စိတ်ခံစားချက် မြှင့်တင်ပေးနိုင်သော ရိုးရှင်းသည့်နည်းလမ်း

July 31, 2022 thansoe 0

ခံစားချက်မကောင်းသောတစ်နေ့တာကိုသင်ဘယ်လိုဖြတ်သန်းပါသလဲ? ဘဝပြိုင်ပွဲမှာတစ်ဖန်ပြန်လည်ဦးမော့နိုင်စေရန်ဘယ်လိုမျိုးကြိုးစားနေထိုင်ပါသလဲ? ဒီမေးခွန်းအတွက်အကောင်းဆုံးအဖြေကတော့ခက်ခဲနေချိန်မှာကျန်းမာပျော်ရွှင်အောင်နေထိုင်ပြီးမိမိကိုယ်ကိုချစ်မြတ်နိုးဖို့ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်သောပုံစံတစ်ခုဖြစ်လာနိုင်စေရန်အခက်အခဲပြသနာတွေကိုကျော်လွှားနိုင်ဖို့လိုအပ်ပြီးအကောင်းဆုံးနည်းလမ်းကတော့ခံစားချက်အ လှည့်အပြောင်းပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီလိုမျိုးဆောင်ရွက်ခြင်းကသင့်ရဲ့အခက်အခဲပြဿနာတွေကိုပြေလည်အောင်ဖြေရှင်းလိုက်ခြင်းမဟုတ်ဘဲ သင့်ရဲ့ကျဆုံးနေသောစိတ်ဓာတ်တွေကိုပိုမိုကောင်းမွန်စေရန်မြှင့်တင်ပေးလိုက်ခြင်းသာဖြစ်ပါတယ်။ ဘယ်အရာကသူတို့ကိုပျော်ရွှင်စေတယ်ဆိုတာကိုလူတော်တော်များများကသတိမပြုမိကြပါဘူး။ အိမ်မှာဖြစ်စေအလုပ်ခွင်မှာဖြစ်စေသင့်ရဲ့ခံစားချက် ကောင်းမွန်အောင်လုပ်ဆောင်နိုင်သောဆောင်ရွက်ချက်များကိုဖော်ပြပေးသွားမှာဖြစ်လို့ ဆောင်းပါးအဆုံးထိဖတ်ရှုပေးကြရန်လိုအပ်ပါတယ်။ အလုပ်ခွင်မှာ စိတ်အပြောင်းအလဲဖြစ်အောင်ဆောင်ရွက်သင့်သောအရာများ – ရေတစ်ခွက် (သို့မဟုတ်) ကော်ဖီတစ်ခွက် ထသောက်ခြင်း၊ သန့်စင်ခန်းသွားခြင်း – သူငယ်ချင်းဆီသို့ စာရိုက်ပို့ခြင်း သို့မဟုတ် […]

