လူတစ်ကိုယ်အကြိုက်တစ်မျိုးစီရှိတဲ့လောကမှာဝန်ထမ်းပေါင်းများစွာကို စီမံခန့်ခွဲရတဲ့ HR မန်နေဂျာအလုပ်ကစိန်ခေါ်မှုများပါတယ်။ ခုလိုကိုဗစ်ကာလမှာဝန်ထမ်းတွေကို စီမံခန့်ခွဲဖို့ကပိုပြီးတာဝန်ကြီးပါတယ်။ဘယ်အခြေအနေမှာမဆိုအောင်မြင်တဲ့ HR မန်နေဂျာကောင်းတစ်ယောက်ရဲ့အမူအကျင့်ကောင်းလေးတွေကိုခုလိုမျှဝေပေးချင်ပါတယ်။ ရှုပ်ထွေးတဲ့ ကိစ္စတွေကို အဆင်ပြေစေတယ် ပြီးပြည့်စုံတဲ့ HR မန်နေဂျာတစ်ယောက်ဆိုတာပြသနာတိုင်းကိုအဖြူအမည်းကွဲကွဲပြားပြားသိပြီးလွယ်ကူရိုးရှင်းတဲ့အဖြေတစ်ခုထုတ်နိုင်တယ်လို့ ဝန် ထမ်းတွေကခံယူထားကြတာဖြစ်ပါတယ်။ ဒါပေမဲ့အရာအားလုံးပြီးပြည့်စုံဖို့ဆိုတာအပြောလွယ်သလောက်အလုပ်ခက်ပါတယ်။ မရေရာမှုတွေကြုံလာရချိန်မှာစည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီပြီးဝန်ထမ်းတွေအပေါ် မျှတမှုရှိအောင်ဆောင်ရွက်ဖို့သလိုအဖွဲ့အစည်းရဲ့တန်ဖိုးကျမသွားအောင်လည်းထိန်းထားရမှာဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတယ် အထက်ကချမှတ်လိုက်တဲ့စည်းမျဉ်းစည်းကမ်းကိုဝန်ထမ်းတွေဆီအသိပေးတဲ့အခါလိုက်နာတဲ့သူရှိသလိုစောဒကတက်ချင်သူတွေလည်းရှိပါတယ်။ ဒီလိုအချိန်မှာပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ HR မန်နေဂျာကလိုက်လျောညီထွေဆောင်ရွက်နိုင်သလိုမျှော်မှန်းထားတဲ့ရလာဒ်တစ်ခုရောက်အောင်လည်းစည်းရုံးသိမ်းသွင်းနိုင်တာ […]