစတာတွေကိုပြောပြကြပါလိမ့်မယ်။ လုပ်ငန်းမှာမအောင်မြင်နေတဲ့အချက်တွေ၊ ကျဆုံးနေတဲ့အကြောင်းတွေကိုတော့မန်နေဂျာတိုင်းသိပေမဲ့သိပ်ပြောပြလေ့မရှိဘဲထိမ်ချန်ထားကြပါလိမ့်မယ်။ဒါဟာလုပ်ငန်းတစ်ခုရဲ့ကောင်းကြောင်း၊ တိုးတက်ကြောင်းတွေကိုသာဂရုစိုက်၊ စိတ်ဝင်စားတဲ့မန်နေဂျာတစ်ယောက်အဖို့အမှားတစ်ခုကိုလုပ်မိခြင်းပါပဲ။ နောင်မှာဝန်ထမ်းသစ်တွေဟာစိတ်ပျက်ပြီးရုတ်တရက်အလုပ်ကထွက်စာတင်ကြမှာကိုစိတ်ပျက်လက်ပျက်နဲ့လက်ခံကြရဖို့သူတို့ဘာသာသူတို့ လုပ်နေကြတာကိုသတိမပြုမိကြပါဘူး။ ဝန်ထမ်းသစ်တွေမကြာခင်သီတင်းပတ်လများအတွင်းမှာရုတ်တရက်ထွက်ကုန်ကြတော့မှဝန်ထမ်းသစ်လျှောက်လွှာတွေစိစစ်တဲ့အချိန်တွေ၊လူတွေ့စစ် မေးတဲ့အချိန်တွေဟာအလဟဿဖြစ်ကုန်တာသိကြတော့တာပါ။ဒီလိုအတွေ့အကြုံတွေမကြုံတွေ့ရအောင်မန်နေဂျာတစ်ယောက်အနေနဲ့ဘယ်လိုပြင်ဆင်ရမလဲ။ […]