၀န်ထမ်းသစ်တို့၏ လူမှုဆက်ဆံရေးကို စီမံခန့်ခွဲပါ

July 31, 2022 thansoe 0

ဝန်ထမ်းစီမံခန့်ခွဲခြင်းဆိုင်ရာအခြေခံအမှန်တရားများ ၀န်ထမ်းသစ်တို့၏ လူမှုဆက်ဆံရေးကို စီမံခန့်ခွဲပါ စာရေးသူ – ကိုလင်း ကမ်းတက်စစ်သားတိုင်းရက်သတ္တပတ်များစွာအခြေခံစခန်းတွေမှာလေ့ကျင့်ခန်းဝင်ရပြီးသူတို့ရဲ့စွမ်းဆောင်နိုင်ရည်တွေကိုပြသကြရပါတယ်။ တစ်ချိန်တည်းမှာပဲလေ့ကျင့်ရေးဆရာတွေကကမ်းတက်တပ်သားသစ်တွေကိုပုံစံဝင်အောင်ကမ်းတက်တပ်နဲ့ဆိုင်ရာနည်းလမ်းတွေသုံးပြီးလေ့ကျင့်ပေးကြပါ တယ်။ အဲဒီလို Starbucksကော်ဖီဆိုင်မှဝန်ထမ်းသစ်တိုင်းကိုလည်းမိမိဆိုင်ရဲ့တွေးခေါ်မှုပုံစံ၊လူမှုဆက်ဆံရေးပုံစံနဲ့ဆောင်ရန်ရှောင်ရန်တွေကို ၂၄ နာရီကြာသင်တန်းများပေးလေ့ရှိကြပါ တယ်။ အဲဒီလိုကမ်းတက်တပ်များနဲ့ Starbucks ကော်ဖီဆိုင်များဟာမိမိတို့ဆီရောက်လာတဲ့လူသစ်တွေကိုသက်ဆိုင်ရာနည်းလမ်းတွေနဲ့သမားရိုးကျပုံစံ လေ့ ကျင့်ပေးတာဟာလူသစ်တွေကိုမိမိတို့ရဲ့လုပ်ငန်းခွင်ယဉ်ကျေးမှုလူမှုရေး ပုံစံများနဲ့ စတင်မိတ်ဆက်ပေးတဲ့သဘောမျိုးပါ။ ဒီလိုမျိုးဘာလို့လုပ်လေ့ရှိကြပါသလဲ။ လုပ်ငန်းအဖွဲ့အစည်းတစ်ခုဟာဝန်ထမ်းသစ်တွေဘယ်လောက်ကောင်းကောင်းရွေးချယ်စုဆောင်းနိုင်ပါစေ၊ အဲဒီဝန်ထမ်းသစ်တွေဟာလုပ် […]

အသိစိတ်နဲ့ကြိုးစားမယ့်သူကို ရွေးချယ်ပါ

July 30, 2022 thansoe 0

ဝန်ထမ်းစီမံခန့်ခွဲခြင်းဆိုင်ရာ အမှန်တရားများ အသိစိတ်နဲ့ကြိုးစားမယ့်သူကို ရွေးချယ်ပါ စာရေးသူ – ကိုလင်း လူတိုင်းမှာအမူအကျင့်နဲ့စိတ်နေသဘာဝချင်းမတူညီနိုင်ကြပါ။တချို့ ဟာငြိမ်သက်တဲ့သဘောရှိပြီးခိုင်းမှလုပ်တတ်ကြပါတယ်။ တချို့ကတော့တက်ကြွပြီးတချို့ကအေးဆေးညင်သာတဲ့အမူအရာရှိတတ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်လေ့လာသုတေသနပြုထားတဲ့စာတမ်းတွေရဲ့အဆိုကတော့လူပုဂ္ဂိုလ်တွေရဲ့အမူအကျင့်ကိုအဓိက(၅)မျိုးခွဲခြားထားပါတယ်။ (၁) တက်ကြွသူ သင်ဟာတက်တက်ကြွကြွပါဝင်တတ်ပြီးလူမှုရေးကောင်းသူလားသို့မဟုတ်အရှက်အကြောက်ကြီးပြီးတည်ငြိမ်သူလား။ (၂) သဘောတူညီလွယ်သူ သင်ဟာပူးပေါင်းဆောင်ရွက်လိုပြီးသူများကိုယုံကြည်တတ်သူလားသို့မဟုတ်သဘောတူညီရန်ခက်ခဲပြီးအတိုက်အခံလုပ်တတ်သူလား။ (၃) တာဝန်ယူလိုသူ သင်ဟာတာဝန်ခံတတ်ပြီးပူးပေါင်းလုပ်ဆောင်တတ်သူလား သို့မဟုတ်သူများကိုမယုံကြည်ပြီးအဖွဲ့အစည်းကိုစိတ်မဝင်စားသူလား။ (၄) စိတ်တည်ငြိမ်သူ သင်ဟာအေးဆေးတည်ငြိမ်ပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူလားသို့မဟုတ်စိတ်လှုပ်ရှားလွယ်ပြီးစိတ်လုံခြုံမှုမရှိသူလား။ (၅) […]

Manulife Life Insurance Company တွင်လုပ်ကိုင်ရန် အသက်အာမခံကိုယ်စားလှယ်များခေါ်ယူနေပါတယ်

