
ကမ္ဘာ့ဖလားမှာ ပေါ်ပြူလာဖြစ်ပြီးနောက် ဖုန်းပိတ်ထားရတဲ့ ချွဲဂူဆန်
ကမ္ဘာ့ဖလားပွဲမှာပရိသတ်များရဲ့အာရုံစူးစိုက်မှုကိုရရှိပြီးအောင်မြင်ကျော်ကြားလာသူကချွဲဂူဆန်ဖြစ်ပါတယ်။ ဥရုဂွေးနဲ့ အဖွင့်ပွဲစဉ်မှာ followers ၂၀,၀၀၀ ကျော်သွားပြီးအင်စတာဂရမ်ပရိသတ်တစ်သန်းကျော်သွားခဲ့သူလည်းဖြစ်ပါတယ်။ ချွဲဂူဆန်ရဲ့ဂိုးသွင်းကောင်းသောစွမ်းရည်များကိုပရိသတ်သတိမထားမိခင်မှာရုပ်ရည်ရူပကာတစ်ခုတည်းကိုကြည့်ကာအားပေးကြမ်းကြတာကြောင့် လက်ထပ်ဖို့ ကမ်းလှမ်းလွှာနဲ့ ရည်းစားစာများစွာချွဲဂူဆန်မှလက်ခံရရှိခဲ့ပါတယ်။ မင်းသားပါ့ခ်ဆိုဂျွန်းနဲ့ ချွဲဂူဆန်ကို နှိုင်းယှဉ်ပြထားသော (၇) စက္ကန့်စာ clip ကို တွစ်တာမှာ ကြည့်ရှုသူပေါင်း ၇ သန်း ကျော်ခဲ့ပြီး “ချောလိုက်တာအစ်ကိုရယ်” “ဘယ်သူမှန်းတော့မသိပေမဲ့သူနဲ့ ဖုန်းပြောချင်လိုက်တာ” […]