
သင့်ဇနီးကို တောင်းပန်ဖို့ နည်းလမ်း (၃)ခု
သင်ကအိမ်ထောင်ရှိသူတစ်ယောက်ဆိုရင် သင်မိန်းမနဲ့ရန်ဖြစ်ဖူးသလားလို့မေးချင်ပါတယ်။ လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့ မြန်မာစကားပုံရှိပါတယ်။ အဲဒီစကားပုံအတိုင်း တစ်ခါတလေ လျှာနဲ့သွားက အခန့်မသင့်ရင်ကိုက်မိတတ်ပါတယ်။ ဒီအတိုင်း ရန်ဖြစ်ရတဲ့ အခိုက်အတန့်တွေရှိနိုင်ပါတယ်။ အဲဒီအခါ ကိုယ့်ဇနီးသည်ကို ဘယ်လိုချော့ရမလဲ၊ ဘယ်လိုတောင်းပန်ရမလဲမသိဖြစ်နေတာမျိုးရှိနိုင်ပါတယ်။ ဒီနည်းလမ်းတွေကတော့ သင့်ဇနီးကို ချော့ဖို့နည်းလမ်းကောင်းတွေပါပဲ။ အမှားကိုလက်ခံပါ ဟာသတစ်ခုရှိပါတယ်။ အသက်ရှည်ရှည်နေချင်ရင် မိန်းမသာအမြဲမှန်တယ်ဆိုတဲ အယူအဆကို […]