July 30, 2022 thansoe 0

ကနေဒါနိုင်ငံ နိုင်ငံခြားအခြေစိုက် Manulife Life Insurance Company တွင်လုပ်ကိုင်ရန် အသက်အာမခံကိုယ်စားလှယ်များခေါ်ယူနေပါသည်။ 📌 လျှောက်ထားနိုင်သော ရာထူး Insurance Advisor – M/ F (၁၀) ဉီး 📌 JOB REQUIREMENTS ✔️ဘွဲ့ရ၊ Diploma in Marketing […]

Esperado Lake View Hotel တွင်တာဝန်ထမ်းဆောင်ရန်

July 30, 2022 thansoe 0

Esperado Lake View Hotel တွင်တာဝန်ထမ်းဆောင်ရန် 1. HK Public Area Attendant – M/F (2 posts) – အထက်တန်းအဆင့်ရှိသူဖြစ်ရမည်။ – သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ ၁ နှစ်နှင့်အထက်ရှိရမည်။ – လုပ်ငန်းအတွေ့အကြုံမရှိသူများလဲလျှောက်ထားနိုင်သည်။ – သက်ဆိုင်ရာသင်တန်းတက်ထားသူဖြစ်ရမည်။ – […]

သွက်လက်ချက်ချာဉာဏ်ရည်သာသူကိုရွေးချယ်ပါ

July 29, 2022 thansoe 0

ဝန်ထမ်းစီမံခန့်ခွဲခြင်းဆိုင်ရာအခြေခံအမှန်တရားများ သွက်လက်ချက်ချာဉာဏ်ရည်သာသူကိုရွေးချယ်ပါ စာရေးသူ – ကိုလင်း အခုအခါမှာ ဉာဏ်ရည်ဉာဏ်ရည်သွေးအကြောင်းရေးကြ၊ ပြောကြတိုင်းငြင်းခုံဆွေးနွေးစရာအမျိုးမျိုးထွက်ပေါ်လာတတ်ပါတယ်။ IQမေးခွန်းတွေဟာဉာဏ်ရည်ဉာဏ်သွေး အကဲဖြတ်တဲ့အခါမှာအကောင်းဆုံးနည်းလမ်းတွေလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးဟုတ်တယ်လို့လက်ခံထားသူတွေရှိသလို၊ လက်မခံနိုင်တဲ့သူတွေလည်းအများအပြားရှိနေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးဟာမျိုးရိုးလိုက်သလား၊ သင်ကြားလေ့ကျင့်ပေးလို့ရသလား၊ ဉာဏ်ရည်မြင့်သူတွေဟာနိမ့်သူတွေထက်ပိုမိုအောင်မြင်ကြသလား။ ကျွန်တော်တို့တွေ့ကြုံနေရတာကတော့ဉာဏ်ရည်ဉာဏ်သွေးနဲ့ အလုပ်တာဝန်ထမ်းဆောင်မှုဆက်သွယ်ပတ်သက်မှုရှိ၊မရှိဆိုတာပါပဲ။ အထူးသဖြင့်ဉာဏ်ရည်မြင့်သူတွေဟာတခြားလုပ်ဖော်ကိုင်ဖက်တွေထက်ပိုမိုထူးထူးချွန်ချွန် တာဝန်ထမ်းဆောင်နေကြသလားဆိုတဲ့မေးခွန်းမျိုးပေါ့။ ဒီမေးခွန်းကိုဖြေတဲ့ အခါမှာသိပ်ကွဲလွဲမှုမရှိပေမဲ့ဒီလိုအမြင်အပေါ်မှာယုံပြီးပုံအပ်ရင်ကော။ ဒီလိုမျိုးတရားသေကောက်ချက်ချဖို့တိကျမှန်ကန်ပြီးခြေခြေမြစ်မြစ်ရှိတဲ့ အထောက်အထားမျိုးရှာဖွေကြည့်ဖို့လိုအပ်လာပါတယ်။ ဉာဏ်ရည်အကဲဖြတ်မှု၊ ငြင်းခုံမှုတွေအပေါ် တခြားအချက်တွေလည်းထည့်သွင်းစဉ်းစားစရာတွေရှိနေ […]

ထောက်ခံစာတွေကို အယုံမလွယ်ပါနဲ့

July 28, 2022 thansoe 0

ဝန်ထမ်းစီမံခန့်ခွဲခြင်းဆိုင်ရာအခြေခံအမှန်တရားများ ထောက်ခံစာတွေကို အယုံမလွယ်ပါနဲ့ စာရေးသူ – ကိုလင်း ထောက်ခံစာဆိုတာမှာနှစ်ပိုင်းပါဝင်ပြီးယခင်အလုပ်ရှင်တွေကမိတ်ဆွေ များရဲ့ထောက်ခံခြင်းနဲ့ ပုဂ္ဂိုလ်ရေးထောက်ခံစာတွေကိုဆိုလိုပါတယ်။ ဝန်ထမ်း ရွေးချယ်ရာမှာယခင်အလုပ်ရှင်တွေရဲ့ ထောက်ခံချက်ဟာအရေးပါတာမှန်ပေမဲ့မှန်ကန်တဲ့သုံးသပ်ချက်ဖြစ်ဖို့လိုပါတယ်။ ပုဂ္ဂိုလ်ရေးထောက်ခံချက်ဟာလည်းယုံကြည်ဖို့ခက်ပါတယ်။ အနာဂတ်လုပ်ဆောင်ချက်များဟာအတိတ်ကလုပ်ဆောင်ချက်များအပေါ်မူတည်တယ်ဆိုတဲ့အတိုင်းဝန်ထမ်းလောင်းရဲ့ယခင်အလုပ်နဲ့ပတ်သက်တဲ့တိကျသေချာပြီးယုံကြည်လောက်တဲ့အထောက်အထားများဟာလက်ရှိအလုပ်အတွက်ရွေးချယ်တဲ့နေရာမှာတန်ဖိုးရှိပါတယ်။ ဒါပေမဲ့ယခုအခါမှာအလုပ် ရှင်တွေဟာမိမိရဲ့အလုပ်ခွင်အတွင်းရေးအချက်အလက်တွေကိုပြင်ပလူတွေသိမှာအထူးစိုးရိမ်လာကြပါတယ်။ ဒါကြောင့်ဝန်ထမ်းတစ်ဦးရဲ့ရာထူးဌာနနဲ့တာဝန်ထမ်းဆောင်တဲ့ကာလအပေါ်မူတည်ပြီးအရေးပါတဲ့သတင်းအချက်အလက်တွေကိုအကန့်အသတ်နဲ့သာအသိပေးပါတယ်။ အထူးသဖြင့်အမေရိကန်ပြည်ထောင်စုမှာတရားရုံးများကအလုပ်ရှင်တွေကိုမှန်ကန်တဲ့သတင်းအချက်အလက်တွေထုတ်ပြန်ပေးဖို့တောင်းဆိုတတ်ကြပါတယ်။ ဒါကြောင့်တရားစွဲဆိုခံရမှုမှကင်းဝေးစေဖို့ အလုပ်ရှင်များဟာမိမိတို့ရဲ့ဝန်ထမ်းဟောင်းများကိုအလုပ်နောက်ခံအကြောင်းအတတ်နိုင်ဆုံးအနည်းငယ်အကျဉ်းသာအသိပေးလေ့ရှိကြတာပါ။ ဒီလိုနဲ့ပဲယခင်အလုပ်မှာဘယ်လိုအလုပ်သဘောတာဝန်တွေထမ်းဆောင်ခဲ့ရကြောင်းသိနိုင်ဖို့အခွင့်အလမ်းနည်းသွားရပါတယ်။ ယခင်အလုပ်ရှင်ရဲ့ဝန်ထမ်းဟောင်းအပေါ် သုံးသပ်ချက်တွေမှာလည်းအလုပ်နဲ့ပတ်သက်တဲ့အချက်အလက်တွေဟာပိုမိုနည်းပါးသွားပါတယ်။ ရတဲ့အချက်အလက်တွေဟာလည်းအကောင်းတွေချည်းဖြစ်နေတော့နောက်အလုပ်ရှင်အတွက်ဝန်ထမ်းသစ်ရွေးချယ်ရာမှာပိုပြီးခက်ခဲသွားတာပေါ့။ ယခင်အလုပ်ရှင်တွေနဲ့ဆက်သွယ်ပြီးသူ့ထံမှယခင်အလုပ်မှာအားသာချက်၊ […]

ဘိုဆန်း ( PVC ) ပိုက်စက်ရုံ မှ Supervisor ရာထူးအတွက်အလုပ်ခေါ်နေပါတယ်

July 28, 2022 thansoe 0

၁။ Production Supervisor M ( 2 ) ဦး – တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူဖြစ်ရမည်။ – အသက်(၂၅ )နှစ် မှ (၄၀) နှစ်အတွင်းဖြစ်ရမည်။ – Management အတွေ့အကြုံရှိသူဖြစ်ရမည်။ – Injection အတွေ့အကြုံရှိသူဦးစားပေးမည်။ – နေ့ဆိုင်း / […]

ဝန်ဆောင်မူအတတ်ပညာ (အပိုင်း၂)

July 27, 2022 thansoe 0

Art of Customer Service (အပိုင်း….၂) စာရေးသူ -လိူင်ထွေး ဒီနေ့ဆက်လက်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့..ဝန်ဆောင်မှုကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ထားရှိရမည့် အပြုအမူကောင်းများ (Behaviors) အကြောင်းဖြစ်ပါတယ်။အပြုအမူ(Behaviors)ကောင်းများဆိုတဲ့အထဲမှာ ဘာတွေပါဝင်နေပါသလဲ? -ပထမအမြင်(First Impression) -ယဥ်ကျေးသည့်လေယူလေသွေး(Voice Quality) -မျက်နှာဟန်ပန်(Facial Expression) -စကားလုံးရွေးချယ်မှု(Words) -ကိုယ်ဟန်အမူအယာ(Body Language)စတာတွေပါဝင်နေပါတယ်။ ၁။ပထမအမြင်(First Impression) First […]

၀န်ထမ်းကောင်းကို ဗီဇထဲမှာရှာဖွေပါ

July 27, 2022 thansoe 0

ဝန်ထမ်းစီမံခန့်ခွဲခြင်း၏အခြေခံအမှန်တရားများ ၀န်ထမ်းကောင်းကို ဗီဇထဲမှာရှာဖွေပါ စာရေးသူ –  ကိုလင်း Southwest Airlines မှယခင်အမှုဆောင်အရာရှိHerb Kelleher ဆိုသူဟာမန်နေဂျာတော်တော်များများဂရုမစိုက်တဲ့တစ်ချက်ကိုသတိထားမိသူပါ။ လူတချို့ဟာမွေးရာပါဗီဇအရပိုမိုခင်မင်စဖွယ်ကောင်းပြီးတခြားသူများထက်ပိုမိုအောင်မြင်မှုတွေရတတ်ကြပါတယ်။Kelleherကလူတစ်ယောက်ကိုပိုမိုနှစ်လိုဖွယ်ကောင်းအောင်ဒါမှမဟုတ်ယဉ်ကျေးရည်မွန်သူတစ်ဦးဖြစ်လာအောင်လေ့ကျင့်ပေးဖို့ကိစ္စဟာလွယ်မယောင်နဲ့ခက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့Southwest Airlinesရဲ့ ဝန်ထမ်းသစ်ရွေးချယ်ရေးမူမှာစိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုမရှိသူတွေနဲ့မကြာခင်အလုပ်ကထွက်ဖွယ်ရှိသူတွေကိုမရွေးချယ်မိဖို့အထူးသတိထားပါတယ်။ လေယာဉ်မောင်/မယ်များ၊ အရောင်းစာရေးများ၊ အရောင်းမြှင့်တင်ရေးဝန်ထမ်းများနဲ့ခရီးသည်ဝန်ဆောင်မှုပေးရတဲ့ဝန်ထမ်းရာထူးအားလုံးဟာ တက်ကြွတဲ့ဥပဓိရုပ်ရှိသူများနဲ့ ပိုမိုသင့်တော်တာအမှန်ပါပဲ။ မန်နေဂျာတွေဟာဒီလိုရာထူးတာဝန်တွေအတွက်ဝန်ထမ်းခန့်ထားရာမှာနှစ်လိုဖော်ရွေသူများဖြစ်အောင်လေ့ကျင့်ပျိုးထောင်ပေးရင် ဖြစ်နိုင်တယ်လို့ထင်မြင်ယူဆနေကြပါ တယ်။ ဒါကြောင့်မို့တချို့မန်နေဂျာတွေဟာဝန်ထမ်းများကို […]